• English
Thursday, May 22, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

“ဂေါ်ရာ” အားကစားကွင်းတွင် ယာယီဈေးဖွင့်လှစ်ပေးရန် တောင်းဆို

by မြတ်ပြည့်ဖြိုး
28 March 2016
in သတင်း
A A
ဂေါ်ရာဈေး

မန္တလေးမြို့ရှိ မီးလောင်ခဲ့သည့် မင်္ဂလာဈေးနေရာအစား ယာယီဈေးအဖြစ် ဖွင့်လှစ်နိုင်ရန် ရန်မျိုးလုံရပ်ကွက် ၃၁ လမ်း၊ ၇၀×၇၁ လမ်းကြား၌ နေရာချထားပေးနေစဉ် (ဓာတ်ပုံ - မင်းထက်ငြိမ်းချမ်း)

2.9k
VIEWS
Share on FacebookShare on Twitter

မန္တလေးမြို့ရှိ မီးလောင်ခဲ့သည့် မင်္ဂလာဈေးမှ ဈေးသူဈေးသားများက ဈေးကြီးပြန်လည်ပြင်ဆင်မှု မပြီးစီးခင် ယာယီနေရာအဖြစ် “ဂေါ်ရာ” အားကစားကွင်းတွင် ဈေးဖွင့်ခွင့်ပေးရန် တောင်းဆိုနေကြကြောင်း သိရသည်။

“ကျနော်တို့ အားလုံးက စည်ပင်ဈေးမှာ အခွန်ပေးပြီး ဈေးရောင်းတဲ့သူတွေ၊ အခုတောင်းတာလည်း စည်ပင်ပိုင်တဲ့ အားကစားကွင်းပါ။ လက်ရှိဈေးနဲ့လည်း သိပ်မဝေးတဲ့အတွက် ဈေးဝယ်တွေလည်း လိုက်လာနိုင်သလို၊ လုံခြုံမှုလည်း ရှိတယ်” ဟု မင်္ဂလာဈေး စတင်ဖွင့်လှစ်ကတည်းက ဈေးရောင်းချနေသည့် မိုးပြည့်အောင်ရောင်းဝယ်ရေးမှ ကိုမောင်မောင်ဆန်းက ပြောသည်။

RelatedPosts

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

21 May 2025
189
တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

21 May 2025
1.5k
တမူး ပကဖ ရုပ်အလောင်းတွေ အိန္ဒိယ လက်က ဘယ်လိုပြန်ရခဲ့သလဲ (ရုပ်/သံ)

တမူး ပကဖ ရုပ်အလောင်းတွေ အိန္ဒိယ လက်က ဘယ်လိုပြန်ရခဲ့သလဲ (ရုပ်/သံ)

21 May 2025
47

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် ၃၅ လမ်း၊ ၇၀ x ၇၁ လမ်းကြားရှိ စည်ပင်ပိုင် ဂေါ်ရာအားကစားကွင်း (ဘောလုံးကွင်း) တွင် ဈေးသူဈေးသားများက ဈေးယာယီရောင်းချရန်အတွက် ဈေးအကျိုးတော်ဆောင်များ မှတဆင့် တင်ပြ တောင်းဆိုသော်လည်း လက်ရှိအချိန်အထိ ရေရာသည့် အဖြေမရရှိသေးကြောင်း မင်္ဂလာဈေး ဈေးသူဈေးသားများက  ပြောသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ တွဲဘက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက “တမြို့လုံးမှာမှဒီကစားကွင်းလေး တခုရှိတာ၊ လူတစုအတွက် အဆင်ပြေပေမယ့် လူအများအတွက် ကြည့်ရမယ်လေ၊ ပြောင်းတယ်ဆိုလဲ အနည်းဆုံး ၂ နှစ်လောက်ကြာမယ်။ ဈေးဖြစ်တဲ့အတွက် နောက်ဆက်တွဲ သန့်ရှင်းမှုကိစ္စတွေရော ပါလာနိုင်လို့ ဂေါ်ရာကွင်းကို ပေးလို့မဖြစ်ပါဘူး” ဟု ပြောဆိုသည်။

