အမေရိကန်နှင့် တောင်ကိုရီးယားတို့ရဲ့ ပုံမှန်ပြုလုပ်တဲ့ အကြီးမားဆုံး စစ်ရေးလေ့ကျင့် မှုတရပ်ကို မနေ့က စတင် လိုက်ပြီဖြစ်ပါတယ်၊ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုအပေါ် တန်ပြန်ဖို့ ရည်ရွယ်တဲ့ စစ်ရေးလေ့ကျင့်မှုကို မတ်လ ၇ရက်နေ့ကစ၍ ဧပြီလ အထိ ပြုလုပ်မှာဖြစ်ပါတယ်။ စစ်ရေးလေ့ကျင်မှုမှာ အမေရိကန်တပ်သား ၁သောင်း ၇ထောင်နဲ့ ကိုရီးယားတပ်သား ၃သိန်း ပါဝင်မှာဖြစ်သလို မတ်လ ၇ရက်နေ ၁၈ ရက်နေ့အထိ အမိန့်ပေးမှု လေ့ကျင်ခန်းနဲ နောက်ပိုင်းမှာတော့ စစ်ရေးလေ့ကျင့်မှုဆိုပြီး ၂ပိုင်းခွဲခြားပြုလုပ်မှာဖြစ်ပါတယ်။
ဒီစစ်ရေးလေ့ကျင့်မှုဟာ မြောက်ကိုရီးယားရဲ့ ဟိုက်ဒရိုဂျင်ဗုံးဖောက်ခွဲမှုနဲ့ တာဝေးပစ်ဒုံးပျံပစ်လွှတ်မှုအပေါ် ကုလသမဂ္ဂရဲ့ အရေးယူပိတ်ဆို့မှု ချမှတ်အပြီးမှာ ပေါ်ပေါက်လာတာ ဖြစ်ပြီး၊ တောင်ကိုရီးယား သမ္မတ ပတ်ဂွန်ဟီးကလည်း နိုင်ငံရဲ့လုံခြုံရေးအတွက် သူ့ရဲ့ ကိုရီးယား ပြည်သူတွေ ယုံကြည်မှုရှိစေဖို့ စစ်ရေး တိုးမြှင့်ဆောင်ရွက်ဖို့ ပြောဆိုခဲ့ပါတယ်။
၂၀၀၈ခုနှစ်ကတည်းက စတင်ခဲ့တဲ့ စစ်ရေးလေ့ကျင့်မှုများမှာ ယခုနှစ်မှာ ပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်မှုအရေ အတွက်က အများဆုံးဖြစ်ပြီး စစ်ရေးလေ့ကျင့်မှုအတွင်း အမေရိကန်အနေနဲ့ B-2 အမျိုးအစား စတဲလ်ဗုံးကြဲလေယာဉ်များ၊ နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောများဖြစ်သည့် USS North Carolina နဲ့ နျူကလီးယား စွမ်းအင်သုံး လေယာဉ်တင် သင်္ဘော USS John C. Stennis တိုကို့ ချထားမှာဖြစ်ပါတယ်။