သတင်းတို
ဧည့်စာရင်းတိုင်ရန်မလိုတော့ကြောင်း လွှတ်တော်အတည်ပြု
This article has been converted from Zawgyi One to Unicode
ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ၌ ဧည့်စာရင်း တိုင်ကြားရမည့်အချက်ကို ပယ်ဖျက်ကြောင်း ယနေ့တွင် (ဇွန် ၃ ရက်) ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် အတည်ပြုဆုံးဖြတ်လိုက်သည်။
အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဥပဒေပါ ဧည့်စာရင်းတိုင်ကြားခြင်းနှင့် သက်ဆိုင်သည့် အပိုဒ် ၁၂ (ခ)၊ အပိုဒ်-၁၆၊ အပိုဒ်-၂၁ တို့ကို ပြင်ဆင်ပယ်ဖျက်ရန် တင်သွင်းခဲ့ခြင်းဖြစ်ပြီး၊ တပ်မတော်သားကိုယ်စားလှယ်များက ကန့်ကွက်မှုရှိခဲ့သော်လည်း မဲခွဲဆုံးဖြတ်အတည်ပြုခြင်းဖြစ်ကြောင်း သိရသည်။