ဂေါ်ရာဘောလုံးကွင်းသည် လူထုအပန်းဖြေ ဧရိယာပုံစံ မဟုတ်ဘဲ အားကစားဝါသနာပါသူများ မကြာခဏ ဘောလုံးကစားသည့် ကွင်းတခုဖြစ်ပြီး ကုန်စည်ပြပွဲများ ရံဖန်ရံခါ ပြုလုပ်လေ့ရှိသည့် မြို့လယ်ခေါင်ရှိအားကစားကွင်းတခု ဖြစ်သည်။

မန်းစည်ပင်ကော်မတီက ဈေးမီးကြောင့် နေရာဆုံးရှုံးခဲ့သည့် ပျံကျဈေးသည်များအတွက် ဈေးအနီးရှိ လမ်း ၃၀၊ ၃၁ လမ်း၊ ၇၂ လမ်းနှင့် ဆရာဝန်များ အသင်းတိုက်ရှေ့တွင် ဖွင့်လှစ်ရန် ယာယီနေရာ အစားပေးမည်ဖြစ်ကြောင်း သိရသည်။

ယင်းနေရာများအား ပျံကျဈေသည်များက ယနေ့မွန်းလွဲ ၃ နာရီတွင် မဲနှိုက်ရွေးချယ်ရမည်ဟု မင်္ဂလာဈေးတံခါးတွင် ကြေညာဘုတ်ထောင်ကာ အသိပေးထားသည်ကို တွေ့ရသည်။  အတည်ဆိုင်ခန်းများအတွက် ယာယီနေရာ ပေးရန်  စီစဉ်ဆဲဟု မန်းစည်ပင်ကော်မတီက သိရသည်။

ဈေးရောင်းကောင်းချိန် သင်္ကြန်ကာလ ဖြစ်သောကြောင့် အတည်၊ ပျံကျဈေးသည် ၅၀၀ ကျော်က အမြန်ဆုံး ဈေးပြန်လည် ရောင်းချနိုင်ရန် တာစူနေကြသည်။

“မီးလောင်ပြီး ဒုက္ခရောက်လို့ လမ်းဘေးထွက် ဈေးရောင်းရတာပါ၊ ဘယ်သူမှ လမ်းဘေးမှာ မထွက်ချင်ကြပါဘူး။ ည ၁ နာရီမှာ စည်ပင်က လာဖမ်းတယ်၊ သူတို့ပေးတဲ့ လမ်းကြားတွေက လုံခြုံမှုလည်း မရှိဘူး၊ ရပ်ကွက်သူ ရပ်ကွက်သားတွေအတွက် ရေရှည်ကျ အဆင်ပြေမှာလည်း မဟုတ်ဘူး” ဟူ ပျံကျကုန်စိမ်းသည် တဦးက ပြောသည်။

ဈေးသူဈေးသားများက မီးသင့်ခဲ့သည့် မင်္ဂလာဈေးကြီးအား အကြီးစား ပြင်ဆင်မှုပြုလုပ်ပြီး အမြန်ဆုံး ဈေးပြန်ဖွင့်နိုင်ရန် မျှော်လင့်နေကြကြောင်း ပြောဆိုသည်။

“ဒီဧရိယာအတိုင်းပြန်ပြီး ထွက်ချင်ပါတယ်၊ ဒါပေမယ့် ကျမတို့မှာ အခုထက်ထိ နေရာအတည်တကျ မရှိသေးဘူး။ အတည်တကျလေးဖြစ်အောင် လုပ်ပေးစေချင်ပါတယ်။  ဖျက်လိုက်ရင် ကာလက အရမ်းကြာသွားမယ်” ဟု မင်္ဂလာဈေးမှ ဈေးသည်တဦးက ပြောသည်။

