• English
Saturday, June 21, 2025
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြန်မာ့သတင်းလွတ်လပ်ခွင့် ရုန်းကန်နေရဆဲ

by သူဇာ
3 May 2016
in သတင်း
A A
သတင်းမီဒီယာ

လွှတ်တော်တွင် သတင်းမီဒီယာများ သတင်းယူခွင့်မရှိဟု ထုတ်ပြန်ထားသော အနီရောင် စာတမ်း။(ဓာတ်ပုံ-ဧရာဝတီ)

1.6k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံတွင် သတင်းမီဒီယာ လွတ်လပ်ခွင့် အပြည့်အ၀ ရရှိရေး သတင်းမီဒီယာသမားများနှင့် ပူးပေါင်း ဆောင်ရွက် သွားမည်ဟု ပြန်ကြားရေးဝန်ကြီးဒေါက်တာဖေမြင့်က ယနေ့ ချက်ထရီယမ် ဟိုတယ်တွင် ကျင်းပသော ကမ္ဘာ့စာနယ် ဇင်း လွတ်လပ်ခွင့်နေ့ အထိမ်းအမှတ်ပွဲအပြီးတွင် သတင်းမီဒီယာများကို ထုတ်ဖော်ပြောဆိုလိုက်သော်လည်း မြန်မာ့ သတင်းလွတ်လပ်ခွင့်မှာ ရုန်းကန်နေရဆဲ အခြေအနေတွင်ရှိနေကြောင်း သတင်းမီဒီယာသမားများက ပြောဆို ကြသည်။

“ ကျနော်တို့က စာနယ်ဇင်းလွတ်လပ်ခွင့်ကို သတင်းမီဒီယာမိတ်ဆွေတွေ အားလုံးနဲ့ စုတွဲပြီးတော့ တတ်နိုင် သ လောက် ကျနော်၊ တတ်နိုင်သလောက်ဆိုတာထက် ကျနော် အစွမ်းကုန် ဆောင်ရွက်ဖို့ အာသီသ ရှိပါတယ်လို့ ပြောချင် ပါတယ်” ဟု ဒေါက်တာဖေမြင့်က ဆိုသည်။

RelatedPosts

စစ်ကိုင်း- ရွှေဘိုလမ်း တိုက်ပွဲ သံချပ်ကာကားများပါ သုံးလာ

စစ်ကိုင်း- ရွှေဘိုလမ်း တိုက်ပွဲ သံချပ်ကာကားများပါ သုံးလာ

20 June 2025
1.5k
စစ်ကောင်စီအမြစ်မပြတ်သရွေ့ ဘယ်နယ်မြေသိမ်းပိုက်မှုမှ အာမခံချက်မရှိဘူး (ရုပ်/သံ)

စစ်ကောင်စီအမြစ်မပြတ်သရွေ့ ဘယ်နယ်မြေသိမ်းပိုက်မှုမှ အာမခံချက်မရှိဘူး (ရုပ်/သံ)

20 June 2025
55
မြန်မာစစ်တပ် ကလေးစစ်သား စုဆောင်းအသုံးပြုမှု တိုးလာဟု HRW ပြော

မြန်မာစစ်တပ် ကလေးစစ်သား စုဆောင်းအသုံးပြုမှု တိုးလာဟု HRW ပြော

20 June 2025
190

အစိုးရသစ်တက်လာပြီးနောက် အစိုးရပိုင် စာနယ်ဇင်းနှင့် မီဒီယာများတွင် သတင်းတင်ပြပုံများ ပြောင်းလဲသွားခဲ့ သည့် အပြင် အစိုးရရုပ်သံ၊ ရေဒီယိုများတွင်လည်း ဖြေလေ ျှာ့မှုများရှိလာကြောင်း၊ သို့ရာတွင် ပုဂ္ဂလိမီဒီယာများ ဖွံ့ဖြိုး တိုး တက် ရေးနှင့် သတင်းရယူခွင့်အတွက် အခက်အခဲများရှိနေဆဲဖြစ်ကြောင်း သတင်းသမားများက ဆိုကြသည်။

“ပြည်ထောင်စု လွှတ်တော်မှာဆိုလို့ရှိရင် သတင်းသမားတွေ သတင်းရယူဖို့ Media Center ထားပေးတာမျိုး လုပ်ပေး ဖို့ လိုတယ်။လွှတ်တော်ဆိုတာ တကမ္ဘာလုံးက သတင်းသမားတွေက လာကြတာမို့ နိုင်ငံတကာအဆင့်မီ Meida Center ထားပေးဖို့လိုတယ်။ အခုဟာ တကယ့်ကို နေရာကျဉ်းကျဉ်းလေးမှာ အလုပ်လုပ်နေရတာ။ ဒါ့အပြင် အစိုးရ အနေနဲ့လည်း သတင်းသမားတွေကို အလေးထားဖို့လိုတယ်။ သတင်းသမားတွေ လိုရင် သုံး၊ မလိုရင် ဘေးဖယ် ထားတဲ့ အခြေအနေမျိုးတွေ အများကြီးပဲ။ သတင်းသမားတွေက အသုံးချခံနေရဆဲ အနေထားမှာပဲရှိတယ်” ဟု သတင်းစာဆရာမ ဒေါ်မွန်မွန်မြတ်ကပြောသည်။

7 Day သတင်းစာ၏ အယ်ဒီတာတဦးဖြစ်သူ ကိုသီဟကမူ လက်ရှိအခြေအနေသည် ပြည်သူလူထု ရွေးကောက် တင်မြှောက်ထားသော အစိုးရဖြစ်၍ လာမည့် ကာလများတွင် သတင်းလွတ်လပ်ခွင့် အပြည့်အ၀ ရှိလာမည်ဟု အကောင်း မြင်ကြောင်း၊ သို့ရာတွင် ဒီမိုကရေစီစနစ်မှန်လျှင် အစိုးရသတင်းမီဒီယာဆိုသည်မှာ မရှိသင့်ဘဲ မြန်မာ နိုင်ငံတွင် အစိုးရသတင်းမီဒီယာနှင့် ပုဂ္ဂလိက သတင်းမီဒီယားများ ခွဲခြားဆက်ဆံနေရဆဲဖြစ်ကြောင်း ပြောဆိုသည်။

“အခုဆိုရင် အစိုးရသတင်းစာတွေ အပြောင်းအလဲ လုပ်လိုက်တယ်။ အစိုးရမီဒီယာဆိုတာက ပုဂ္ဂလိကထက် အများကြီး အားသာချက်တွေရှိတယ်။ အဲဒီတော့ သူတို့မှာ အားသာ ချက်အများရှိတယ်။ ပုဂ္ဂလိက မီဒီယာတွေမှာ အစိုးရသတင်းစာတွေလောက် ဖြန့်ချိရေးအင်အား မကောင်းဘူး။ အစိုးရသတင်းစာက ဈေးကွက်ကို ဝင်ပြီး အုပ်စီး သလိုဖြစ်နေတယ်။ ဒီဟာနောက်ပိုင်းမှာ ထိခိုက်မှုတွေ အများကြီး ရှိလာမယ်။ အခုတော့ သိပ်မသိသာသေးဘူး” ဟု ကိုသီဟက ဆိုသည်။

အစိုးရမီဒီယာနှင့်ပုဂ္ဂလိက သတင်းမီဒီယာများ ခွဲခြားဆက်ဆံရသော ဖြစ်စဉ်များ အစိုးရသစ်လက်ထက် ရက်ပေါင်း ၃၀ အတွင်း မကြာခဏဆိုသလို ကြုံတွေ့နေရကြောင်း သတင်းသမားများက ဆိုကြသည်။
ဧရာဝတီတိုင်းဒေသကြီးမှ နယ်ခံသတင်းထောက်တဦးက “ ဧရာဝတီတိုင်းဝန်ကြီးချုပ် အသစ်တက်တဲ့ နေ့ကတည်းက အထွေထွေ အုပ်ချုပ်ရေးမှူးက ကျနော်တို့ကို သတင်းလိုက်ယူူတာကို မလုပ်ဖို့ တားမြစ်တာတွေရှိတယ်။ နောက်ပြီး ရန်ကုန်တိုင်းလွှတ်တော်မှာ သတင်းယူတဲ့အခါ ပုဂ္ဂလိက မီဒီယာတွေကို ဝင်ခွင့်မပေးတာတွေ ကြုံရတယ်။ ဒီအကြောင်း တွေကို ဝန်ကြီးချုပ်ကို ပြောပြတော့ သူဆောင်ရွက်ပေးပါမယ်ပြောပေမယ့် လက်ရှိအချိန်ထိ ပြေလည်တာတွေ မတွေ့ ရသေးဘူး။ အထက်နဲ့အောက် အပေးအယူ မတည့်သလို ဖြစ်နေတယ်” ဟု ပြောဆိုသည်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ အဖွဲ့ဝင် ဦးမြင့်ကျော်က အစိုးရသစ်သည် သတင်းထုတ်ပြန်ရေးအပါအဝင် သတင်း ရယူခွင့်ရှိရေး ကိစ္စများ ကိုင်တွယ်မှု အားနည်းကြောင်း ထောက်ပြ ပြောဆိုသည်။

“ လွှတ်တော်မှာ မီဒီယာတွေ ဟိုနားသတင်းမယူဖို့၊ ဒီနား မယူဖို့ ထုတ်ပြန်ချက်တွေ ရှိခဲ့တာပဲ။ ဒါတွေကို အစိုးရသစ် အနေနဲ့ တလအတွင်းမှာ ဖြေရှင်းမနိုင်သေးတဲ့ ပြဿနာလို့ပဲ ပြောလို့ရမယ်။ ဒီအစိုးရသစ် ပေါ်လာမှ ဖြစ်ပေါ်လာတဲ့ ကိစ္စမျိုး မဟုတ်ဘဲ အထွေထွေ အုပ်ချုပ်ရေးမှူးတွေနဲ့ ပတ်သက်ပြီး ဖြစ်လာတဲ့ အခြေအနေတွေလို့ ဆိုနိုင်မယ်။ နောက်ပြီး သတင်းထုတ်ပြန်ရေးအပိုင်းမှာ အစီအစဉ်မကျသေးဘူး” ဟု ဦးမြင့်ကျော်က ဆိုသည်။

အစိုးရသစ်လက်ထက် ရက်ပေါင်း ၃၀ အတွင်း မီဒီယာ လွတ်လပ်ခွင့် အခြေအနေမှာ သိသိသာသာ တိုးတက်လာမှု မရှိသေးဘဲ ကန့်သတ်မှုများရှိနေဆဲဖြစ်သည်ဟု The Voice ဂျာနယ်မှ သတင်းအယ်ဒီတာ ဦးအောင်စိုးက ပြောသည်။

“ လွွှတ်တော် ကိုယ်စားလှယ်တွေကို မီဒီယာနဲ့ မဖြေဖို့ ကန့်သတ်တာ၊ ပြည်ထောင်စု ဝန်ကြီးတွေ၊ ဒုသမ္မတလောင်း တွေ ရွေးတာ တခြားပြည်ထောင်စု အဆင့်ရွေးတုန်းက သတင်းစီးဆင်းမှုကို ကြည့်မယ်ဆိုရင် ပြည်သူက ရွေးချယ် လိုက်တဲ့ ဒီမိုကရေစီ အစိုးရ ဖြစ်နေသည့်တိုင် အစိုးရ သတင်းထုတ်ပြန်မှု၊ သတင်းမီဒီယာတွေရဲ့ သတင်းရယူမှု နေရာမှာ သိသိသာသာ တိုးတက်လာတယ် မထင်ဘူး” ဟု ဦးအောင်စိုးက ပြောသည်။
မြန်မာနိုင်ငံသည် နယ်စည်းမခြားသတင်းထောက်များအဖွဲ့၏ နိုင်ငံပေါင်း ၁၈၀ သတင်းလွတ်လပ်ခွင့်သတ်မှတ်ချက် အဆင့်အတန်းတွင် ၁၄၃ နေရာတွင်ရှိနေပြီး သတင်းလွတ်လပ်ခွင့် နည်းပါးနေဆဲဖြစ်သော နိုင်ငံများတွင် ပါဝင်နေဆဲ ဖြစ်သည်။

မေလ ၃ ရက်နေ့ကို ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ အဖြစ် ကုလသမဂ္ဂအဖွဲ့အစည်းတခု ဖြစ်သော ယူနက် စကို (UNESCO) က သတ်မှတ်ခဲ့ပြီး ၂၀၁၆ ခုနှစ် မေလ ၃ ရက်နေ့တွင်ကျရောက်သော ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့် နေ့သည် ၂၃ ကြိမ်မြောက်နေ့ရက်ဖြစ်သည်။

Your Thoughts …
Tags: Media
သူဇာ

သူဇာ

ဧရာဝတီ

Similar Picks:

ငရဲခွေးကြီး လွတ်နေပြီ၊ ဗော်လ်တဲယား နှင့် သတင်းစာဆရာ ကိုအောင်ဆန်း

ငရဲခွေးကြီး လွတ်နေပြီ၊ ဗော်လ်တဲယား နှင့် သတင်းစာဆရာ ကိုအောင်ဆန်း

by နိုင်မောင်
20 January 2015
14.2k

ကိုအောင်ဆန်းသည် ကျောင်းထုတ်ခံ၍ အယ်ဒီတာ တယောက်၊ သတင်းစာ ဆရာ တယောက် လိုက်နာအပ်သော ကျင့်ဝတ် စည်းကမ်း(The Code of Press Ethics)ကို ကျင့်သုံးသွားခြင်းပင် ဖြစ်သည်။

အမေရိကန် အကူအညီရပ်ဆိုင်းမှု လွတ်လပ်တဲ့ သတင်းမီဒီယာတွေ ထိခိုက် (ရုပ်/သံ)

အမေရိကန် အကူအညီရပ်ဆိုင်းမှု လွတ်လပ်တဲ့ သတင်းမီဒီယာတွေ ထိခိုက် (ရုပ်/သံ)

by ဧရာဝတီ
31 January 2025
124

အမေရိကန်အစိုးရက နိုင်ငံတကာကို အကူအညီပေးနေတဲ့ အစီအစဉ်တွေ ဆိုင်းငံ့လိုက်တဲ့အတွက် လွတ်လပ်တဲ့ မြန်မာသတင်းမီဒီယာတွေအပေါ် သက်ရောက်မှုရှိခဲ့ပါတယ်။ သတင်းမီဒီယာ တချို့ဟာ သတင်းထုတ်လုပ်ရေးနဲ့ သတင်းဌာန ရပ်တည်ရေးတွေအတွက်ပါ စိန်ခေါ်မှုတွေကြုံနေကြရပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပတ်သက်ပြီး မီဒီယာတွေကို ထိုင်း သတိပေး

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပတ်သက်ပြီး မီဒီယာတွေကို ထိုင်း သတိပေး

by ရန်ပိုင်
15 July 2013
11.2k

ပြည်ပြေး ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ ထိုင်း ဒု ကာကွယ်ရေး ၀န်ကြီး Yutthasak Sasiprapa တို့ ဟောင်ကောင်မှာ တိတ်တဆိတ် တွေ့ဆုံစဉ် ပြောဆိုခဲ့တဲ့ အသံဖိုင်ဟာ လူမှုကွန်ရက် Facebook ကနေတဆင့် ပျံ့နှံ့ခဲ့တာပါ။

အစိုးရ သတင်းစာ, ကြော်ငြာခ, ပုဂ္ဂလိက စာနယ်ဇင်း

အစိုးရ သတင်းစာများ ကြော်ငြာနှုန်း လျှော့ချမှု ပုဂ္ဂလိကဈေးကွက် ထိခိုက်နိုင်ဟု ဆို

by ဇူးဇူး
23 January 2015
2k

လက်ရှိ ပုဂ္ဂလိက သတင်းစာတွေရဲ့ လည်ပတ်မှုနှုန်းက ဘာကိုမှီခိုပြီး သွားရမလဲ ဆိုတော့ ကြော်ငြာကိုပဲ မှီခိုပြီး သွားရမယ်။ ကြော်ငြာရရင် အရှုံး သက်သာမယ်၊ မရှုံးဘူး။ ကြော်ငြာ မရဘူး ဆိုရင်တော့ ရှုံးမယ်၊ ရေရှည်မှာ ရပ်တည်ဖို့...

ဘရူနိုင်းဘုရင်ရဲ့ အတွင်းရေး ဩစတြေးလျ မီဒီယာ ဖွင့်ချ

ဘရူနိုင်းဘုရင်ရဲ့ အတွင်းရေး ဩစတြေးလျ မီဒီယာ ဖွင့်ချ

by ဧရာဝတီ
27 April 2015
28.2k

သြစတြေးလျရုပ်သံလိုင်းတခု ဖြစ်သည့် Nine Network ၏ “မိနစ် ၆၀ (60 Minuites)” အစီအစဉ်က သူ၏ အသုံးအဖြုံး ကြီးမားမှုကို ဖွင့်ချခဲ့သည်။

စာရေးဆရာ မင်းလူ ကွယ်လွန်

စာရေးဆရာ မင်းလူ ကွယ်လွန်

by စနေလင်း
15 August 2013
5.5k

ကဗျာကြောင့် လူ ၁ ထောင်ကျော် အဖမ်းခံ လိုက်ရသော လူဖမ်းပွဲကြီးတွင် မိမိနှင့်အတူ ဆရာ မင်းလူ၊ ကိုစိုးနိုင်တို့က ထောင် ၇ နှစ် ချခံလိုက်ကြ ရကြောင်း၊ စစ်ကြောရေး တွင်လည်း မိမိတို့က သူမရေးကြောင်း...

Next Post

နာမည်ကျော် BreadTalk Bakery ဆိုင်ခွဲများ မြန်မာနိုင်ငံတွင် ဖွင့်လှစ်မည်

အမြန်လမ်းမကြီး

ပြည်သူချစ်တဲ့ လူကြီးမင်းများ စကားပြောဆင်ခြင်ပါ

No Result
View All Result

Recommended

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

1 week ago
26.8k
တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

5 days ago
4.5k

Most Read

  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0
  • မြောင်းမြမှ ကျောင်းသူချင်း အုပ်စုဖွဲ့ အနိုင်ကျင့်မှု ပြည်သူတို့ ဝေဖန်

    shares
    Share 0 Tweet 0
  • စစ်ကိုင်း- ရွှေဘိုလမ်း တိုက်ပွဲ သံချပ်ကာကားများပါ သုံးလာ

    shares
    Share 0 Tweet 0
  • ထိုင်းဝန်ကြီးချုပ် ပေတောင်တန်ရှင်နာဝပ် ချောင်ပိတ်မိနေ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate