သတင်းတို
တိုင်းရင်းသားအရေး ရှေ့တန်းတင် ဆောင်ရွက်မည်ဟု NLD ပါတီ၏ ဒုသမ္မတလောင်း ဦးဟင်နရီ ဗန်ထီးယူက ပြော
This article has been converted from Zawgyi One to Unicode

အမျိုးသားလွှတ်တော်တွင် NLD ပါတီက အမည်စာရင်းတင်သွင်းလိုက်သည့် ဒုသမ္မတလောင်း ချင်းတိုင်းရင်းသား ဦးဟင်နရီ ဗန်ထီးယူက မိမိကို ဒုသမ္မတလောင်း အဖြစ် ရွေးချယ်ခြင်းသည် တိုင်းရင်းသားအရေးကို ရှေ့တန်းတင်ခြင်းဖြစ်ပြီး တိုင်းရင်းသားအရေး ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောဆိုလိုက်သည်။