သတင်းတို

မြောက်ကိုရီးယားက ဒုတိယအကြိမ် ဒုံးပျံပစ်လွွှတ်ပြန်

This article has been converted from Zawgyi One to Unicode

မြောက်ကိုရီးယားက ဒုတိယအကြိမ် ဒုံးပျံပစ်လွွှတ်ပြန်

မြောက်ကိုရီးယား ဒုတိယအကြိမ်အဖြစ် တာတိုပစ် ဒုံးပျံ ၂စင်းကို အရှေ့ပင်လယ်ထဲသို့ ပစ်လွှတ်လိုက်ကြောင်း တောင်ကိုရီးယား သတင်းဌာန ယွန်ဟပ်က မနေ့ကဆိုပါတယ်၊ ဒါဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ပိတ်ဆို့မှုကို အပြင်းထန်ဆုံး ထပ်မံတုန့်ပြန်တာဖြစ်တယ်လို့ဆိုလိုက်ပြီး ဒီ မစ်ဆိုင်း ဒုံးပျံကို Wonsan မြို့ကနေ မိုင် ၃၀၀ အကွာအဝေးကို ပစ်လွှတ်လိုက်တာဖြစ်တယ်လို့သိရပါတယ်။

တောင်ကိုရီးယားတပ်မတော်အကြီးအကဲကတော့ မြောက်ကိုရီးယားရဲ့ ကျူးကျော်ရန်စမှုတွေနဲ့ ပတ်သက်လို့ အနီးကပ် စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ စောစောပိုင်းက မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းက တာဝေးပစ်ဒုံးပျံတွေမှာ တပ်ဆင်ပြီး ပစ်လွှတ်အသုံးပြုဖို့ နျူကလီးယား ထိပ်ဖူးတွေ ထုတ်လုပ်နိုင်ပြီလို့ ဆိုပါတယ်။

ဒီအပတ်ထဲမှာပဲ ရုရှားနိုင်ငံခြားရေး ဝန်ကြီးက မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုကို ရှုံချခဲ့ပါသေးတယ်။
အမေရိကန်နဲ့ တောင်ကိုရီးယားတို့ကလည်း အင်အား ၃သိန်း ၂သောင်းခန့် အသုံးပြုပြီး စစ်ရေး လေ့ကျင့်မှု ပြုလုပ်နေပြီး၊ မြောက်ကိုရီးယားကလည်း နျူလက်နက်သုံးတိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ခဲ့ပါသေးတယ်။

ဒါအပြင် မြောက်ကိုရီးယား ဟက်ကာတွေ တောင်ကိုရီးယားဝန်ကြီးတွေရဲ့ ဖုံးတွေကို ထိုးဖောက်ဝင်ရောက်ကာ တိုက်ခိုက်ခဲ့ပါသေးတယ်။

Loading