သတင်း

ကျားသားရေ နဲ့ လုပ်ထားတဲ့ အဆောင်လက်ဖွဲ့များ Tiger Temple မှ သိမ်းဆည်းရမိပြန်

This article has been converted from Zawgyi One to Unicode

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်ရှိ နာမည်ကျော် Tiger Temple (ကျားကျောင်း)အတွင်းမှ ဘုန်းကြီးတပါးနှင့် တပည့် ၂ဦး လိုက်ပါလာသည့် ပစ်ကပ်ကားတစီးကို အာဏာပိုင်တို့က ရှာဖွေရာ ကျားသားရေဖြင့် ပတ်ကာ ထည့်သွင်း ပြုလုပ်ထားသည့် အဆောင်လက်ဖွဲ့ ၁၀၀၀ကျော်၊ ကျားစွယ် ၉ခု၊ ပုလင်းများ၌ စိမ်ထားသည့် တော ရိုင်းတိရိစ္ဆာန်များနှင့် အင်္ဂါအစိတ် အပိုင်းများ ကို ယနေ့နေ့လည်က ထပ်မံ ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ယနေ့ နေ့လည်ပိုင်းမှာ ကျောင်းထဲက မောင်းထွက်လာတဲ့ကားကို စစ်ဆေးရေးဂိတ်က တားမြစ်ကာ စစ်ဆေးခဲ့ခြင်းဖြစ်ပြီး၊ ကားထဲမှာတော့ လက်ဖွဲ့အဆောင်တွေနဲ့ ဝက်ဝံနက်နှင့် ကျားပေါက်စ အသေကောင်များ၊ ကျားသစ်၏ အင်္ဂါအစိတ်အပိုင်း များထည့် သွင်းထားတဲ့ ဖန်ပုလင်းတွေကို သိမ်းဆည်း ခဲ့တာဖြစ်ပါတယ်။

Tiger Temple
ကျားကျောင်းအတွင်းမှ သိမ်းဆည်းရမိသည့် ကျားပေါက် အသေများနှင့် တခြားသော တိရိစ္ဆာန် အစိတ်အပိုင်းများ (ဓာတ်ပုံ- Dario Pignatelli / Twitter)

ယနေ့မနက်ကလည်း ဖွက်ထားတဲ့ ခြင်္သေတကောင်နဲ့ ကျားအရေခွံတခုအပြင် တခြားသော ရှားပါး တောရိုင်း တိရိစ္ဆာန် မျိုးစိတ်တွေကိုလည်း ရှာဖွေတွေ့ရှိခဲ့ပါသေးတဲ့အပြင် မနေ့ကတော့ သေဆုံးနေတဲ့ ကျားပေါက် ကောင်ရေ ၄၀ ကျော်နှင့် တခြားသော တောရိုင်းတိရိစ္ဆာန်များ၏ ကိုယ်ခန္ဓာ အစိတ်အပိုင်းများကို သိမ်းဆည်းရမိခဲ့ပါတယ်။

Wat Pa Luangta Bua Yannasampanno ဘုန်းကြီးကျောင်းဟာ ကျားတွေကို မွေးမြူ လေ့ကျင့်ပြီး ခရီးသွားတွေကို ဆွဲဆောင်တဲ့လုပ်ငန်း လုပ်ဆောင်နေတာဟာ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ထိခိုက်စေတဲ့အပြင် တိရစ္ဆာန်အခွင့်ရေး ဆုံးရှုံးနေပြီး၊ တရားမဝင်တိရစ္ဆာန် ရောင်း ဝယ်မှုတွေ၊ ကျား အစိတ်အပိုင်းတွေကို တရားမဝင် ရောင်းဝယ်မှုတွေ ရှိနေတယ် ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်လာပြီးနောက်မှာ ထိုင်းအာဏာပိုင်တွေက ပြီးခဲ့တဲ့ မေလ ၃၀ ရက်နေ့က ကျောင်းကို ပိတ်ဆို့ကာ ကျား ၁၃၇ကောင်ကို ရပ်ချ်ဘူရီရှိ အမျိုးသား ဥယျာဉ်ကို ရွေ့ပြောင်းနေတာဖြစ်ပါတယ်။

ဆက်စပ်သတင်း

ကျားသေများတွေ့ရှိမှု အရေးယူရန် ထိုင်းအာဏာပိုင်များ လုပ်ဆောင်

Tiger Temple အတွင်းမှ ကျားပေါက်အသေများနှင့် တိရိစ္ဆာန်အစိတ်အပိုင်းများ တွေ့ရှိ

Tiger Temple က ကျားတွေ ရွေ့ပြောင်းမှု စတင်

 

Loading