
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ(NLD)၏ မူဝါဒများ၊ အသွင်ကူးပြောင်းရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်အဖြစ် ဥက္ကဋ္ဌ ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် တဦးတည်း တာဝန်ယူခဲ့ရာမှ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်မြင့်မောင်ကို ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ပေးလိုက်ကြောင်း NLD ပါတီက ထုတ်ပြန်လိုက်သည်။
ဒေါက်တာ ဇော်မြင့်မောင်သည့် မန္တလေးတိုင်း ဝန်ကြီးချုပ်အဖြစ် မီဒီယာများတွင် ရေပန်းစားနေသူ တဦးလည်း ဖြစ်သည်။