မီးလောင်သွားသည့် မင်္ဂလာဈေး အဆောက်အအုံအား မန်းစည်ပင်ကော်မတီ၊ အင်ဂျင်နီယာအသင်း (မန္တလေး)၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ဆည်မြောင်းဦးစီးဌာန၊ နည်းပညာတက္ကသိုလ်မှ ကထိက အင်ဂျင်နီယာများ ပါဝင်သည့်အဖွဲ့ဖြင့် စစ်ဆေးလျက်ရှိကြောင်း မန်းစည်ပင်ကော်မတီမှ သိရသည်။

“လက်ရှိမှာ လူနေဖို့မသင့်တဲ့ အန္တရာယ်ရှိ အဆောက်အအုံအဖြစ် အင်ဂျင်နီယာတွေက သတ်မှတ်ထားတယ်။ RC အဆောက်အဦးမှာ အကြီးစား ပြင်ဆင်မှုဆိုတာ ရှိမှမရှိဘဲ၊ အဲဒါကြောင့်ဖျက်ပြီး လုပ်စရာရှိတာ လုပ်ရမှာလေ” ဟုမန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ တွဲဘက်အတွင်းရေးမှုး ဦးသက်နိုင်ထွန်းက ပြောသည်။

မတ်လ ၂၂ ရက်က ဖြစ်ပွားခဲ့သည့် မင်္ဂလာဈေးမီးကြောင့် စုစုပေါင်းငွေကျပ် သိန်းပေါင်း ၁ သောင်းကျော် (၁၀,၅၄၆.၆၀) ဆုံးရှုံးခဲ့ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက သတင်းထုတ်ပြန် ထားသည်။ ၎င်းအနက် အတည်ဆိုင်ခန်း ၂၉၈ ခန်း၊ ပျံကျဆိုင် ၅၀ နီးပါး ပျက်စီးဆုံးရှုံးခဲ့သည်။

Your Thoughts …
Tags: Business
မြတ်ပြည့်ဖြိုး

မြတ်ပြည့်ဖြိုး

ဧရာဝတီ

Similar Picks:

ငွေကြေးဖောင်းပွမှုဒဏ် ပြည်သူတွေခံနေရ (ရုပ်/သံ)

ငွေကြေးဖောင်းပွမှုဒဏ် ပြည်သူတွေခံနေရ (ရုပ်/သံ)

by ဧရာဝတီ
21 February 2025
368

မြန်မာနိုင်ငံရဲ့ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုတန်ဖိုး (GDP) တိုးတက်မှုနှုန်းဟာ ဒေသတွင်းနိုင်ငံတွေနဲ့ အာဆီယံနိုင်ငံတွေထက် နည်းပါးနေတယ်လို့ စစ်ခေါင်းဆောင်က ဖေဖော်ရီ ၁၁ ရက်က တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ တွေ့ဆုံပွဲမှာ ဝန်ခံ ပြောဆိုခဲ့ပါတယ်။

အမေရိကန်

အမေရိကန်ပိတ်ဆို့မှုအပြောင်းအလဲမှ စတီဗင်လော အကျိုးအမြတ်ရဖွယ်ရှိ

by Reuters
24 May 2016
13.2k

“အရေးယူပိတ်ဆို့မှုတွေက တနိုင်ငံလုံးအပေါ် လွှမ်းမိုးဖို့ ရည်ရွယ်တာမဟုတ်ပေမယ့် သူတို့ရဲ့ ပစ်မှတ်တွေ ဖြစ်တဲ့ ပိတ်ဆို့မှု စာရင်းဝင် လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေ က ကုန်သွယ်ရေးနဲ့ စီးပွားရေး အပေါ် သက်ရောက်မှုရှိတဲ့ အခြေခံ အဆောက်အဦ ကဏ္ဍကို ထိန်းချုပ်ခြင်းလိုမျိုး နေရာတွေကနေ...

