• English
Thursday, July 10, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

လူငယ်မူဝါဒ မူကြမ်း အောက်တိုဘာတွင် ထွက်ရှိရေး ကြိုးပမ်းနေ

by ဇူးဇူး
10 June 2016
in သတင်း
A A
လူငယ်မူဝါဒ မူကြမ်း အောက်တိုဘာတွင် ထွက်ရှိရေး ကြိုးပမ်းနေ

၂၀၁၄ တွင် ကျင်းပသော နိုင်ငံတကာ လူငယ်များနေ့ အခမ်းအနား (ဓာတ်ပုံ - ဂျေပိုင်/ဧရာဝတီ)

1.7k
VIEWS
Share on FacebookShare on Twitter

လူမှုဝန်ထမ်း ကယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် လူငယ်မူဝါဒ ပေါ်ထွက်လာရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပြီး ၂၀၁၆ ခုနှစ် အောက်တိုဘာလကုန်တွင် မူကြမ်းထွက်ရှိလာရေး လျာထားကြောင်း ယင်းဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ယနေ့ပြုလုပ်သည့် အမျိုးသားလွှတ်တော်တွင် ပြောကြားသည်။

တနင်္သာရီ တိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဥက္ကာမင်းက ပြည်ထောင်စု အစိုးရအနေဖြင့် လူငယ်ရေးရာ မူဝါဒတရပ် ရေးဆွဲပြဋ္ဌာန်း အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် အစီအစဉ်ရှိ၊ မရှိဟူသော မေးခွန်းနှင့် ပတ်သက်၍ အထက်ပါအတိုင်း ပြည်ထောင်စုဝန်ကြီးက ဖြေကြားခဲ့ခြင်း ဖြစ်သည်။

RelatedPosts

ချင်းတော်လှန်ရေးတပ်ဖွဲ့အချင်းချင်း ပဋိပက္ခပြင်းထန်နေ (ရုပ်/သံ)

ချင်းတော်လှန်ရေးတပ်ဖွဲ့အချင်းချင်း ပဋိပက္ခပြင်းထန်နေ (ရုပ်/သံ)

9 July 2025
44
ICRC ကိုယ်စားလှယ် မန္တလေးရောက်နေစဉ် အိုးဘိုထောင်၌ နိုင်/ကျဉ်းတဦး ထပ်မံသေဆုံး

ICRC ကိုယ်စားလှယ် မန္တလေးရောက်နေစဉ် အိုးဘိုထောင်၌ နိုင်/ကျဉ်းတဦး ထပ်မံသေဆုံး

9 July 2025
148
KNU ထိန်းချုပ်ထားသော ထီးခီးနယ်စပ်ကုန်သွယ်ရေး ထိုင်းဘက်မှ ခွင့်ပြု

KNU ထိန်းချုပ်ထားသော ထီးခီးနယ်စပ်ကုန်သွယ်ရေး ထိုင်းဘက်မှ ခွင့်ပြု

9 July 2025
147

ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက “ဝန်ကြီးဌာနရဲ့  ရက် ၁၀၀ စီမံကိန်း အစဖြစ်တဲ့ ဧပြီလ ၂၁ ရက်မှ စတင် အကောင်အထည် ဖော်လျက်ရှိပြီး မြန်မာနိုင်ငံမူဝါဒ ရေးဆွဲရေး ဗဟိုကော်မတီကို ဖွဲ့စည်းပြီး မြန်မာနိုင်ငံ လူငယ်မူဝါဒရေးဆွဲရေး လုပ်ငန်းကော်မတီနဲ့ မြန်မာနိုင်ငံ လူငယ်မူဝါဒ မူကြမ်းရေးဆွဲရေး အဖွဲ့ဟူ၍ ဖွဲ့စည်းကာ လူငယ်တွေ ကိုယ်တိုင် ပါဝင်ရေးဆွဲ နိုင်ရေးဆောင်ရွက်လျက် ရှိပါတယ်။ ၂၀၁၆ ခုနှစ် အောက်တိုဘာလကုန်မှာ မူကြမ်းထွက်ရှိရန် လျာထားကြိုးပမ်းလျက်ရှိပါကြောင်း ရှင်းလင်းတင်ပြအပ်ပါတယ်” ဟု ပြောသည်။
ဆက်လက်၍ ၎င်းက လူငယ်မူဝါဒရေးဆွဲရာတွင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန တခုတည်းသာမကဘဲ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာနတို့နှင့်လည်း ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ တတိယအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်တွေ့ဆုံပွဲသို့ ယင်းဝန်ကြီးဌာန ၃ ခုမှ ကိုယ်စားလှယ်များ တက်ရောက်မည်ဖြစ်ပြီး ယင်းဖိုရမ်မှရရှိလာသည့် အချက်အလက်များကို မူဝါဒရေးဆွဲရာတွင် ထည့်သွင်း အသုံးပြုသွားမည်ဖြစ်ကြောင်း ရှင်းပြသည်။

တတိယအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်တွေ့ဆုံပွဲ (Myanmar Youth Forum – MYF – 2016) ကို ဇွန်လ ၁၁ ရက်မှ ၁၃ ရက်အထိ စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ပြုလုပ်သွားမည်ဖြစ်ပြီး ယင်းဖိုရမ်တွင် လူငယ်နှင့် ငြိမ်းချမ်းရေး၊ လူငယ်နှင့် မူးယစ် ဆေးဝါးပြဿနာ၊ လူငယ်နှင့် သဘာ၀ ပတ်ဝန်းကျင်၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ၊ လူငယ့်ရေးရာ မူဝါဒများကို ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

“ဒီလိုမူဝါဒတွေရှိလာမှ လူငယ်တွေ ဘက်စုံဖွံ့ဖြိုးဖို့အတွက် လုပ်ဆောင်လို့ရသွားမယ်။ အားကစားပဲပြောပြော ပညာရေးပဲ ပြောပြော ကဏ္ဍအသီးသီးမှာ ခိုင်မာတဲ့ မူဝါဒတွေရှိရင် အကောင်အထည် ဖော်တဲ့အခါ အများကြီး အထောက်အကူ ပြုနိုင်ပါတယ်” ဟု လူငယ်ဖိုရမ် ဖြစ်မြောက်ရေး ညှိနှိုင်းရေးမှူး ကိုဂျိုးဇက်ဝါးက ပြောသည်။

လူငယ်ရေးရာမူဝါဒသည် လမ်းညွှန်မှု မူဘောင်တခုဖြစ်သကဲ့သို့ လူငယ်ဖွံ့ဖြိုးရေးအတွက် အစိုးရနှင့် လူငယ်အကြား ကတိကဝတ် တခုလည်း ဖြစ်ကြောင်း၊ လူငယ်၊ အစိုးရ၊ အစိုးရ မဟုတ်သည့် အဖွဲ့အစည်းများ၊ ပုဂ္ဂလိက ကဏ္ဍများအကြားတွင် သဘောတူညီသည့် ဦးတည်ချက် ပန်းတိုင်များ ပေါ်ပေါက်လာပြီး အနာဂတ် လူငယ်များအတွက် အစီအစဉ် ရေးဆွဲနိုင်သည့် နည်းလမ်းတခုအဖြစ် ပံ့ပိုးပေးနိုင်မည်ဖြစ်ကြောင်း အဆိုတင်သွင်းသူ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဥက္ကာမင်းက မှတ်ချက်ပြုသည်။

ကမ္ဘာ့နိုင်ငံပေါင်း ၁၉၈ နိုင်ငံအနက် ၁၂၂ နိုင်ငံတွင် အမျိုးသားလူငယ်ရေးရာ မူဝါဒများ ရှိကြပြီး လူငယ်ရေးရာ မူဝါဒရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းမရှိသေးသည့် နိုင်ငံ ၃၁ နိုင်ငံတွင် မြန်မာနိုင်ငံပါဝင်နေကြောင်း သိရသည်။

Your Thoughts …
ဇူးဇူး

ဇူးဇူး

ဧရာဝတီ

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
113.3k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.8k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.6k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.3k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62.2k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.5k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
လက်နက်ကိုင်

အပစ်ရပ် အဖွဲ့များနှင့် အစိုးရ နိုင်ငံရေးမူဘောင် ပြန်လည်သုံးသပ်နေ

အလှမယ် အိမ့်မျက်ခြယ်

မုန့်ကြာစိ သာကူ ရောင်းနေတဲ့ အလှမယ် အိမ့်မျက်ခြယ်နှင့် တွေ့ဆုံခြင်း

No Result
View All Result

Recommended

စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

17 hours ago
3.8k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

3 days ago
3.3k

Most Read

  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

    shares
    Share 0 Tweet 0
  • မြေရှားနဲ့ပတ်သက်ပြီး တရုတ်ခြိမ်းခြောက်မှုမရှိဟု KIA ပြော

    shares
    Share 0 Tweet 0
  • ဆေးခြောက်ကို တရားဝင်ခွင့်ပြုသည့် ထိုင်း နောက်ပြန်လှည့်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate