
မြောက်ကိုရီးယားက စစ်ရေးအရ ကျူးကျော်တိုက်ခိုက်လာပါက ပြင်းပြင်းထန်ထန်တုံ့ပြန်မယ် လို့ တောင်ကိုရီး ယားသမ္မတ ပတ်ဂွန်ဟီးက ပြောလိုက်တယ်လို့ AFP သတင်းကဆို ပါတယ်။ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းက သူ့တပ်ဖွဲ့တွေအနေနဲ့ နျူကလီးယား လက်နက်များအသင့်ပြင်ထားဖို့ ပြောဆို အပြီး တောင်ကိုရီး ယားဘက်က ထိုသို့ တုန့်ပြန်လိုက်ခြင်းဖြစ်ပါတယ်။
“တကယ်လို့ မြောက်ကိုရီးယားကသာ စတင်ကျူးကျော်လာပါက၊ ကျမတို့အားလုံး ပြင်းပြင်း ထန်ထန် တုံ့ပြန်ရမယ်”လို့ တောင်ကိုရီးယားစစ်ဖက်အရာရှိကြိးများ တွေ့ဆုံရာမှာ ပြောဆိုလိုက် တယ် ဖော်ပြထားပါတယ်။
ကုလသမဂ္ဂရဲ့ မြောက်ကိုရီးယားအပေါ် ပိတ်ဆို့မှုဆုံးဖြတ်ချက် ထွက်ပေါ်လာ အပြီး မြောက်ကိုရီးယားက တာတိုပစ် ဒုံးပျံတွေကို ဂျပန်ပင်လယ်ထဲအတွဲလိုက်ပစ်ပြခဲ့ သလို တောင်ကိုရီးယား စစ်စခန်းတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်ဖို့ နျူကလီးယားလက်နက်တွေကို အသင်ပြင်ထားရန် ပြောဆိုလိုက်ပါတယ်။
တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟီးကတော့ ဒီလက်နက်တွေဟာမြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်း အတွက်တော့ အာဏာကို ဆက်လက်ထိန်းသိမ်းရေးအတွက် အရေးပါတဲ့ လက်နက်တွေဖြစ်တာကြောင့် ပြုံယမ်းရဲ့ မဆင်မခြင်လုပ်နေတဲ့ နျူကလီးယား အစီစဉ်ကနေ လွတ်မြောက်ဖို့ လုပ်မယ်လို့ ထပ်လောင်း ပြောပါတယ်။