သတင်း

ကချင် ဒေသခံတဦးကို တပ်မတော် ဖမ်းဆီးထားဟုဆို

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် တာမိုးညဲမြို့ အထက်ရှိ မန်ဂျယ်ကျေးရွာအုပ်စုမှ ဒေသခံ ကချင် တိုင်းရင်းသားတဦးကို တပ်မတော်က ဖမ်းဆီးထားကြောင်း သတင်းရသည်။

ဖမ်းဆီးထားသည်မှာ ၁၂ ရက်ခန့် ရှိပြီဖြစ်သော်လည်း ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း မန်ဂျယ် နှစ်ခြင်းအသင်းတော်မှ ဆရာတော် ကမူးက ဧရာဝတီကို ပြောပြသည်။

“သူ့ယောက္ခထီးနဲ့ လမ်းမှာသွားနေတုန်း တပ်မ ၆၆ က စစ်သားတွေက ခဏလာဆိုပြီး ခေါ်သွားတယ်။ နောက် ပြန်မလွှတ်တော့ ဘူး။ မိသားစုက လိုက်သွားတော့ သူပုန်လို့ မသင်္ကာလို့ဖမ်းထားပြီး စစ်နေတယ်လို့ ပြောတယ်”ဟု ဆရာတော် ကမူး က ပြောသည်။

ဖမ်းဆီးထားခံရသူမှာ အသက် ၃၀ ရှိ  ဦးဂွမ်ဂျာဆိုသူဖြစ်ပြီး မန်ဂျယ်ကျေးရွာအုပ်စု နားလိုင်ရွာ ဒေသခံဖြစ်ကြောင်းလည်း ၎င်းက ဆို သည်။

ဦးဂွမ်ဂျာသည် မတ်လ ၁၃ ရက်က ၎င်း၏ယောက္ခမဖြစ်သူနှင့် နားလိုင်ရွာ သချႋုင်းသို့သွားပြီး သချႋုင်း ကန်တော့ပြီး ပြန်လာရာ လမ်း တွင် တပ်မတော် စစ်ကြောင်းများနှင့် တွေ့ကြောင်း၊ ၎င်း၏ယောက္ခမကို ထားခဲ့ပြီး ဦးဂွမ်ဂျာကို ကျောပိုးအိတ်များ သယ်ခိုင်းကာ စစ်တပ်က ခေါ်သွားပြီးနောက် ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်ကြောင်း သိရသည်။

မန်ဂျယ် အုပ်ချုပ်ရေးမှူး ဦးဇော်ထုံးက“မသင်္ကာလို့ဆိုပြီး ပြောတာပဲ အခုထိတော့ မလွှတ်သေးဘူး။ တပ်က လူကြီးတွေက သူကောင်း ကောင်း မွန်မွန် ရှိပါတယ် ပြောတာပါပဲ။ နောက် ၂ ရက်လောက်နေ ပြန်လွှတ်ပေးမယ်လည်း ပြောတယ်”ဟု ဧရာဝတီကို ပြောသည်။

လက်ရှိတွင် ဦးဂွမ်ဂျာကို တပ်မ (၆၆) တွင် ချုပ်နှောင်ထားကြောင်းနှင့် ဦးဂွမ်ဂျာကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ဆက်စပ်နေသူဟုဆိုကာ စစ်ဆေးနေသည်ဟု ကြားသိခဲ့ရကြောင်း ၎င်း၏ မိသားစုဝင်များကလည်း ပြောဆိုသည်။

“ကျမ ၆ ကြိမ်ရှိပြီ သွားတွေ့တာ၊ တွေ့ခွင့် မရပါဘူး။ သားမလွတ်ရင်တောင် မျက်နှာမြင်ရရင် အသက်ရှင်နေတာသိရရင် ကျေနပ်ပါတယ်။ အခုက ရှိတယ်ပဲ သူတို့က ပြောတယ်။ ကျမ မမြင်ရဘူး။ ဒီညနေလည်း ထပ်သွားဦးမယ်”ဟု ဦးဂွမ်ဂျာ၏မိခင် ဒေါ်ဒွမ်ခေါန်လွမ်းက ပြောသည်။

