အမေရိကန်က မလေးရှားတပ်မတော်အား Paladin လို့ခေါ်တဲ့ M 109A6 အမျိုးအစား ယာဉ်တင်ဟောင်ဝစ်ဇာ အမြောက်ကြီး (Self –Propelled Howitzer) များ ၂၄ လက်ပေးအပ်မယ်လို့ ကာကွယ်ရေးဆိုင် ရာသတင်းတွေ ကဆိုပါတယ်။EDA လို့ခေါ်တဲ့ အပိုစစ်လက်နက်ပစ္စည်းပေးအပ်မှုပြဋ္ဌာန်းချက်အရ အမေရိကန်ဘက်က M 109A6 Paladin ဟောင်ဝစ်ဇာ အမြောက်ကြီးတွေ ပေးအပ်ဖို့ ပြီးခဲ့တဲ့ ၂၀၁၅ခုနှစ် ကမ်းလှမ်းခြင်းဖြစ်ပါတယ်။
မလေးရှား ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရာျာ အာဖန်ဒီကတော့ “အမေရိကန်ရဲ့ ကမ်းလှမ်းမှုဟာ နောက်ဆုံးအဆင့်မှာ ရှိနေပါပြီ၊ ကျနော်တို့ဘက်က လည်း သဘောတူပါတယ်၊ အားလုံးပြီးသွားရင်တော့ မလေးရှားတပ်မတော် အထူးသဖြင့် ဆာဘားမှာရှိတဲ့ ကျနော်တို့ တပ်တွေရဲ့ ပစ်ခတ်မှုစွမ်းရည်မြှင့်တင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါ ဟောင်ဝစ်ဇာအမြောက်ကြီးများကို တပ်တော်မဝင်မီ A 5 အဆင့်သို့ မြှင့်တင်ပေးမည်ဖြစ်သည်။
M 109 A6 အမျိုးအစား Self –Propelled Howitzer အမြောက်ကြီးများဟာ ကွန်ပြူတာနဲ့ ထိန်းကျောင်းတဲ့ အလို လျှောက်ပစ်ခတ်မှုစနစ်ကို တပ်ဆင်ထားသလို၊ ယာဉ်ရဲ့ ရွေ့လျားမှုနဲ့ လမ်းညွန်စနစ် ပေါင်းစပ် ပြုလုပ် ထားတဲ့ အလိုလျှောက် ပစ်ခတ်မှု စနစ်ဖြစ်ပါတယ်။ပစ်ခတ်မှုနှုန်းမှာ တမိနစ်ကို ၈ကြိမ်အထက် ပစ်ခတ်နိုင်ပြီး၊ ၁၅၅ မီလီမီတာ ဟောင်ဝစ်ဇာအမြောက်ဟာ ကီလိုမီတာ ၃၀ (၁၈မိုင်)ခန့်အကွာအဝေးအထိ ပစ်ခတ်နိုင်စွမ်း ရှိပါတယ်။ ဒါအပြင် A 12.7 မီလီမီတာ M2 စက်သေနတ်လည်း တပ်ဆင်ထားပါတယ်။