• English
Sunday, June 22, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ရှောင် ခမီတိုင်းရင်းသား ၆၀ ကျော် စားနပ်ရိက္ခာ အကူအညီများ လိုအပ်နေ

by မင်းအောင်ခိုင်
25 April 2016
in သတင်း
A A
ရခိုင်ပြည်နယ်

ဘူသီးတောင်မြို့နယ် စည်တောင်ကျေးရွာသို့ ခိုလှုံလာသော စစ်ရှောင်ဒုက္ခသည်များ (ဓာတ်ပုံ - မင်းသိမ်းခိုင်/စိုင်းဒင်)

2.1k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်မတော်(AA) နှင့် အစိုးရတပ်မတော်ကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ကျောက်တော်မြို့နယ် အတွင်းသို့ ဝင်ရောက်ခိုလှုံလာသည့် ရခိုင်မျိုးနွယ်စုဝင် ခမီတိုင်းရင်းသား ၆၀ ကျော် နေစရာနှင့် စားနပ်ရိက္ခာ အရေးပေါ် အကူ အညီများ လိုအပ်နေကြောင်း သိရသည်။

ထွက်ပြေးတိမ်းရှောင်လာကြသည့် ခမီတိုင်းရင်းသားများသည် တိုက်ပွဲဖြစ်ပွားရာ ဒေသတခုဖြစ်သည့် ပုဏ္ဏားကျွန်းမြို့နယ် နတ် သရွေး တောင်ကြောအနီး မောင်နှမကျေးရွာမှ ဖြစ်ကြောင်း၊ ၎င်းတို့သည် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ၍ ကျောက်တော်မြို့နယ် သလူချောင်း ကျေးရွာအုပ်စု ပညာ၀ ကျေးရွာသို့ ဧပြီလ ၂၂ ရက်က ဝင်ရောက်ခိုလှုံလာခြင်း ဖြစ်ကြောင်း အကူအညီ ပေးနေသူများက ပြောသည်။

RelatedPosts

မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

21 June 2025
80
မဲဆောက်မှာ လျှပ်စစ်ဆိုင်ကယ်နဲ့ သုံးဘီးတွေကို ဆက်တိုက်ဖမ်းနေ (ရုပ်/သံ)

မဲဆောက်မှာ လျှပ်စစ်ဆိုင်ကယ်နဲ့ သုံးဘီးတွေကို ဆက်တိုက်ဖမ်းနေ (ရုပ်/သံ)

21 June 2025
71
Jurassic World Rebirth ရုပ်ရှင် ရိုက်ကူးရေးက ထိုင်းစီးပွားရေးကို အကျိုးဖြစ်စေမယ်လို့ ဆို

Jurassic World Rebirth ရုပ်ရှင် ရိုက်ကူးရေးက ထိုင်းစီးပွားရေးကို အကျိုးဖြစ်စေမယ်လို့ ဆို

21 June 2025
340

ထွက်ပြေးလာကြသူ အများစုသည် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ ပါဝင်ပြီး အမျိုးသား ၃၆ ဦး၊ အမျိုးသမီး ၂၆ ဦး၊ စုစုပေါင်း ၆၂ ဦး ဖြစ်ကြောင်း ခမီ တိုင်းရင်းသားများအား ကူညီပေးနေသည့် ပညာ၀ ကျေးရွာ ဒေသခံ ဦးကျော်ဇံကလည်း ပြောပြသည်။

“ရွာကို ရောက်နေတယ်ဆိုတာ ဟုတ်ပါတယ်။ အားလုံး ၆၂ ယောက်ပါ။ အဲဒီရွာမှာ မနေရဲတော့လို့ လာကြတာလို့ ပြောတယ်။ သူတို့မှာ ဘာမှလည်း ပါမလာဘူး။ ကျနော်တို့ ရွာမှာလည်း သူတို့ကိုထားမယ့် နေရာတွေ မရှိတော့  တစ်အိမ်မှာ လူ ၅ ယောက် ၊ ၆ ယောက် အဲဒီလိုမျိုးခွဲပြီး အဆင်ပြေအောင် နေရာပေးထားရတာပေါ့။ ဖြစ်နိုင်မယ်ဆိုရင် အမြန်ဆုံး စားရေးသောက်ရေး အတွက် ဆန် တွေ ကူညီပေးကြပါလို့ ပြောချင်ပါတယ်”ဟုလည်း ဦးကျော်ဇံက ဧရာဝတီကို ပြောသည်။

ယခု ရှောင်တိမ်းလာသော ခမီတိုင်းရင်းသာများသည် ရွှေ့ပြောင်းတောင်သူ အလုပ်ဖြင့် အသက် မွေးဝမ်းကျောင်းပြုသူများ ဖြစ်ကြကြောင်း သိရသည်။

