သတင်း

မြန်မာနိုင်ငံ၏ ၉ ဦးမြောက် သမ္မတ ဦးထင်ကျော်ဖြစ်လာ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံ၏ ၉  ဦးမြောက် နိုင်ငံတော်သမ္မတအကြီးအဖြစ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့က ရွေးချယ်ထား တဲ့ ဦးထင်ကျော်ကို ထောက်ခံမဲ အပြတ်အသတ်နဲ့ ပြည်ထောင်စုလွှတ်တော်က ယနေ့ တင် မြှောက် လိုက်ပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး ၁၉၄၈ ခုနှစ်မှာ ပထမဦးဆုံး သမ္မတအဖြစ် သမ္မတ စဝ်ရွှေသိုက် တာဝန်ထမ်း ဆောင်ခဲ့ပြီး သမ္မတ ဦးသိန်းစိန် လက်ထက်အထိ သမ္မတ ၈ ဦးရှိနေခဲ့ရာမှ ဦးထင်ကျော်က ၉ ဦးမြောက် သမ္မတ ဖြစ်လာတာဖြစ်ပါတယ်။

မတ်လ ၁၅ ရက်နေ့ ပြည်ထောင်စုလွှတ်တော်မှာ သမ္မတ ရွေးချယ်ပွဲ ကျင်းပခဲ့ပြီး တပ်မတော် သား လွှတ်တော် ကိုယ်စားလှယ်တွေ၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အမျိုး သား လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ၆၅၂ ဦး တက်ရောက်ခဲ့ကြောင်း ၊ ဒုသမ္မတ ၃ ဦး အနက် မှ ၁ ဦးကို သမ္မတအဖြစ် ရွေးချယ်ကြရာ ဦးထင်ကျော်က ထောက်ခံမဲ ၃၆၀ ရရှိပြီး မဲအပြတ် အသတ်နဲ့ နိုင်ငံတော်သမ္မတကြီးရာထူးအတွက် ရွေးချယ်ခံလိုက် ရတာ ဖြစ် ပါတယ်။

တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်အစုအဖွဲ့က တင်သွင်းတဲ့ ဦးမြင့်ဆွေက ထောက်ခံ မဲ ၂၁၃ နဲ့ ဒုတိယ သမ္မတ ၁ အဖြစ် ရွေးချယ်ခံရပြီး ဦးဟင်နရီ ဗန်ထီးယူကတော့ ထောက်ခံမဲ ၇၉  မဲဖြင့် ဒုတိယသမ္မတ ၂ အဖြစ် ရွေးချယ် ခံရပါတယ်။

ပြည်ထောင်စုလွှတ်တော်က နိုင်ငံတော်သမ္မတကြီးအဖြစ် ဦးထင်ကျော်ကို တင်မြှောက်လိုက်ပြီ ဖြစ်လို့ မတ်လ ၃၀ ရက် နေ့မှာ သမ္မတဦးသိန်းစိန်အစိုးရက တရားဝင် အာဏာ လွှဲပြောင်းပေးရမှာဖြစ်ပါတယ်။

ဦးထင်ကျော်ကို ၁၉၄၆ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့မှာ မွေးဖွားခဲ့ပြီး အခုဆိုရင် အသက် ၇၀ နှစ်ရှိနေပြီဖြစ်ပါတယ်။ သူရဲ့ ဖခင်က စာရေးဆရာကြီးဖြစ်တဲ့ မင်းသုဝဏ် ဖြစ်ပါတယ်။  ဖခင် စာရေးဆရာကြီး မင်းသုဝဏ်ဟာ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ NLD  ပါတီရဲ့  ကွမ်းခြံကုန်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့ပါတယ်။

ဦးထင်ကျော်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယုံကြည် အားကိုးရတဲ့ လူယုံတဦးဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ  မက်သဒစ်ကျာင်း (ဒဂုံ ၁)မှာ အခြေခံပညာ ဆည်းပူးခဲ့သူလည်းဖြစ်ပါတယ်။

ဦးထင်ကျော်ဟာ ၁၉၆၂-၆၃ ရန်ကုန်တက္ကသိုလ် တက်ရောက်ခဲ့ပြီး ၁၉၆၆-၆၇ စီးပွားရေးပညာဘွဲ့ (B.Eco) ကို လည်းကောင်း၊ ၁၉၆၈ ခုနှစ်မှာ စီးပွားရေးပညာ မဟာဘွဲ့ (M.Eco) ကို တက်ရောက်ခဲ့ပြီး တက်နေစဉ်အတွင်းမှာ တက္ကသိုလ်နည်းပြ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

၁၉၇၀ခုနှစ်မှာ  University of Computer Centre သို့ ပြောင်းရွှေ့ပညာသင်ကြားပြီး ၁၉၇၄-၇၅ခုနှစ်မှာ  M.Sc., Computer Science (RASU) ဘွဲ့ကို ရရှိခဲ့ပါတယ်။  ၁၉၇၁-၇၂ ခုနှစ်မှာ အင်္ဂလန်နိုင်ငံရှိ Institute of Computer Science, University of London မှာ သွားရောက် ပညာသင်ကြားခဲ့ပြီး  ၁၉၇၄ခုနှစ်မှာ ဂျပန်နိုင်ငံ  Asia Electronic Union, Tokyo မှာ ပညာသင်ယူခဲ့ပါတယ်။

၁၉၈၇ ခုနှစ်မှာ Arthur DeLittle, Management Education Institute, Cambridge, Massachusetts မှာ ပညာသင်ယူခဲ့ပါတယ်။ ၁၉၇၅ ခုနှစ်မှာ အစိုးရဝန်ထမ်းအဖြစ် စတင်လုပ်ကိုင်ခဲ့ပြီး ဌာနခွဲမှူး ( အကြီးစား စက်မှု လုပ်ငန်း) အဖြစ် တာဝန် ထမ်းဆောင် ခဲ့ပါတယ်။  ၁၉၈၀-၁၉၉၂ နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဦးစီးဌာန (FERD) ကို ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ပြီး  ၁၉၉၂ ဒုတိယညွှန်ကြားရေးမှူး ရာထူးမှ နုတ်ထွက် ခဲ့ပါတယ်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရဲ့ အမှုဆောင်အဖွဲ့ ဝင်အဖြစ် ယခုအချိန်အထိ ဆောင်ရွက်နေရင်း သမ္မတ အဖြစ် ရွေးကောက်တင်မြှောက်ခံရတာဖြစ်ပါတယ်။ ဦးထင်ကျော်ဟာ ဖခင်ဖြစ်သူရဲ့ ကလောင်ခွဲဖြစ်တဲ့ ဒလဘန်းအမည်နဲ့ သုတစာပေ၊ နိုင်ငံရေးစာပေတို့ကို ရေးသားခဲ့ပါတယ်။ NLD ခေါင်းဆောင် ဖြစ်ပြီး ကွယ်လွန်သွားပြီ ဖြစ်တဲ့  ဦးလွင် ရဲ့  သမီး ဒေါ်စုစုလွင်ရဲ့ ခင်ပွန်းလည်းဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading