သတင်း

ဒေသတွင်း ရေစီမံ အသုံးချမှုတွင် အမျိုးသမီးများပါဝင်နိုင်ရေး ခက်ခဲနေ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ဒေသ ရေအရင်းအမြစ် အသုံးချ စီမံမှုများ လုပ်ဆောင်ရာတွင် အမျိုးသမီးများ ပါဝင်နိုင်ရေး အတားအဆီး အခက်အခဲများ ရှိနေကြောင်း အေးချမ်းမြန်မာ အင်စတီကျူ(Gender and Development Institute)၏ သုတေသန စာတမ်းအရ သိရသည်။

GDI က ရေစီမံ အသုံးချရာတွင် ကြုံတွေ့ရသည့် ကျား/မ (Gender) ကိစ္စ္စများနှင့် ပတ်သက်သော သံလွင်မြစ် ကြောင်း တလျှောက်တွင် လေ့လာမှုမှ တွေ့ရှိချက်များနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို ဧပြီ ၂၈ ရက် က ရန်ကုန်မြို့၊ Summit Parkview ဟိုတယ်၌ ပြုလုပ်ခဲ့သည်။

ယင်း သုတေသနစာတမ်းသည် ရေသုံးစွဲမှုစီမံခြင်း ကို လေ့လာထားခြင်းဖြစ်ပြီး အထူးသဖြင့် ရေ အရင်းအမြစ်နှင့် ရေဝေရေလဲ ဒေသ ကာကွယ်ခြင်းတွင် အမျိုးသမီးများ ပါဝင်မှု အရေးကြီးပုံကို သဘောပေါက်လာစေရန် အသိအမြင် နှိုးဆော်ခြင်း ဖြစ်သည်ဟု GDI ဒါရိုက်တာ ဒေါ်လမိုင်ဂျာရာက ပြောသည်။

“အမျိုးသမီးတွေရဲ့ ပါဝင်မှု တော်တော်နည်းတယ်။ အမျိုးသမီးများကို နည်းမျိုးစုံ နဲ့ ခွဲခြားထားမှု အားလုံးပပျောက်ရေး သဘောတူစာချုပ် (CEDAW) ကို လက်မှတ်ထိုးထားတဲ့ အစိုးရအနေနဲ့ ဘယ်ကိစ္စရပ်မှာမဆို ကျား/မ (Gender) တန်းတူမှုကို ထည့်သွင်းစဉ်းစားရမယ်ဆိုတာ သိစေချင်လို့ပါ” ဟု ဒေါ်လမိုင်ဂျာရာ က ရှင်းပြသည်။

ဒေသ ရေအသုံးချ စီမံမှုတွင် အမျိုးသမီးများ ပါဝင်နိုင်ရေးကို အတားအဆီး ဖြစ်စေသည့် ကိစ္စများကို သုတေသနပြုရာတွင် ကျေးလက်ဒေသများ၏ ရေအသုံးပြုမှုပုံစံတွင် အမျိုးသမီးများသည် ချက်ပြုတ်ခြင်း၊ လျှော်ဖွတ်ခြင်း၊ နေအိမ် သန့်ရှင်းရေး ပြုလုပ်ခြင်းကဲ့သို့သော ဝင်ငွေမရသည့် အလုပ်များအတွက် အသုံးပြုကြပြီး အမျိုးသားများက စီးပွားဖြစ် စိုက်ပျိုးခြင်း၊ ဈေးရောင်းခြင်းကဲ့သို့သော ဝင်ငွေရသည့်လုပ်ငန်းများ အတွက် အသုံးပြုကြသည်ဟု ဆိုသည်။

တချို့သော ရေရရှိသည့် နေရာများသည် လက်နက်ကိုင် ပဋိပက္ခ အရိပ်များ လွှမ်းမိုးနေသည့် နေရာများဖြစ်နေ၍ အမျိုး သမီးများအနေဖြင့် လုံခြုံမှုမရှိဟု ခံစားရသဖြင့် ယင်းနေရာသို့ မသွားလိုသောအခါ အမျိုးသမီးများ၏ ရေသုံးစွဲမှုကို အလိုအလျောက် ကန့်သတ်လိုက်သကဲ့သို့ ဖြစ်နေကြောင်း စာတမ်းတွင်ပါရှိသည်။

အမျိုးသမီးများ အနေဖြင့် ရေအရင်းအမြစ် စီမံရာတွင် မပါဝင်နိုင်ရန် တားဆီးထားသည့် နောက်ထပ်အချက် တချက်မှာ ရိုးရာယုံကြည် မှုအရ နတ်ပူဇော်ရသည့် ရေအရင်းအမြစ် ရှိရာနေရာများသို့ အမျိုးသားများသာ သွားလာနိုင်ခြင်း ဟူသည့် အချက်လည်း ပါဝင်လျက်ရှိသည်။
၂၀၁၅ ဇူလိုင်တွင် မြန်မာနိုင်ငံအဆင့် ရေအရင်းအမြစ်ကော်မတီကို ဖွဲ့စည်းခဲ့ပြီးနောက် နိုင်ငံအဆင့် ရေမူဝါဒကို ၂၀၁၄ တွင် ချမှတ်ခဲ့ကြောင်း၊ နိုင်ငံအဆင့် ရေအသုံးချမှု ဥပဒေကို ပြုစုရေးဆွဲ လျက်ရှိကြောင်း၊ နိုင်ငံအဆင့် ရေမူဝါဒနှင့် ရေ အသုံးချ ဥပဒေ မူကြမ်း ရေးဆွဲရာတွင် တန်းတူ ပါဝင်ခွင့်ရရှိရန်၊ ဒေသ ရေစီမံမှု အားကောင်းစေရန်အတွက် gender အမြင်ဖြင့် ဆောင်ရွက်ရန် လိုအပ်ကြောင်း သုတေသနစာတမ်းက တိုက်တွန်းထားသည်။

ယင်းသုတေသန စာတမ်းကို ရှမ်းပြည်နယ် အတွင်းရှိ ကွန်ဟိန်း၊ ကာလိ၊ မိုင်းပန်၊ မိုင်းတုံ၊ တောင်ကြီး၊ ကယားပြည်နယ် ရှိ လွိုင်ကော်၊ ရှားတော၊ ဖားဆောင်း နှင့် ကရင်ပြည်နယ် ရှိ လှိုင်းဘွဲ့၊ ကော့ကရိတ်၊ သံတောင်ကြီး၊ ဘောဂလိ မြို့နယ်များတွင် ၂၀၁၆ ဖေဖော်ဝါရီလမှ မတ်လအတွင်း ကွင်းဆင်းကာ သုတေသန ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

GDI မှ ဦးစီးပြီး Union of Karenini State Youth(UKSY)၊ Women Network-Shan (WN)၊ Mong Pan Youth Association (MPYA)၊ Hsarmuhtaw၊ Young Women Christian Association (Taunggyi) နှင့် Thwee Community Development Network(TCDN) အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading