သတင်းတို

ထိုင်းဘုရင့်ရေတပ် အထူးစစ်ဆင်ရေးရေယာဉ်များ ပြောင်းလဲသုံးစွဲ

This article has been converted from Zawgyi One to Unicode

ထိုင်းရေတပ်မှ SOC-R ရေယာဉ်တစီး(ဓာတ်ပုံ- Shephard)
ထိုင်းရေတပ်မှ SOC-R ရေယာဉ်တစီး(ဓာတ်ပုံ- Shephard)

ထိုင်းဘုရင့်ရေတပ်မတော်ဟာ လက်ရှိ အသုံးပြုနေတဲ့ မြစ်တွင်းသွား ကင်းလှည့် ရေယာဉ်တွေနေရာမှာ   အထူးစစ်ဆင်ရေးရေယာဉ်(SOC-R)တွေနဲ့ အစားထိုးဖို့ ပြုလုပ်နေရာ ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်နေ့က M10 Mk အမျိုးအစား ရေယာဉ် ၆စီးနဲ့ စတင်လက်ခံရယူခဲ့ကြောင်း ထိုင်းကာကွယ်ရေးသတင်း တွေမှာဖော်ပြထားပါတယ်။

၃၂ပေ ရှည်တဲ့ SOC- R အမျိုးအစား ရေယာဉ်တွေကို ထိုင်းရေတပ်ရဲ့ မာဆန်သင်္ဘောကျင်းမှာ တည် ဆောက်တာဖြစ်ပြီး၊ ကမ်းရိုးတန်း ဒေသတွေနဲ့ ပြည်တွင်းရေလမ်းမှာ ပြုလုပ်မယ့် အထူးစစ်ဆင် ရေးတွေ အထူးသဖြင့် မဲခေါင်မြစ်နဲ့ ရွှေတြိဂံဒေသမှာ ငြိမ်းချမ်းရေး အပါအဝင် တရားမဝင် ဝင်ရောက် လာသူတွေကို တားဆီးရေး၊ လူကုန်ကူးမှုနဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး တာဝန်တွေကို ထမ်းဆောင် မှာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားတဲ့ အခြေအနေမှာလည်း ပစ်ကူပေးမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါအပြင်ကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ ဘုရင့်တော်ဝင်မိသားစုခရီးစဉ်တွေမှာ လိုက်ပါဆောင်ရွက်မယ် လို့လည်း ဖော်ပြထားပါတယ်။

ထိုင်းဘုရင့်ရေတပ်မတော်မှာ SOC- R အထူးစစ်ဆင်ရေး ရေယာဉ် အစီးပေါင်း ၄၀ ကျော် လိုအပ် နေပြီး လက်ရှိအသုံးပြုနေတဲ့ ကင်းလှည့်ရေယာဉ်တွေဟာ သက်တမ်း နှစ် ၃၀ ကျော်ပြီလို့ သိရပါတယ်။

Loading