သတင်း

မန္တလေး သင်္ကြန်မှာ ငွေဖလားနဲ့ သပြေခက်ကိုင် ရေကစားမယ်

This article has been converted from Zawgyi One to Unicode

မြန်မာ့ရိုးရာ သင်္ကြန်ပုံရိပ်ကို ပြန်လည်ဖော်ထုတ်တဲ့ အစီအစဉ်တခုအနေနဲ့ ယခုနှစ်မန္တလေးသင်္ကြန်မှာ ငွေဖလားနဲ့ သပြေခက်ကိုင်ပြီး ရေကစားကြမယ်လို့ မြန်မာ့အမျိုးသမီး၊ စီးပွားရေးနဲ့ လူမှုရေးအသင်း (မန္တလေး) ဥက္ကဋ္ဌ ဒေါ်ခင်လေးမြင့်က ပြောဆိုပါတယ်။

“ငွေဖလားနဲ့ သပြေခက် ရေပက်တယ်ဆိုတာ ၁၉၉၀ ခုနှစ် နောက်ပိုင်းကတည်းက ကွယ်ပျောက်သွားတယ်။ ဒါကို ပြန်အစဖော်ချင် တာကြောင့် အခုလိုလုပ်ဖြစ်တာပါ”လို့ သူက ဆိုပါတယ်။

သင်္ကြန်ကာလအတွင်း ငွေဖလားနဲ့သပြေခက် ရေကစားကြမယ့် အစီအစဉ်ကို မန္တလေးမြို့ အမျိုးသား ကဇာတ်ရုံဝင်းအတွင်းမှာ ရေ ကစားကြမှာဖြစ်တာကြောင့် မည်သူမဆို လာရောက်ကစားနိုင်တယ်လို့ ဆိုပါတယ်။

ဒီလိုရေပက်ဖြန်း ကစားကြရာမှာ သင်္ကြန် ၅ ရက်လုံးစာအတွက် လက်မှတ်တစောင်လျှင် ၂၀၀၀ ကျပ်နှုန်းနဲ့ ရောင်းချပေးမယ်လို့ သိရ ပါတယ်။

ရေကစားကြမယ့်သူတွေအတွက် အမျိုးသား ကဇာတ်ရုံ ဝင်းအတွင်းမှာ ပေပါများ၊ လောင်းလှေများ စီစဉ်ပေးထားပြီး လူဦးရေ ၁၀၀၀၀ စာအထိ လာရောက် ကစားနိုင်ဖို့ ပြင်ဆင်ထားတယ်လို့ ဒေါ်ခင်လေးမြင့်က ပြောပါတယ်။

ဒါ့အပြင် လာရောက်ကစားကြမယ့် သူတွေအတွက် မန္တလေးမြို့ရဲ့ အထင်ကရ အစားအသောက်များဖြစ်တဲ့ မန္တလေးမုန့်တီ၊ မြီးရှည် စတာတွေကို ရောင်ချပေးမယ့်အပြင် ရိုးရာအကတွေနဲ့လည်း ဖျော်ဖြေပေးမယ်လို့ သိရပါတယ်။

Loading