သတင်း

“အဘ” မခေါ်နဲ့ လို့ မန္တလေးတိုင်း ဝန်ကြီးချုပ် သတိပေး

This article has been converted from Zawgyi One to Unicode

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ဝန်ထမ်းများအနေဖြင့် ၎င်းကို “အဘ”ဟု မခေါ်ကြရန် သတိပေး လိုက်ပြီး ခရီးဦးကြိုပြုခြင်း၊ မတ်တပ်ရပ်၍ အရိိုအသေပေးခြင်းများ မပြုလုပ်ကြရန် သတိပေး ပြောဆိုလိုက်သည်။

မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က အစိုးရအဖွဲ့ရုံးများ လိုက်လံစစ်ဆေးစဉ် ဝန်ထမ်းများက “အဘ” ဟု ခေါ်ဆိုသည့် အပေါ် သတိပေးပြောဆိုလိုက်ခြင်းဖြစ်သည်။

ယနေ့ မန္တလေးတိုင်းလွှတ်တော်တွင် ဒေါက်တာဇော်မြင့်မောင်သည် မန္တလေးတိုင်းဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီးနောက် ဝန်ကြီးချုပ်တာဝန်ထမ်းများ စတင်ထမ်းဆောင်ပြီး လွှတ်တော်သို့ ပထမဆုံးအကြိမ် မိန့်ခွန်း ပြောကြားခဲ့သည်။
မန္တလေးတိုင်းလွှတ်တော်တွင် ပြောကြားသော မိန့်ခွန်းတွင် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲမထားဘဲ မဏ္ဍိုင်သုံးရပ် အပြန် အလှန် ထိန်းကျောင်း ဆောင်ရွက် သွားကြရန် ယနေ့ကျင်းပသည့် တိုင်းဒေသကြီးလွွှတ်တော်တွင် တိုက်တွန်း ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၏ ပထမဆုံးအကြိမ် မိန့်ခွန်းတွင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး မဏ္ဍိုင်သုံးရပ်က အပြန်အလှန်ထိန်းကျောင်းကာ ပြည်သူ့အကျိုးကို ဆောင်ရွက်ပေးသွားရမည် ဆိုသည့်အချက် အား အလေးအနက်ထားပြောကြားသွားသည်။

ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က “မဏ္ဍိုင်သုံးရပ်က အာဏကို ခွဲဝေသုံးစွဲသွားမှာ ဖြစ်ပါတယ်၊ ကျနော်တို့
အုပ်ချုပ်ရေးမဏ္ဍိုင်ကိုလည်း လွှတ်တော်က ထိန်းမတ် စောင့်ကြပ်ပေးဖို့ တောင်းဆိုပါတယ်၊ ဒီအတွက် ကျေကျေနပ်နပ်ကြီးတာဝန်ယူမှာ ဖြစ်ပါတယ်” ဟု ထည့်သွင်းပြောကြား ခဲ့သည်။

ဒုတိယအကြိမ် တိုင်းလွှတ်တော် ပထမပုံမှန်အစည်းအဝေးကာလအတွင်း လွှတ်တော်ရေးရာကေ်ာမတီ ၁၄ ခုဖွဲ့စည်းခဲ့ပြီးဖြစ်သည်။

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်အနေဖြင့် ယခင်အစိုးရလက်ထက်က ခွင့်ပြုခဲ့သည့် စီမံကိန်းများနှင့် ပတ်သက် ပြီး ပြန်လည်လေ့လာသုံးသပ်သွားမည်ဖြစ်ရာ တိုင်းအတွက် နစ်နာစေမည့်စီမံကိန်းများ ရှိနေပါက လိုအပ်ချက် များကို ညှိနှိုင်းဆောင်ရွက်သွားရန် အစီအစဉ်ရှိသည်ဟု ၎င်းက ဆိုသည်။

“အစိုးရပ်တရပ်ရဲ့ တာဝန်က အရင်ကဟာကိုလွဲယူရတာ၊ စာချုပ်ချုပ်ပြီးသွားရင် နောက်အစိုးရက လက်သင့်ခံ ရ တာ ဒါဥပဒေပဲ၊ အဲဒါတော့ ဘာမှလုပ်လို့မရပေမယ့် Term & Condition တွေကိုတော့ ပြင်လို့ရတယ်၊ ဒီစီမံကိန်း တွေက ပြည်သူ့ကို တကယ်ပဲ အကျိုးရှိလားမရှိလားဆိုတာ ကျနော်တို့ ပထမဆုံးလေ့လာ ရမှာ ဖြစ်ပါတယ်၊ ခုတော့ဒီလောက်ပဲ ပြောနိုင်ပါသေးတယ်” ဟု ပြောသည်။

မန္တလေးတိုင်းဒေသကြီး မပြီးပြတ်သေးသည့် စီမံကိန်းများ၊ ဒေသခံများအတွက် အကျိုး မရှိနိုင်သည့် စီမံကိန်းများ နှင့် စပ်လျဉ်းပြီး သက်ဆိုင်ရာ ပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးကာ လိုအပ်ချက်များအား ပြန်လည် ပြင်ဆင် ညှိနှိုင်း သွားမည်ဟု ဒေါက်တာဇော်မြင့်မောင်က ဆိုသည်။

Loading