ရန်ကုန်တိုင်းဒေသကြီးတွင် လျှပ်စစ်ဓါတ်အားပေးနေမှုကို နာရီပိုင်းအလိုက် အလှည့်ကျပုံစံဖြင့်သာ ဆက်လက် ပေးဝေ သွား မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ယနေ့မေ ၃၁ ရက်နေ့ ရန်ကုန်တိုင်း လျှပ်စစ် ဓာတ်အား ပေးရေးကော်ပိုရေးရှင်းရုံးတွင် ပြုလုပ်သည့် ရှင်းလင်းပွဲတွင် ပြောဆိုလိုက်သည်။
ဦးဖြိုးမင်းသိန်းက “အခုဖြစ်ခဲ့တာတွေ လျှပ်စစ်မလုံလောက်မှု ပြဿနာမဟုတ်ဘဲ မီးပေးနေတဲ့စနစ်မှာ အားနည်း နေတဲ့ အပိုင်း တွေကို ပြန်လည်ပြုပြင်ထိန်းသိမ်းဖို့ ကာလအတွက် ဖြစ်ပါတယ်”ဟု ပြောသည်။
အယ်နီညို ရာသီဥတုကြုံတွေ့ခဲ့သည့် မတ်၊ ဧပြီ၊ မေလများတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်မီးပြတ် တောက်မှု များ ကြုံတွေခဲ့ခြင်းမှာလည်း သဘာဝဘေးအန္တရာယ်များကြောင့် အဓိက မဟာဓါတ်အားလိုင်းတွင် တပ်ဆင် ထားသည့် စက်အချို့ ပျက်စီးခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း တာဝန်ရှိသူများ က ရှင်းပြ သည်။
လက်ရှိ ရန်ကုန်တိုင်းဒေသကြီးအတွင်း သွယ်တန်းထားသည့် မြေအောက် လျှပ်စစ်ကြိုးများမှာလည်း နှစ်ကာလ ကြာမြင့်ပြီ ဖြစ်၍ ပြန်လည်ပြုပြင်ရန် လိုအပ်လျက်ရှိပြီး လျှပ်စစ်သွယ်တန်းမှုနှင့် လူတို့၏ မသမာမှုကြောင့် လျှပ်စစ် ယူနစ် ဆုံးရှုံး ရမှု များ လည်း ရှိနေကြောင်း ရန်ကုန်တိုင်းလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းထံမှ သိရှိရသည်။
ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် တနိုင်ငံလုံးသုံးစွဲမှု၏ တဝက်ခန့်ဖြစ်သော လျှပ်စစ် ၁၁၅၀ မီဂ္ဂါဝပ်ခန့်ကို အသုံးပြု လျက်ရှိပြီး တိုးချဲ့လာသည့် အဆောက်အအုံများနှင့် ရင်းနှီးမြုပ်နှံမှုများကြောင့် မဂ္ဂါဝပ် ၄၀၀ ခန့် ထပ်မံပေးနိုင်ရန် လိုအပ် ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဆိုသည်။
ယင်းသို့လိုအပ်သည့် လျှပ်စစ်ဓါတ်အား ရရှိရေးအတွက် သဘာဝဓါတ်ငွေ့ ဝယ်ယူကာ ထုတ်လုပ်ဖြန့်ဖြူး ပေးနိုင်ရန် စီစဉ်လျက်ရှိသော်လည်း ကုန်ကျစရိတ်မြင့်မားမှုအတွက် သုံးစွဲသူများနှင့် ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ် ရမည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
လက်ရှိ ရန်ကုန်လျှပ်စစ်ဓါတ်အားပေးရေး ကော်ပိုရေးရှင်း အနေဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့က ရောင်းချပေး သည့် လျှပ်စစ် တယူနစ်ကို ၅၇ ကျပ်ဖြင့် ဝယ်ယူကာ အများပြည်သူသို့ တယူနစ် ၃၅/၄၀/၅၀ ကျပ်ဖြင့် လည်း ကောင်း၊ စက်မှုလုပ်ငန်းများအား တယူနစ် ၇၅ ကျပ်မှ ၁၅၀ ကျပ်အထိ ဈေးနှုန်းများဖြင့် ဖြန့်ဖြူး ရောင်းချ ပေးလျက်ရှိကြောင်း သိရှိရသည်။