မြောက်ကိုရီးယား ပဲထိန်းဒုံးပျံတွေမှာ တပ်ဆင်မယ့် နျူကလီးယား ထိပ်ဖူးတွေရဲ့ အလေးချိန်နဲ့ အရွယ်အစားကို စံချိန်စံညွှန်းနဲ့အညီအောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ပြီ လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ပြောဆို လိုက်ကြောင်း တောင်ကိုရီးယား သတင်းဌာန ယွန်ဟပ်က ဆိုပါတယ်။ ကင်ဂျုံအန်းဟာ နျူကလီးယား လက်နက်ပါရဂူတွေနဲ့ တွေ့ဆုံကာ ထိုသို့ ချီးကျူးပြောဆိုခဲ့ုခြင်းဖြစ်ပြီး၊ မြောက်ကို ရီးယားဟာ ၂၀၁၆ အစပိုင်းမှာ မြောက်ကိုရီးယားဟာ နျူကလီးယားလက်နက် စမ်းသပ်ခဲ့သလို နျူကလီးယား ထိပ်ဖူးတပ် ကာ တင်ဆောင်ပစ်လွှတ်နိုင်တဲ့ တာဝေးပစ် ဒုံးပျံကိုလည်း စမ်းသပ်ပစ်လွှတ်ခဲ့ပါတယ်၊ အဲဒီအတွက် ကုလ လုံခြုံရေးကောင်စီနဲ့ အမေရိကန်က ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ လက်ရှိပြုလုပ်နေတဲ့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ Key Resolve နှင့် Foal Eagle အမည်ရှိ စစ်ရေးလေ့ကျင့်မှုများကို နျူလက်နက်သုံးတိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ခဲ့ပါသေးတယ်။
တင်းမာမှု မြင့်မားလာတဲ့ ကိုရီးယား ကျွန်းဆွယ်မှာ လက်ရှိ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ပူးပေါင်းပြီး အင်အား ၃သိန်း ၂သောင်းခန့် အသုံးပြုပြီး စစ်ရေးလေ့ကျင့်မှုကို ဧပြီလအထိပြုလုပ်မှာဖြစ်ပါတယ်။