ကျားသေများတွေ့ရှိမှု အရေးယူရန် ထိုင်းအာဏာပိုင်များ လုပ်ဆောင်

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်ရှိ နာမည်ကျော် Tiger Temple (ကျားကျောင်း)အတွင်းမှ ကျားပေါက် အသေ ကောင်ရေ ၄၀ကို သိမ်းဆည်းရမိတာနဲ့ ပတ်သက်ပြီး အရေးယူမှုများ ပြုလုပ်သွားဖို့ ဆောင်ရွက်မှာဖြစ်တယ်လို့ တောရိုင်း တိရိစ္ဆာန်ကာကွယ်ထိန်းသိမ်းရေး အာဏာပိုင်များက ဆိုကြောင်း Bangkok Post သတင်းမှာ ဖော်ပြထားပါတယ်