အလားတူ ၎င်းတို့ လာရောက်ခိုလှုံနေထိုင်နေသည့် ပညာဝကျေးရွာ ဒေသခံများသည် တောင်ယာလုပ်ငန်းဖြင့် အသက် မွေးဝမ်းကျောင်း ပြုနေသူများဖြစ်၍ စစ်ရှောင်လာကြသည့် ခမီတိုင်းရင်းသားများ၏ စားရေးသောက်ရေးကို ကူညီပေးနိုင်ခြင်း မရှိသဖြင့် အရေးပေါ် အကူအညီ လိုအပ်နေရခြင်း ဖြစ်သည်ဟု ပညာ၀ ကျေးရွာသားများက ပြောသည်။

ရခိုင်ပြည်နယ်အတွင်း စစ်ပွဲများကြောင့် နေရပ်စွန့်ခွာ ရှောင်တိမ်းနေရသူများသည် ဘူသီးတောင်မြို့နယ် စည်တည် ကျေးရွာတွင် လူဦး ရေ ၃၀၀ ကျော်၊ ရသေ့တောင် မြို့နယ် ပဲသတူချောင်း ကျေးရွာတွင် လူဦးရေ ၁၀၀ ကျော်နှင့် ကျောက်တော်မြို့နယ် ပညာဝကျေးရွာတွင် လူဦးရေ ၆၀ ကျော်တို့  ဖြစ်ကြပြီး စစ်ရှောင်အများစုသည် တောင်ယာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေကြ သည့် ခမီ တိုင်းရင်းသားများဖြစ်ကြောင်း သိရသည်။

AA နှင့် အစိုးရတပ်မတော်တို့သည် ဧပြီလ ၁၆ ရက်က စတင်ပြီး ဘူသီးတောင်မြို့နယ်နှင့် ရသေ့တောင်မြို့နယ်အစပ် လောရမ တောင်တန်း ၊ ပုဏ္ဏားကျွန်းမြို့နယ်အပိုင် နတ်သရွေး တောင်ကြောများတွင် တိုင်ပွဲများဖြစ်ပွားခဲ့ပြီး ယခုအချိန်ထိ ရပ်တန့်ခြင်း မရှိသေး ဘဲ တိုက်ပွဲများ ဖြစ်ပွားသံများကို မကြာခဏ ကြားနေရသေးကြောင်း ပညာ၀ ကျေးရွာသားများက ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော စစ်ပွဲများ ရပ်တန့်ရန် ရခိုင် အင်အားကြီးပါတီ တခုဖြစ်သည့် ရခိုင်အမျိုးသားပါတီ (ANP) က ဧပြီလ ၂၃ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ရခိုင်ပြည်နယ်အတွင်းမှ လူမှုရေး အဖွဲ့အစည်းများကလည်း စစ်ပွဲရပ်တန့်ရေးအတွက် ဆန္ဒပြတောင်းဆိုမည် ဖြစ်ကြောင်း သိရသည်။

Your Thoughts …
မင်းအောင်ခိုင်

မင်းအောင်ခိုင်

Senior Reporter

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112.9k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.4k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.4k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.1k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.5k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
စေတီ

အငြင်းပွားဖွယ် စေတီတည်နေမှု တားဆီးမည်ဟု ကရင်ပြည်နယ် သာသနာရေး ဝန်ကြီး ပြော

ထွန်းထွန်း

ထွန်းထွန်း(Examplez) ရဲ့ပထမဆုံးတကိုယ်တော်စီးရီး ထွက်မည်

No Result
View All Result

Recommended

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

6 days ago
4.6k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

2 days ago
3.8k

Most Read

  • စစ်ကိုင်း- ရွှေဘိုလမ်း တိုက်ပွဲ သံချပ်ကာကားများပါ သုံးလာ

    စစ်ကိုင်း- ရွှေဘိုလမ်း တိုက်ပွဲ သံချပ်ကာကားများပါ သုံးလာ

    shares
    Share 0 Tweet 0
  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0
  • အသက်အရွယ်ကြီးရင့်တဲ့ NLD ခေါင်းဆောင်တွေ ထောင်ထဲမှာ ဆက်လက် ဒုက္ခခံစားနေရ

    shares
    Share 0 Tweet 0
  • မြောင်းမြမှ ကျောင်းသူချင်း အုပ်စုဖွဲ့ အနိုင်ကျင့်မှု ပြည်သူတို့ ဝေဖန်

    shares
    Share 0 Tweet 0
  • အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate