• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြန်မာတောင်တက်သမားများ ဧဝရက် တောင်ထိပ် တက်ရန် ပြင်ဆင်

by ငြိမ်းငြိမ်း
26 March 2016
in သတင်း
A A
ဧဝရက်, တောင်တက်, ဟိမဝန္တာ, နီပေါ, ထူးကုမ္ပဏီ

အမြင့်ပေပေါင်း ၂၉၀၃၅ ကျော် (၈၈၄၈ မီတာ) မြင့်သော ကမ္ဘာ့အမြင့်ဆုံး ဧဝရက် တောင်ထိပ်သို့ တက်ရောက်သူများ (ဓာတ် ပုံ - Reuters)

3.8k
VIEWS
Share on FacebookShare on Twitter

ဂေဟအခြေပြု ခရီးသွားလုပ်ငန်းနှင့် စွန့်စားဆောင်ရွက်ရသည့် အားကစားကဏ္ဍ တိုးတက်စေရန် ရည်ရွယ်ပြီး တောင်တက်သမားနှင့် စုဖွဲ့ထားသည့် Technical Climbing Club of Myanmar (TCCM) မှ တောင်တက်သမား သုံးဦးသည် နီပေါနိုင်ငံ ဟိမဝန္တာတောင်တန်းပေါ်ရှိ ဧဝရတ်ထောင်ထိပ်သို့ ၂ လကျော်ကြာ တက်ရောက်ရန် စီစဉ်ထားကြောင်း သိရသည်။ ယခုလ နောက်ဆုံးအပတ်တွင် စတင်မည့် ဧဝရက် တောင်ထိပ်သို့ တက်ရောက်မည့် ခရီးစဉ်သည် ၆၄ ရက်ကြာမည် ဖြစ်ပြီး ခရီးစဉ်အောင်မြင်ပါက ဧဝရတ်တောင်ထိပ်သို့ တက်ရောက်နိုင်သည့် ပထမဆုံးသော မြန်မာတောင်တက်သမားများ ဖြစ်လာမည် ဖြစ်သည်။

မတ်လ ၂၄ ရက်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်သော ဧဝရတ်တောက်တက်သွားမည့် တောင်တက်သမားများ၏ သတင်းစာရှင်းလင်းပွဲတွင် TCCM မှ ဝါရင့် တောင်တက်သမားများဖြစ်သော ကိုပြည့်ဖြိုးအောင်၊ ကိုညီညီအောင်နှင့် ကိုဝင်းကိုကိုတို့က အမြင့်ပေပေါင်း ၂၉၀၃၅ ကျော် (၈၈၄၈ မီတာ) မြင့်သော ကမ္ဘာ့အမြင့်ဆုံး ဧဝရက် တောင်ထိပ်သို့ တက်ရောက်ရန်စီစဉ်ထားသည့် အကြောင်းများကို ရှင်းလင်းပြောကြားခဲ့သည်။

RelatedPosts

မန္တလေးတိုင်းထဲက သားကျင်ရွာကို စစ်ကောင်စီဗုံးကြဲ (ရုပ်/သံ)

မန္တလေးတိုင်းထဲက သားကျင်ရွာကို စစ်ကောင်စီဗုံးကြဲ (ရုပ်/သံ)

15 May 2025
26
ဂန့်ဂေါမှာ ဖမ်းဆီးခံရတဲ့ပြည်သူတွေ အသက်အန္တရာယ်စိုးရိမ်ရ (ရုပ်/သံ)

ဂန့်ဂေါမှာ ဖမ်းဆီးခံရတဲ့ပြည်သူတွေ အသက်အန္တရာယ်စိုးရိမ်ရ (ရုပ်/သံ)

15 May 2025
27
မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

15 May 2025
426

မတ်လ ၂၉ ရက်တွင် စတင်မည့် ဧဝရက် တောင်တက်အဖွဲ့နှင့်ပူးပေါင်းရန် ၎င်းတို့ ၃ ဦးသည် ရန်ကုန်မှ မတ်လ ၂၆ ရက် စနေနေ့တွင် နီပေါနိုင်ငံ ခတ္တမန္ဒူမြို့တော်သို့ ထွက်ခွာမည် ဖြစ်သည်။ နီပေါတွင် ဘရာဇီးနိုင်ငံသား ဝါရင့်တောင်တက်သမား ၃ ဦးနှင့် အတူ၊ နီပေါတောင်တက်လမ်းပြသမားများနှင့် ပူးပေါင်းကာ စုစုပေါင်း လူ ၇၀ ခန့်ဖြင့် ၆၄ ရက်ကြာ ဧဝရက် တောင်တက်ခရီးစဉ်ကို ဇွန်လ ပထမအပတ်တွင် ပြီးဆုံးမည် ဖြစ်သည်။

