နျူလက်နက်တွေ အသင့်ပြင်ထားဖို့ မြောက်ကိုရီးယား ခေါင်းဆောင်အမိန်ပေး
This article has been converted from Zawgyi One to Unicode
မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းက နျူကလီးယား လက်နက်တွေကို လိုအပ်ရင် အချိန်မရွေး အသုံးပြုနိုင်အောင် အသင့်ပြင်ထားဖို့ အမိန်ပေးလိုက်တယ်လို့ Reuters သတင်းကဆိုပါတယ်။ ဘက်စုံသုံး ဒုံးပစ် လောင်ချာ အသစ်စမ်းသပ်ပစ်ခတ်တဲ့ အခမ်းအနားမှာ ခေါင်းဆောင် ကင်ဂျုံအန်းက တောင်ကိုရီးယားရဲ့ အဓိက စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်နိုင်ဖို့ ချက်ခြင်း တပ်ဖြန့်ချထားနိုင်တဲ့ စနစ်တခုချထားဖို့လည်း တိုက်တွန်းလိုက် ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက ပြုလုပ်ခဲ့တဲ့ မြောက်ကိုရီးယားရဲ့ နျူကလီးယားစမ်းသပ်မှုနဲ့ တာဝေးပစ်ဒုံးပျံပစ် လွှတ်မှုတွေကြောင့် ပိတ်ဆို့မှု အသစ်တွေပြုလုပ်ဖို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ကမဲခွဲပြီး တခဲနက် ထောက်ခံဆုံးဖြတ် ခဲ့သလို၊ အမေရိကန်နဲ့ သီးခြားအရေးယူမှု အသစ်တွေပြုလုပ်တဲ့အနေနဲ့ မြောက်ကိုရီးယား အနုမြူစွမ်းအင် ဝန်ကြီးဌာန၊ အမျိုးသားကာကွယ်ရေး ကော်မရှင်အပါအဝင် အဖွဲ့အစည်း ၁၂ခု လူ ၅ဦးကို အရေးယူဒဏ်ခတ်မှု ထဲထည့်သွင်းခဲ့ပါတယ်။
အဲဒီနောက်မှာတော့ မြောက်ကိုရီးယား ချက်ခြင်းဆိုသလို တာတိုပစ် ဒုံးပျံ တွေကို ဂျပန်ပင်လယ်လို့ လူသိများ တဲ့ အရှေ့ပင်လယ်ထဲသို့ အတွဲလိုက်ပစ်ကာ လက်တုံ့ပြန်ပြလိုက်ပါတယ်။