သတင်း

ရေပြဿနာကြောင့် ရန်ကုန်မြို့ရှိ တရားစခန်းတချို့ လူဦးရေ လျှော့ချ

This article has been converted from Zawgyi One to Unicode

အယ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် ရေရှားပါးခြင်း၊ မြေအောက်ရေ ခမ်းခြောက်ခြင်းများ တွေ့ကြုံခံစားနေရသဖြင့် သင်္ကြန်ရက်ရှည် ဖွင့် လှစ်မည့် တရားစခန်းတချို့တွင် တရားစခန်းဝင်မည့် လူဦးရေကို လျှော့ချထားရကြောင်း ရန်ကုန်မြို့ရှိ တရားစခန်းများက ပြောသည်။

အယ်နီညိုကာလ သတိပေးချက်ကြောင့် လူဦးရေ ရာနှင့်ချီ၍ လက်ခံပေးနေသည့် တရားစခန်းကြီးများတွင် ရေလုံလောက်စွာ ရရှိရေး သည် အဓိကပြဿနာ ဖြစ်နေပြီး တရားစခန်းဖွင့်သည့်ကာလ မရောက်မီတွင်ပင် ရေပုံမှန်ရရှိရန် အခက်အခဲများ ရှိနေကြောင်း သိရ သည်။

ရန်ကုန်မြို့ ၉ မိုင်ရှိ မဟာစည် သာသနာ့ ရိပ်သာသည် သင်္ကြန်ကာလအတွင်း နှစ်စဉ် တရားစခန်း ဝင်သူဦးရေကို ၆၀၀ ခန့်အထိ လက်ခံ ပေးခဲ့သော်လည်း ယခုနှစ်တွင် ရေအခက်အခဲကြောင့် ၄၀၀ ခန့်သာ လက်ခံပေးနိုင်မည်ဖြစ်ကြောင်း ယင်းရိပ်သာမှ တာဝန်ခံ ဒေါ်ဗာဂျီး နီးယားက ပြောသည်။

တာဝန်ခံ ဒေါ်ဗာဂျီးနီးယားက“အပူချိန်က တိုးဦးမယ်ဆိုတော့ ဒီလိုချိန်မျိုး ယောဂီတွေ အများကြီးကို တာဝန်ယူရတာ ရေအခက်ခဲက ရှိတယ်။  အခုချိန်မှာတောင် ရေက မလာဘူး။ အခု ၄၀၀ လောက်ပဲ လက်ခံမယ်။ ဒါက လျှော့ထားတာ။ ယောဂီအသစ်တွေကိုပဲ ဦးစားပေးထားတယ်”ဟု ပြောသည်။

ရန်ကုန်မြို့တွင်း ရေအခက်အခဲ ဖြစ်နိုင်သည့် နေရာများတွင် ဖွင့်လှစ်ထားသည့် တရားစခန်း အများစုသည် ရိပ်သာအတွင်းရှိ အဝီစိတွင်း များကိုသာ အားထားနေရပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ(YCDC)မှပေးသည့် ရေလိုင်းမှ ရေယူရန်မှာ ငွေကြေး ကုန် ကျစရိတ် ပိုလာနိုင်သောကြောင့် YCDC ရေကို မယူကြကြောင်း သင်္ဃန်းကျွန်းမြို့နယ်ရှိ သဲအင်းဂူရိပ်သာမှ အတွင်းရေးမှူး ဦးဆန်း အောင်က ပြောသည်။

“ရေကတော့ အခက်အခဲ ရှိတာပေါ့။ ဒါပေမယ့် ရိပ်သာတွင်းမှာ ရှိတဲ့ ကန်နှစ်ကန်နဲ့ပဲ လုံလောက်မယ် ထင်ပါတယ်။ လူဦးရေကိုလည်း မလျှော့ချင်ပါဘူး။ စည်ပင်ရေကို ယူရင် ပိုက်ဆံလည်း မတတ်နိုင်ဘူး။ စည်ပင်ဆိုတာ ဘာမှ မပေးဘဲနဲ့ အလကား ရတာမရှိဘူး”ဟု ဦးဆန်းအောင်က ပြောသည်။

YCDC ကလည်း အယ်နီညိုဖြစ်စဉ်အတွင်း ရန်ကုန်မြို့တွင် ရေပြတ်လပ်မှု မရှိနိုင်ဘဲ ရေအလုံအလောက် သိုလှောင်ထားရှိသည့်အတွက် ရေအခက်အခဲဖြစ်သည့် နေရာများက အကူအညီ တောင်းခံနိုင်ကြောင်း၊ ထို့ပြင် ရေအခက်အခဲနှင့် ပတ်သက်၍ မီးသတ်ဦးစီးဌာနသို့ အကူအညီ တောင်းနိုင်သည်ဟု ဆိုသော်လည်း လက်တွေ့တွင် အဆင်မပြေဟု သိရသည်။

မဟာစည် ရိပ်သာမှ ဒေါ်ဗာဂျီးနီးယားက“ရေမလောက်လို့ မီးသတ်က အကူအညီပေးပေမယ့်လည်း တလကြိုတင် စာပို့ရတယ်။ ပိုက်ဆံ တော့ မပေးရဘူး။ စည်ပင်ကတော့ ဝယ်ရမှာ။ မီးသတ်က ရေကလည်း ဘယ်ကန်တွေက ယူလဲမသိဘူး ညစ်ပတ်နေတာရယ်ကြောင့် သုံးမရဘူး။ ပြီးခဲ့တဲ့ သုံးနှစ်လောက်ကလည်း ဒီလို ဖြစ်ခဲ့ဘူးတယ်။ စည်ပင်က ရေထပ်ဖြည့်ပေးတာတော့ မရှိဘူး။ ရေမလာရင် ဖုန်းဆက် တော့ လာမယ်ဆိုပြီး မလာတော့ဘူး”ဟု ပြောသည်။

အယ်နီညို ဖြစ်စဉ်အတွင်း YCDC မှ ရေအခက်အခဲရှိနိုင်သည့် နေရာများမှ ဆက်သွယ်ပါက ရေအခက်အခဲ မဖြစ်စေရန် ဖြေရှင်း ပေးမည်ဟု ဆိုသော်လည်း ရန်ကုန်မြို့တွင်းရှိ အများစုသော ရိပ်သာများမှာ ယုံကြည်မှု အားနည်းနေသည်။

YCDC က ယခု သင်္ကြန်ကာလတွင် ရေကစားနိုင်ရန်အတွက် ရေကို လျှော့ချပေးသွားရန်လည်း အစီအစဉ် မရှိကြောင်း ဧရာဝတီသို့ ပြောဆိုထားပြီး ပြီးခဲ့သည့် သင်္ကြန်ကာလတွင် အသုံးပြုခဲ့သောရေ ပမာဏသည် ဂါလံသန်းပေါင်း ၁၄၅ သန်း ရှိခဲ့သည်ဟု သိရသည်။

Loading