သတင်းတို

လက်ပံတန်း ကျောက်သားသပိတ် ဖြိုခွင်းခံရမှု တနှစ်ပြည့် အခမ်းအနားကျင်းပမည်

This article has been converted from Zawgyi One to Unicode

လက်ပံတန်းကျောင်းသားသပိတ်
လက်ပံတန်းကျောင်းသားသပိတ်

အစိုးရက အမျိုးသားပညာရေးဥပဒေပြင်ဆင်ရန် ဆန္ဒပြခဲ့ကြသည့် ကျောင်းသားများကို ပဲခူးတိုင်း၊ လက်ပံတန်း မြို့ အနီးတွင် ၂၀၁၅ ခုနှစ် မတ်လ ၁၀ ရက်နေ့က အကြမ်းဖက်ဖြိုခွင်းခဲ့မှု၏ ၁ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကျောင်း သား များ၏ သဘောထားဆန္ဒကို ဖော်ပြသည့် လှုပ်ရှားမှု တခုကို လုပ်ဆောင်သွားရန် ရှိကြောင်း သတင်း ရရှိသည်။

“ ကျနော်တို့ တနှစ်ပြည့် အထိမ်းအမှတ်နေ့က ၁၀ ရက်နေ့ ကျရောက်တယ်။ ကျနော်တို့ ဖမ်းဆီးခံနေရသူ တွေက တော့ လှုပ်ရှားမှု မလုပ်နိုင်ဘူးပေါ့။ ဒါနဲ့ ပတ်သက်ပြီးတော့ရော လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ပြန် လည် သုံးသပ်ပြီး လာမယ့် ရုံးချိန်းမှာ လှုပ်ရှားမှု တခု လုပ်ဖို့ စီစဉ်မယ်။ အဲဒီနေ့မှာလည်း ကျနော်တို့ သဘော ထား ကြေညာချက် ထွက်ဖို့ ရှိပါတယ်” ဟု ယနေ့ သာယာဝတီတရားရုံးတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်း သား များ သမဂ္ဂအဖွဲ့ချုပ်မှ ကိုမင်းသွေးသစ်က ပြောသည်။

ယနေ့ သာယာဝတီ မြို့နယ်တရားရုံးထုတ်တွင် ကျောင်းသား ခေါင်းဆောင် ကိုကျော်ကျော်ကို၊ ကိုမင်းသွေးသစ်၊ ကိုနန္ဒာစစ်အောင် အပါအဝင် ဖမ်းဆီးခံ ဗကသ ကျောင်းသားများက လာရောက်သတင်းယူသည့် မီဒီယာများကို ၎င်းတို့၏ သဘောထားနှစ်ရပ်ကို ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

“ကျနော်တို့ ဒီနေ့ လုပ်ရတဲ့ ရှင်းလင်းချက်ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ဒီမိုကရေစီ ပညာရေး တရပ် ပေါ် ပေါက် လာဖို့ လေးပွင့်ဆိုင် ဆွေးနွေးပွဲက ရရှိထားတဲ့ ကတိကဝတ်တွေကို ပြန်လည်သုံးသပ်ပြီး ဆက်လက် အကောင် အထည်ဖော်ဖို့နဲ့ နောက်တချက်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒီမိုကရေစီစံချိန် စံညွှန်းနဲ့ အညီ ဖက်ဒရယ် ပြည်ထောင်စု အကောင်အထည်ဖော်နိုင်မယ့် ဖွဲ့စည်းပုံ အခြေခံတဲ့ ဥပဒေအဖြစ် ပြောင်းလဲ ပြင်ဆင် ပေးဖို့ ဆိုတဲ့ အချက်ကို အဓိက တောင်းဆိုတာပါ” ဟု ကျောင်းသား ခေါင်းဆောင် တဦး ဖြစ်သူ ကိုနန္ဒာ စစ်အောင်က ပြောသည်။

ယနေ့ ရုံးချိန်းတွင် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသခွင့် ရရှိရန် တင်ပြထားသည့် ကိုဝေယံထွန်းနှင့် မခင်မာငြိမ်းတို့ကို အကျဉ်းထောင်မှာပင် အခြေအနေ တပတ်စောင့်ကြည့်ရန် တရားသူကြီးက ပြောကြားခဲ့ပြီး ကျန်းမာရေးကြောင့် အာမခံ လျှောက်ထားခဲ့သူ ဦးခင်မောင်ဝင်းနှင့် ဦးစန်းလွန် နှစ်ဦးကို တရားရုံးက အာမခံ ပေးခဲ့ကြောင်း သိရှိရသည်။

ကိုကျော်ကိုကို၊ ကိုမင်းသွေးသစ်၊ မဖြိုးဖြိုးအောင်၊ ကိုနန္ဒစစ်အောင် အပါအဝင် ၅၀ ခန့်ကို တနှစ်ကျော်ကြာ သည်အထိ ဖမ်းဆီး စစ်ဆေးနေဆဲ ဖြစ်ပြီး ကျောင်းသားများ၏ အမှုရုံးချိန်းကို မတ် ၁၅ ရက်တွင် ထပ်မံ ချိန်းဆိုထားကြောင်း သိရှိရသည်။

Loading