TCCM အဖွဲ့မှ နည်းပြတစ်ဦးဖြစ်ပြီး အဖွဲ့ကို လက်ရှိ ဦးဆောင်နေသည့် ကိုပြည့်ဖြိုးအောင်က တောင်တက်ခရီးစဉ်အတွင်း နီပေါ နိုင်ငံ၏ ဂေဟအခြေပြုခရီးသွားလုပ်ငန်းဆိုင်ရာ အတွေ့အကြုံများ သင်ယူနိုင်ရန် ပြင်ဆင်ထားကြောင်း ပြောကြားသည်။ ကိုပြည့်ဖြိုးအောင်သည် တောင်တက်အားကစားကို ၂၀၀၅ ခုနှစ်က စတင်ခဲ့သူ ဖြစ်ပြီး မြန်မာပြည် ကချင်ပြည်နယ်ရှိ မဒွဲတောင်၊ ဂန်လန်ရာဇီတောင်နှင့် ချင်းပြည်နယ် ဝိတိုရိယတောင်တို့အပြင် တရုပ်ပြည်ယူနန်ရှိ ဟာဘာဇူရှန် တောင်တို့ကိုလည်း တက်ရောက်ခဲ့ဖူးသူ ဖြစ်သည်။

TCCM အသင်းကို ၂၀၁၁ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး ခေတ်မှီတောင်တက်နည်းလမ်းများ လေ့လာရန်နှင့် စွန့်စားလိုသူ တောင်တက်သမားများအား မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်သည်။ ၎င်းသည် မြန်မာပြည်ရှိ အတက်ကြွဆုံး တောင်တက်အသင်းအဖွဲ့ ၅ ဖွဲ့တွင် တဖွဲ့အဖြစ် ပါဝင်သည်။

၎င်းအသင်းသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလှုပ်ရှားမှုအဖြစ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ပညာပေးမှုများလည်း လုပ်ဆောင်သည်။ တောင်တက်သူများအား တောတွင်း ခရီးထွက်ရာတွင်ဖြစ်စေ၊ တောင်တက်ရာတွင် ဖြစ်စေရန် ကိုယ့်အမှိုက်ကိုယ်သိမ်းရန် ဆော်သြသည့်အနေဖြင့် “သဲလွန်စ မကျန်စေရ” ဟူသော ဆောင်ပုဒ်အတိုင်း ကျင့်ကြံ လိုက်နာကြရန်လည်း ဆော်သြသည်ဟု ကိုညီညီအောင်က ဆိုသည်။

တောင်တက် အားကစားကို ၂၀၀၅ ခုနှစ်ကတည်းက စတင်ခဲ့သော ကိုညီညီအောင်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပညာပေးမှုများကို လူမှုကွန်ယက်မှ တဆင့်လည်း ဆောင်ရွက်သည်ဟု ဆိုသည်။ “ကမ္ဘာ့ရေနေ့မှာ ကျနော်တို့ ဖေ့ဘုတ်လူမှုကွန်ယက်ကနေ တဆင့် ပညာပေးတွေ ဖြန့်ဝေတယ်။ နောက် ပလပ်စတစ်မသုံးဖို့ လှုပ်ရှားမှုတွေလည်း လုပ်တယ်။ ကျနော်တို့ ပေ့ချ်က လိုက်ခ်အရေအတွက် နည်းသေးပေးမယ့် ဒီလိုပညာပေးဖြန့်ဝေမှုတွေကို ကြည့်သူတွေကတော့ များပါတယ်။” ဟု သူက ဆိုသည်။

TCCM သည် ဧဝရတ်တောင်တက်ခရီးစဉ်တွင် နီပေါနှင့် Sherpa (ဟိမဝန္တာတောင်တန်းများပေါ်တွင်နေထိုင်သောလူမျိုး) တောင်တက်သမားများနှင့် လမ်းပြများဖြင့်ဖွဲ့ထားသော “ဟိမဝန္တာတောင်တက်သူများအသင်း” Himalayan Ascent နှင့် အရေးပေါ်ရွှေ့ပြောင်းမှုများလိုအပ်ပါက ဆောင်ရွက်ပေးသော Global Rescue တို့နှင့် ချိတ်ဆက်ပီး သွားရောက်မည့် ခရီးစဉ်ဖြစ်သည်။

