ပြည်ထောင်စုလွှတ်တော်မှာ ပြုလုပ်မယ့် နိုင်ငံတော်သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲ ကို သမ္မတ ဦးသိန်းစိန် တက်ရောက်ဖြစ်၊ မဖြစ်ကို NLD ပါတီ နဲ့ ညှိနှိုင်းဆဲဖြစ်တယ်လို့ သမ္မတရုံးဝန်ကြီးဌာန ဒုညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ပြောပါတယ်။
NLD ပါတီ နဲ့ အစိုးရတာဝန်ရှိသူတွေ က မတ်လ အတွင်းပြုလုပ်မယ့် ၄ ကြိမ်မြောက် နိုင်ငံတော်အကြီးအကဲ တာဝန်လွှဲပြောင်းရေးဆိုင်ရာ အစည်းအဝေး မှာ ညှိနှိုင်းမှာဖြစ်ပြီး အများပြည်သူသိရှိနိုင်ဖို့ သတင်းထုတ်ပြန်မယ်လို့ သိရပါတယ်။
လက်ရှိမှာ နိုင်ငံတော် အကြီးအကဲ တာဝန် လွှဲပြောင်းနိုင်ရေး အစည်းအဝေး ကို အစိုးရ နဲ့ NLD ပါတီ က အစည်းအဝေး ၃ ကြိမ် ပြုလုပ်ထားပြီးဖြစ်ပါတယ်။