ရန်ကုန်-စစ်တွေသို့ ပျံသန်းမည့် FMI လေယာဉ်သည် ယနေ့ မွန်းလွဲပိုင်း စက်ချို့ယွင်းမှုဖြစ်ပေါ်ခဲ့ခြင်းကြောင့် မြေပြင်သို့ နှစ်ကြိမ်တိုင် ပြန်လည် ဆင်းသက်ခဲ့ရသော်လည်း အဆိုပါ လေယာဉ်ဖြင့် ပြန်တက်ရန် ကြိုးစားနေကြောင်း FMI လေကြောင်းလိုင်းမှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ အတည်ပြုပြောကြားသည်။
“စက်ချို့ယွင်းမှုကြောင့် လေယာဉ် နှစ်ခေါက် ပြန်ဆင်းခဲ့ရတာပါ။ အခု Teachnical Team တခုလုံးကနေ စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုနဲ့ ပတ်သက်ပြီး အကြောင်းပြချက် ရှာနေပါပြီ။ တိတိကျကျ ပြောလို့တော့ မရသေးပါဘူး။ စစ်တွေလေဆိပ်ကို မီးထိုးပြီးဆင်းလို့ရတဲ့အတွက် ဒီဘက်က လေယာဉ်ပြန်ကောင်းတယ်ဆိုရင် အဲ့ဒီ လေယာဉ်နဲ့ပဲ ပြန်တက်ဖို့ ကြိုးစားနေပါ တယ်”ဟု FMI တာဝန်ရှိသူက ဆိုသည်။