တောင်တက်ခရီးစဉ်တွင် တောင်တက်သမားများ၏ လုံခြုံရေးအတွက် အကောင်းဆုံးပြင်ဆင်ထားပြီး၊ အပူချိန် အနှုတ် ၆၀ ဒီဂရီစင်တီဂရိတ်အောက်ရှိ ဧဝရက် တောင်ပေါ်တွင် ကြိုတင်မခန့်မှန်းနိုင်သော ရာသီဥတု ဆိုးရွာမှုဆိုင်ရာ အန္တာရာယ်များအတွက်လည်း အရေးပေါ် ကယ်ဆယ်ရေးအတွက် ပြင်ဆင်ထားကြောင်း ကိုညီညီအောင်က ဆိုသည်။

၂၀၁၄ ခုနှစ်က ထူးကုမ္ပဏီမှ တောင်တက်အဖွဲ့ (တိဘက်လူမျိုးတစ်ဦးအပါအဝင် မြန်မာတောင်တက်သမား ၅ ဦးအဖွဲ့) သည် ဧဝရတ်တောင်ထိပ်သို့ တက်ရောက်ရန် ကြိုးပမ်းခဲ့ဖူးသည်။ သို့သော် တောင်ခြေစခန်း အမြင့်ပေ ၁၇၅၀၀ အရောက်တွင် တောင်ပေါ်မှ နှင်းထု၊ ရေခဲထုနှင့် ကျောက်တုံးများ ပြိုကျခဲ့သောကြောင့် ဧဝရတ်တောင်သို့ တက်ခွင့်မရတော့ဘဲ ပြန်လှည့်ခဲ့ကြရသည်။

ယခုနှစ် ဧဝရတ်တောင်တက်ခရီးစဉ် အစအဆုံးကိုလည်း ထူးကုမ္ပဏီများဥက္ကဌ ဦးတေဇ ဦးစီးတည်ထောင်ထားသည့် ထူးဖောင်ဒေးရှင်းက ကူညီထောက်ပံ့ပေးသည်။

ထူးဖောင်ဒေရှင်းမှ CEO ဦးပေါ်မြင့်ဦးက “မြန်မာနိုင်ငံတောင်တက်အသင်းရဲ့ နာယက ဖြစ်တဲ့ ဦးတေဇကနေ ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ်ဖြစ်တဲ့ ဧဝရတ်တောင်ကို တက်ဖို့ မြန်မာတောင်တက်သမား ၃ ယောက်ကို (sponsor) ထောက်ပံ့ရခြင်းက မြန်မာနိုင်ငံအလံကို မြန်မာနိုင်ငံသားများအနေနဲ့ ဧဝရတ်တောင်ထိပ်မှာ လွှင့်ထူနိုင်အောင် ဖြစ်ပါတယ်။ ပြီးတော့ မြန်မာတောင်တက်သမားတွေအကြောင်း ကမ္ဘာကို သိစေချင်တာလည်း ပါပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

၎င်း၏ အဖွင့်မိန့်ခွန်းတွင်လည်း “ရာဇဝင်တွင်တဲ့ တောင်တက်ခရီးစဉ်တခုဖြစ်အောင် စပွန်ဆာ ပေးတာဖြစ်ပါတယ်။ မြန်မာနိုင်ငံသားတွေ ပထမဆုံးတက်တဲ့ ခရီးစဉ်။ ဒီဟာကလည်း လွယ်လွယ်ကူကူ တက်ရတာမဟုတ်ပါဘူး။ အဟန့်အတားမျိုးစုံ၊ အခက်အခဲမျိုးစုံတွေ ကျော်လွှားပြီး တက်ရတာ။ ခရီးစဉ်အတွင်း တွေ့ရမယ့် သဘာ၀၀န်းကျင်သန့်ရှင်းမှု၊ တောင်တက်ရတဲ့ခက်ခဲမှု၊ အတွေ့အကြုံတွေကို မြန်မာနိုင်ငံကို ပြန်ရောက်တဲ့အခါ ပြန်လည် မ ျှဝေပေးဖို့ အတွက်ပါပဲ” ဟု ဆိုသည်။

Your Thoughts …
ငြိမ်းငြိမ်း

ငြိမ်းငြိမ်း

ဧရာဝတီ

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
111.9k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.5k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.2k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
ကားဈေးကွက် , ကားအညွှန်း

Honda Civic Type R ဆိုတာ

ကျန်းမာရေး , လိင်ပညာပေး

အမျိုးသားလိင်မှုရေးရာနဲ့ Testosterone

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7k
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

2 days ago
6.5k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate