NLD ပါတီ မှ အဆိုပြုခဲ့သည့် ဦးထင်ကျော် နှင့် ချင်းတိုင်းရင်းသား ဦးဟင်နရီဗန်ထီးယူ ဒုသမ္မတများဖြစ်လာပြီး တပ်မတော်က ရန်ကုန်တိုင်းဝန်ကြီးချုပ် ၊ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေကို ဒုတိယသမ္မတအဖြစ် ရွေးချယ်လိုက်ခြင်းကြောင့် ဒုသမ္မတ ၃ ဦး ပေါ်ထွက်လာပြီး မတ်လ ၁၅ ရက်နေ့တွင် သမ္မတ ရွေးချယ်မည်ဖြစ်သည်။
NLD ပါတီမှ အဆိုပြုခဲ့သူ ဦးထင်ကျော် က ပြည်သူ့လွှတ်တော်တွင် ထောက်ခံမဲ ၂၇၄ မဲ ဖြင့် ၂၉ မဲ ရရှိခဲ့သည့် USDP ပါတီမှ ဒေါက်တာစိုင်းမောက်ခမ်းကို မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့ပြီး၊အမျိုးသားလွှတ်တော်တွင် ချင်းတိုင်းရင်းသား ဦးဟင်နရီဗန်ထီးယူ က ထောက်ခံမဲ ၁၄၆ မဲ ဖြင့် ဒုသမ္မတ အဖြစ် အနိုင်ရကာ ဦးခင်အောင်မြင့် က ၁၃ မဲ ဖြင့် ရှုံးနိမ့်ခဲ့သည်။
တပ်မတော်သားကိုယ်စားလှယ်များဘက်က ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ ကို ဒုသမ္မတလောင်းအဖြစ် အမည် မတ်လ ၁၁ ရက်နေ့ နေ့လယ်ပိုင်းတွင် ရွေးချယ်လိုက်ကြောင်း သိရှိရသည်။
ဒုသမ္မတ ၃ ဦးတွင် ဦးထင်ကျော်သည် သမ္မတဖြစ်ရန် အလားအလာအကောင်းဆုံးဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်တွင် အမတ်နေရာ ၆၅၇ ဦးတွင် NLD က အမတ်နေရာ ၃၉၀ အနိုင်ရရှိထားရာ NLD က တင်မြှောက်မည့် သူသာလျှင် သမ္မတ ဖြစ်လာမည်ဖြစ်ကြောင်း NLD အမတ်များက ဆိုကြသည်။