ဦးတေဇ, ယူရေနီယမ် , နျူကလီးယား

ယူရေနီယမ် သတ္တု ရရှိကြောင်း ဦးတေဇ ထုတ်ဖော်ပြောဆို

by သစ်နေမိုး
20 January 2015
11.3k

နျူကလီးယား ထုတ်လုပ်မှုတွင် အသုံးဝင်သော အဖိုးတန်ရှားပါး သတ္တု ယူရေနီယံဟု ယူဆရသည့် သတ္တု အနည်းငယ်ကို ယခုလ အတွင်း ဦးတေဇက ရရှိခဲ့ပြီး အစိုးရသို့ လွှဲပြောင်း ပေးအပ် ခဲ့ကြောင်း သိရသည်။

စက်သုံးဆီဆိုင်

စက်သုံးဆီဆိုင် ဖွင့်လှစ်ရန် ဆိုင်နေရာဝန်းကျင်ရှိ ပြည်သူ ထောက်ခံချက်ရရှိရေး ခက်ခဲဟုဆို

by မေစိုးစံ
3 May 2016
5.1k

စက်သုံးဆီဆိုင်များ ဖွင့်လှစ်ရာတွင် ဆိုင်ဖွင့်လှစ်မည့်နေရာရှိ ပတ်ဝန်းကျင်ပြည်သူများ၏ ထောက်ခံချက် မရရှိခြင်းကြောင့် စက်သုံး ဆီဆိုင် ဖွင့်လှစ်နိုင်သည့် အရေအတွက်အောက် ၁၀ ပုံ ၁ ပုံသာ ဖွင့်နိုင်ကြောင်း သိရသည်

ကမ္ဘာကျော် G-Shock နာရီ တီထွင်သူ ပညာရှင် မစ္စ္စတာ ကီကူအို အီဘေးနှင့်တွေ့ဆုံခြင်း

ကမ္ဘာကျော် G-Shock နာရီ တီထွင်သူ ပညာရှင် မစ္စ္စတာ ကီကူအို အီဘေးနှင့်တွေ့ဆုံခြင်း

by ဧရာဝတီ
9 March 2015
5.9k

G-Shock နာရီက ကိုယ်ထည် ပိုထူနေပေမယ့် ကျနော့်အဓိက ရည်ရွယ်ချက်က ခိုင်ခံ့မာကျောပြီး အမြင့်က ပြုတ်ကျလည်း မကွဲတဲ့ နာရီကို တီထွင်ဖို့ ဖြစ်တဲ့အတွက် အခုအချိန်မှာ မရောင်းရဘူး ဆိုရင်တောင် အနာဂါတ်မှာ ရောင်းရလိမ့်မယ်

ရွှေ , မြန်မာ့ရွှေဈေးကွက် , စီးပွားရေး , အမေရိကန်ဒေါ်လာ , ငွေလဲနှုန်း

၅ နှစ်အတွင်း ရွှေဈေး အနိမ့်ဆုံး ကျဆင်းရခြင်း၏ အကြောင်းအရင်းများ

by ဧရာဝတီ
27 July 2015
33.1k

ရင်းနှီးမြှုပ်နှံ မှုများသည် အမြတ်နှင့် မူလငွေကြေး အရင်းအနှီး ပြန်လည်ရရန် နည်းပါးပြီး စီးပွားရေး အခြေအနေ မကောင်း ခဲ့သည့်အတွက် ရင်းနှီးမြှုပ်နှံသူများက သူတို့ ငွေကြေးများကို ရွှေဝယ်ယူ စုဆောင်းရာတွင် အသုံးချခဲ့ကြသည်။

Next Post
ကျော်ဆွေ

တပ်ကရွေးတဲ့ ဝန်ကြီး ဗိုလ်ချုပ်တွေ

NLD အစိုးရသစ်လက်ထက် ဘာတွေ ရင်ဆိုင်ဖြေရှင်းရမလဲ

NLD အစိုးရသစ်လက်ထက် ဘာတွေ ရင်ဆိုင်ဖြေရှင်းရမလဲ

No Result
View All Result

Recommended

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.5k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

6 days ago
2.4k

Most Read

  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate