သတင်းတို

မြောက်ကိုရီးယားသင်္ဘော ဖိလစ်ပိုင်အာဏာပိုင်တို့ ဖမ်းဆီးထိန်းသိမ်း

This article has been converted from Zawgyi One to Unicode

မြောက်ကိုရီးယားသင်္ဘော ဖိလစ်ပိုင်အာဏာပိုင်တို့ ဖမ်းဆီးထိန်းသိမ်း

ကုလသမဂ္ဂ၏ မြောက်ကိုရီးယားအပေါ် အသစ်ချမှတ်သည့် ပိတ်ဆို့အရေးယူမှုကို လိုက်နာသည့် အနေဖြင့် ဖိလစ်ပိုင်နိုင်ငံ မနီလာဆိပ်ကမ်း၌ ဆိုက်ကပ်ထားသည့် တန်ချိန် ၆၈၃၀ရှိ မြောက်ကိုရီးယား ကုန်တင် သင်္ဘော Jin Teng ကို့် ဖိလစ်ပိုင်အာဏာပိုင်တို့က ထွက်ခွာမပေးပဲ ထိန်းသိမ်းလိုက်ကြောင်း AFP သတင်းကဆိုသည်။
အဆိုပါသင်္ဘော Jin Teng မှာ ဖိလစ်ပိုင်ဆိပ်ကမ်းတွင် သုံးရက်တာဆိုက်ကပ်ထားခြင်းဖြစ်ပြီး ယခုအခါ သင်္ဘောသားများကို နိုင်ငံမှထွက်ခွာခွင့်ပြုထားကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ မာနိုလို ကွီးဇုန်က အစိုးရပိုင် ရေဒီယို Radyo ng Bayan မှ ပြောဆိုခဲ့သည်။

ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက ပြုလုပ်ခဲ့တဲ့ မြောက်ကိုရီးယားရဲ့ နျူကလီးယားစမ်းသပ်မှုနဲ့ တာဝေးပစ်ဒုံးပျံပစ် လွှတ်မှုတွေကြောင့် ပိတ်ဆို့မှု အသစ်တွေပြုလုပ်ဖို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ကမဲခွဲပြီး တခဲနက် ထောက်ခံဆုံးဖြတ် ခဲ့သလို၊ အမေရိကန်နဲ့ သီးခြားအရေးယူမှု အသစ်တွေပြုလုပ်တဲ့အနေနဲ့ မြောက်ကိုရီးယား အနုမြူစွမ်းအင် ဝန်ကြီးဌာန၊ အမျိုးသားကာကွယ်ရေး ကော်မရှင်အပါအဝင် အဖွဲ့အစည်း ၁၂ခု လူ ၅ဦးကို အရေးယူဒဏ်ခတ်မှု ထဲထည့်သွင်းခဲ့ပါတယ်

Loading