သတင်း

မြစ်ဆုံစီမံကိန်း စာချုပ် မဖတ်ရသေးဟု ဒေါ်အောင်ဆန်းစုကြည်ပြော

This article has been converted from Zawgyi One to Unicode

သမ္မတဟောင်းဦးသိန်းစိန်အစိုးရလက်ထက် ရပ်ဆိုင်းထားသော ဧရာဝတီမြစ်ဆုံရေအားလ ျှပ်စစ်စီမံကိန်းနှင့် ပတ်သက်၍ ချုပ်ဆိုထားသော စာချုပ်ကို မဖတ်ရသေး၍ ပြည်သူကို မချပြနိုင်သေးကြောင်း မြန်မာအစိုးရ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

မြန်မာနိုင်ငံသို့ လာရောက်သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်တို့ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနအဆောက်အအုံတွင် တွေ့ဆုံအပြီး ပူးတွဲ သတင်းစာရှင်းပွဲ တွင် သတင်းမီဒီယာများ၏ မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍ မေးမြန်းချက်ကို ဒေါ်အောင်ဆန်းစုကြည်က အထက်ပါ အတိုင်း ဖြေကြားပြောဆိုခဲ့ခြင်းဖြစ်သည်။

“စာချုပ်(မြစ်ဆုံ စီမံကိန်း)ကို ကျမတောင်မှ မဖတ်ရသေးဘူး။ အဲဒီတော့ ပြည်သူလူထုကို ဘယ်လို ချပြရမလဲ။ ထူးထူး ထွေထွေတော့ ဒီကိစ္စကို မပြောခဲ့ပါဘူး။ ယေဘုယျလောက်ပဲ ခြုံပြီး ပြောခဲ့ပါတယ်။ ကျမတို့ အစိုးရကို ဂုဏ်ပြုဖို့ ရောက်လာတဲ့ ခရီးစဉ် ဖြစ်ပါတယ်။ တခြားကိစ္စတွေကို အသေးစိတ်ဘာမှ မဆွေးနွေးခဲ့ပါဘူး” ဟုဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

တရုတ်နိုင်ငံခြားရးဝန်ကြီးဝမ်ရိကမူ မြန်မာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးလိုသည့် ဆန္ဒရှိပြီး တရုတ်နိုင်ငံက ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများကြောင့်လည်း ဒေသခံပြည်သူများ အကျိုး ဖြစ်ထွန်းစေရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ပြီး နှစ်နိုင်ငံ အကျိုးဖြစ်ထွန်းစေရေး ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောဆိုသွားသည်။

Loading