ကမ္ဘာမှာ ဗီယင်နာဟာ နေလို့အကောင်းဆုံးမြို့
This article has been converted from Zawgyi One to Unicode
ဥရောပတိုက်မှာရှိတဲ့ သြစထြီးယားနိုင်ငံ ဗီယင်နာမြို့တော်ဟာ ကမ္ဘာမှာ နေထိုင်ဖို့ အကောင်းဆုံးမြို့ဖြစ် တယ်လို့ ၂၀၁၆ မှာ ထုတ်ဝေတဲ့ အမေရိကန်နိုင်ငံ နယူးယောက်မြို့ Mercer ကုမ္ပဏီရဲ့ ထုတ်ပြန် ချက်မှာ ပါရှိခဲ့ပါတယ်။
ဘာလို့ ကမ္ဘာမှာနေထိုင်လို့ အကောင်းဆုံးမြို့တော်လို့ သတ်မှတ်သလဲ၊ ဘယ်လိုပေတံနဲ့ တိုင်းသလဲ ဆိုတာ ကိုတော့ Mercer အဖွဲ့က ရှင်းပြထားပါတယ်။
အဲဒီမြို့တော်မှာ ရှိတဲ့ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ ပတ်ဝန်းကျင် ရာသီဥတုနဲ့ လေထု ညစ်ညမ်းမှု ထိန်းသိမ်းရေး၊ အိုးအိမ်စီမံကိန်းတွေကို ထည့်သွင်းတွက်ချက်ပြီးမှ အမှတ်ပေးတာ ဖြစ်ပါ တယ်။
ဒီလိုထိပ်တန်းနေရာကို ရဖို့နေရာမှာ Mercer အဖွဲ့က ထည့်သွင်းစဉ်းစားတဲ့ နေရာမှာ တိုင်းပြည်ရဲ့ နိုင်ငံရေး အခြေအနေ မီဒီယာတွေရဲ့ လွတ်လပ်မှုအပြင် ရာသီဥတု အခြေအနေ၊ ဆေးရုံနဲ့ ကျန်းမာရေး ထောက်ပံ့မှုတွေရဲ့ အဆင့်အတန်း၊ ပညာရေးနဲ့ မြို့တော်တွင်း အများသုံး သယ်ယူပို့ဆောင်ရေးစနစ်တွေကိုပါ ထည့်သွင်းတွက်ချက်တာ ဖြစ်ပါတယ်။
ဗီယင်နာမြို့ရဲ့ ထူးခြားပြီး အသိအမှတ် ပြုခံရတဲ့ မြူနီစပယ်ပေါ်လစီကတော့ အရည်အသွေးပြည့်မီပြီး ဈေးနှုန်းချိုသာတဲ့ လူနေအိုးအိမ် စနစ်ကို နှစ်ပေါင်းများစွာကတည်းက ဖန်တီးပေးခဲ့ခြင်းပဲ ဖြစ်ပါတယ်။
ဒါကြောင့် မြို့လယ်ခေါင်နဲ့ မနီးမဝေးမှာ ရှိတဲ့သူတဦးဟာ တလကို ဒေါ်လာ ၈၀၀ တန် (မြန်မာငွေ ၁၀ သိန်း) ဝန်းကျင် အခန်းကောင်းကောင်းကို ငှားပြီးနေနိုင်သလို လုံခြုံမှု၊ စိတ်ချမ်းသာမှု၊ ရာသီဥတု မျှတမှု၊ ပတ်ဝန်းကျင် သာယာမှု စတဲ့ Quality of Life လို့ခေါ်တဲ့ ဘဝမှာ ရှိသင့်တဲ့ နေထိုင်အပ်တဲ့ အရည်အသွေးစံတွေ နဲ့ နေထိုင်နိုင်တာ ဖြစ်ပါတယ်။
နယူးယောက် အခြေစိုက် Mercer အဖွဲ့ရဲ့ စာမေးပွဲ စစ်တဲ့အထဲမှာ လန်ဒန်၊ ပါရီ စတဲ့ မြို့တော်ကြီးတွေဟာ နံပါတ် ၃၀ ကျော်မှာပဲ ချိတ်ပါတယ်။ အမေရိကန်ထဲမှာတော့ ဆန်ဖရန်စစ္စကိုက ထိပ်ကလိုက်လာတာ တွေ့ရပါတယ်။