ဦးဂွမ်ဂျာသည် မိသားစုနှင့်အတူ တောင်ယာလုပ်ကိုင် စားသောက်နေသူတဦးဖြစ်ပြီး မည်သည့် အဖွဲ့အစည်းနှင့်မှ ဆက်စပ်မှုမရှိကြောင်း ၎င်း၏မိသားစုဝင်များက ပြောဆိုသည်။

မန်ဂျယ်ကျေးရွာ အုပ်စုတွင် မတ်လမှစတင်ပြီး ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ၏ တပ်မဟာ ၆ တိုးချဲ့ဖွဲ့စည်း လိုက်သည် ဟု သတင်းများကြားနေရပြီး အစိုးရတပ်မတော်၊ တပ်ဖွဲ့များက မကြာခဏ ရောက်လာပြီး သတင်းမေးမြန်းမှုများ ရှိသည်ဟု ဒေသခံများကလည်း ပြောသည်။

ပြီးခဲ့သည့် မတ်လ ၁၆ ရက်က မန်ဂျယ်ကျေးရွာသား ၃၅ ဦးကို တပ်မ (၆၆) က ဖမ်းဆီးခဲ့ပြီးနောက် အဆိုပါ ၃၅ ဦး ပြန်လည်လွတ်မြောက်လာစဉ် ဦးဂွမ်ဂျာကို တပ်မ (၆၆) ဝင်းအတွင်း ကြိုးများဖြင့် ချည်နှောင်ထားသည်ကို တွေ့မြင်ခဲ့ရသည်ဟု လွတ်မြောက်လာသူများက ပြောဆိုသည်။

မတ်လ ၁၆ ရက်မတိုင်ခင်က ပလောင်တိုင်းရင်းသား ၁၁ ဦးကိုလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွင် ပါဝင်သည်ဟု မသင်္ကာဖြစ်ပြီး ခေါ်ယူစစ်ဆေးမှုများ ရှိခဲ့ကြောင်း၊ မန်ဂျယ်ကျေးရွာရှိ နှစ်ခြင်းအသင်းတော် ဘုရားကျောင်းများနှင့် အသင်းတော် အမှုတော် ဆောင် ဆရာတော်များ၏ အိမ်များအတွင်းသို့လည်း တိုင်းရင်းသား လက်နက်ကိုင်များနှင့် ဆက်စပ်မှု ရှိ မရှိ တပ်မတော်က ဝင်ရောက် ရှာဖွေမှုများ ရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဦးဂွမ်ဂျာနှင့်အတူ အခြားကျေးရွာ အုပ်စုများမှ ဖမ်းဆီးခံထားရသူ ၇ ဦး ရှိကြောင်း၊ မန်ဂျယ်ကျေးရွာ ရွာသူ သားများသည် ၎င်းတို့ တောင်ယာများ လုပ်ကိုင်မည်ဆိုပါက ရဲစခန်း၊ အုပ်ချုပ်ရေးမှူးတို့၏ ထောက်ခံစာများရှိမှသာ သွားလာရဲကြောင်း ပြောဆိုကြသည်။

ကွတ်ခိုင်မြို့နယ် အတွင်းရှိ ရွာများတွင် အစိုးရ တပ်မတော်အပြင် တိုင်းရင်းသား လက်နက်ကိုင်များဖြစ်သည့် ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)တို့ ဝင်ထွက်သွားလာမှုများ ရှိကြောင်းလည်း သိရသည်။

တာမိုးညဲမှ နှစ်ခြင်းအသင်းတော် ဆရာတဦးက“ကျနော့်ဒေသကလူတွေ လုပ်စားကိုင်စားနဲ့ တောထဲသွားနေတော့ အကုန်လုံးနဲ့ အဆင်ပြေအောင် နေနေရတယ်။ ဒီမှာ တပ်ကလာရင်၊ ပလောင်ဆို TNLA ၊ ကချင်ဆို KIA လို့ အမြဲစွပ်စွဲခံရတယ်။ ကျနော်တို့ အမြဲ တမ်း မလုံခြုံဘူ”ဟု ပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်း တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား တိုက်ပွဲဖြစ်ပွားရာ နေရာများတွင် နေ ထိုင် ကြသည့် ဒေသခံများသည် စစ်ဆေးမေးမြန်းခံရမှုများ၊ ရိုက်နှက်ခံရမှုများ၊ အသတ်ခံရမှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ ရှိနေကြောင်း သိရှိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading