ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲကြောင့် ကျောက်တော်မြို့နယ် အတွင်းသို့ စစ်ဘေးရှောင် ဒုက္ခသည် များ လာရောက်ခိုလှုံလျက်ရှိပြီး ဒုက္ခသည်များအတွက် အရေးပေါ် အကူအညီများ လိုအပ် နေကြောင်း သတင်း ရရှိသည်။
စစ်ဘေးရှောင် ဒုက္ခသည်များအရေအတွက်သည် ၂၀၀ ကျော်ရှိပြီး ဒုက္ခသည်များမှာ ရက္ခိုင့်တပ်မတော် (AA) နှင့် တပ်မတော်တို့အကြား တိုက်ပွဲဖြစ်ပွားရာဒေသ တစ်ခုဖြစ်သည့်ပုဏ္ဏားကျွန်းမြို့နယ် နတ်သရွေးတောင်ကြောအနီး တွင် တည်ရှိသည့် ကျောက်ဆည်တောင် ကျေးရွာမှ ဖြစ်ကြောင်း၊ မေလ ၂ ရက်နေ့တွင် နေရပ်စွန့်ခွာပြီး
ကျောက် တော် မြို့နယ် သလူချောင်း ကျေးရွာ အုပ်စု င /စရိုင်းကိုင်းကျေးရွာသို့ လာရောက် ခိုလှုံကြခြင်းဖြစ် ကြောင်း သိရှိရသည်။
င/စရိုင်းကိုင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်အေးက “စစ်ဘေးရှောင် ရွာသားတွေက စားရေး သောက်ရေး အခက် အခဲဖြစ်လို့ လာကြာတာလို့ပြောတယ်။ သူတို့ရွာအနားမှာ တိုက်ပွဲဖြစ်တော့ ရွာသားတွေလည်း ဘယ်မှ မသွားရဲတော့ဘူး ။ စားစရာ ဆန်တွေလည်း မရှိတော့ဘူး။ ငတ်တဲ့ လူလည်း ငတ်ကြတယ်ပေါ့ ။ အခုက တော့ သူ တို့ စားရေး သောက်ရေးနဲ့ နေစရာ အခက်အခဲ ဖြစ်နေတယ်။ သူတို့ကို စာသင်ကျောင်းမှာ ထားတာ။ လူတွေ က လည်းများတော့ မနေ့ကဆို မိုးရွာနဲ့ ဟိုနေရာကို ပြေး ဒီနေရာကို ပြေး ဖြစ်နေရတယ် ” ဟု
ဧရာဝတီသို့ ပြောသည် ။
စစ်ဘေးရှောင် ဒုက္ခသည်များကမူ တိုက်ပွဲများကြောင့် ၎င်းတို့နေထိုင်ရာ ကျောက်ဆည်တောင်ကျေးရွာတွင်
ပိတ် မိပြီး အငတ်ဘေးရင်ဆိုင်ရ၍ နေရပ် စွန့်ခွာထွက်ပြေးလာရခြင်းဖြစ်ကြောင်း၊ ကျောက်ဆည်တောင် ကျေးရွာ ၏ အဓိက အသက်မွေးဝမ်းကျောင်း လုပ်ငန်းမှာ တောင်ယာလုပ်ငန်းဖြစ်သော်လည်း တိုက်ပွဲများကြောင့် တောင်ယာ လုပ်ငန်း မလုပ်ကိုင်ရဲတော့ကြဘဲ ရွာသူရွာသားများ အုပ်စုလိုက် နေရပ်စွန့်ခွာ ထွက်ပြေး ကြခြင်း ဖြစ်ကြောင်း ပြောဆိုကြသည်။
ကျောက်တော်မြို့နယ်တွင် စစ်ရှောင်ဒုက္ခသည်စခန်းများ ဖွင့်လှစ်ထားပြီး ရခိုင်တိုင်းရင်းသား အပါ အဝင် မျိုးနွယ်စု ဝင်များ ဖြစ်ကြသည့် ခမီ ၊ မြိုတိုင်းရင်းသား စုစုပေါင်း ၃၀၀ ကျော် ဝင်ရောက် ခိုလှုံလျှက် ရှိကြောင်း သိရှိရသည်။
ရက္ခိုင့်တပ်မတော် ( AA )နှင့် မြန်မာ့တပ်မတော်တို့ ဧပြီလ ၁၆ ရက်နေ့ကစတင် ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် ရသေ့ တောင်မြို့နယ် ၊ ဘူးသီးတောင်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ၊ ကျောက်တော်မြို့နယ် စသည့် မြို့နယ် ၄ မြို့နယ် အတွင်း စစ်ရှောင်ဒုက္ခသည် ၁၆၀၀ ကျော် ထိ တိုးပွားလာနေကြောင်း စစ်ရှောင်ဒုက္ခသည်များကို ကူညီ ပေး နေသော လူမှု အဖွဲ့အစည်းများထံမှ သိရသည်။