အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) က တင်မြှောက်ခွင့်ရရှိမည့် ဒုသမ္မတ ၁ နေရာ သို့မဟုတ် အစိုးရ အဖွဲ့တွင် ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD) ကို ကမ်းလှမ်းထားကြောင်း SNLD အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ဧရာဝတီ သို့ပြောသည်။
ဇန်နဝါရီလကတည်းက NLD က SNLD ကို ကမ်းလှမ်းထားခြင်းဖြစ်ကြောင်း၊ SNLD သည် ၁၉၉၀ ပြည့် ရွေးကောက်ပွဲ အနိုင်ရရှိထားသော တိုင်းရင်းသားပါတီ ၁ ခုဖြစ်ပြီး စစ်အစိုးရလက်ထက်တွင် NLD နှင့် မဟာမိတ်အဖြစ် တလေ ျှာက် လုံး ရပ်တည်ခဲ့သော တိုင်းရင်းသား မဟာမိတ်ပါတီဖြစ်ကြောင်း သိရှိရသည်။
လတ်တလော အနေအထားအရ SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၏ သမီး ၁ ဦးသည် သြစတြေးလျနိုင်ငံသားခံယူထား သည့် အတွက် ဦးခွန်ထွန်းဦးသည် ပုဒ်မ ၅၉ (စ) နှင့် ငြိစွန်းနေသည့်အတွက် SNLD အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွှန့် လွင် ဒုတိယသမ္မတ ဖြစ်နိုင်သည်ဆိုသော သတင်းများကိုမူ ဦးစိုင်းညွှန့်လွင်က အတည်ပြု ခြင်းမပြုပေ။
“ကျနော်တို့ကို တယောက်တာ့ ကမ်းလှမ်းတာရှိတယ်။ ဒုသမ္မတလား ဘာလားတော့ မသိဘူး။ နောက်၂ရက် ၃ရက် တော့သိမှာပဲ။ ကျနော်တို့ ကို ကမ်းလှမ်းတာ ကြာပါပြီ။၂လ လောက်ရှိပြီ။ သမ္မတနဲ့ အတူလုပ်နိုင်ကိုင်နိုင် ဖြစ်မယ်သူ ဖြစ် ရ မယ်။ ဒါပေမယ့် တိုင်းရင်းသား ထဲက ဖြစ်ရင်ပိုကောင်းတာပေါ့။ တိုင်းရင်းသား ကိုမရွေးဘဲ တခြား ကို ရွေးချယ် လိုက်ရင် တော့ ကျန်တဲ့သူအနေနဲ့တော့မသိဘူး။ ကျနော်တို့ကတော့ ဘာမှ မဖြစ်ပါဘူး။ ကျနော်တို့ကို ပေးပါလို့ ကျနော်တို့ မ တောင်း ဆိုပါဘူး။ ဒါပေမယ့် တာဝန်ကျလာရင်တော့ မငြင်းသင့်ဘူး။ အခုလာမယ့် အစိုးရအဖွဲ့က လာဘ်စားမှု နည်း တဲ့သူ ဖြစ်ရမယ်” ဟု ဦးစိုင်းညွှန့်လွင်က က ပြောသည်။
၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှ တင်သွင်းမည့် သမ္မတ အမည်စာရင်းကို လတ်တလော ထုတ်ဖော်ပြောကြားနိုင်ခြင်း မရှိသေးဘဲ လာမည့် မတ်လ ၁၀ ရက် ပြည်ထောင်စုလွှတ်တော်၌ အမည်စာရင်း တင်သွင်းမှသာ အတိအကျ ထုတ်ပြန်မည်ဟု NLD က တရားဝင်ပြောဆိုထားသည်။
NLD သည် ရခိုင်အမျိုးသားပါတီမှ ဦးအေးသာအောင်ကို အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ အဖြစ် တင်မြှောက်ခဲ့ပြီး ကြံ့ခိုင်ရေးပါတီမှ ဦးတီခွန်မြတ်ကိုလည်း ပြည်သူ့ လွှတ်တော် ဒုတိယဥက္ကဋ္ဌ အဖြစ် တင်မြှောက်ခဲ့ခြင်းဖြင့် အခြားနိုင်ငံရေး ပါတီများမှ တိုင်းရင်းသား များကို ဥပဒေပြု လွှတ်တော်တွင် ထည့်သွင်းနေရာပေးထားသည်။