မြန်မာနိုင်ငံတဝန်း ရေကြီးမှုနှင့် ရာသီဥတု ဖောက်ပြန်မှုကြောင့် သေဆုံးသူ ၁၉ ဦးရှိလာကြောင်း လူမှုဝန်ထမ်း၊ ကယ် ဆယ် ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနထံမှ သိရှိရသည်။
ဇွန်လ ၁ ရက်နေ့မှစတင်၍ ဇွန်လ ၁၃ ရက်နေ့အထိ နိုင်ငံတဝန်း သေဆုံး သူ ၁၉ ဦးရှိလာခြင်းဖြစ်ပြီး ရခိုင်ပြည်နယ် တွင် ရေကြီးမှုကြောင့် လူ ၁၁ ဦး သေဆုံးခဲ့ကြောင်း၊ ပဲခူးတိုင်းဒေသကြီး နတ်တလင်းနှင့် ပေါင်းတည် မြို့တို့တွင် လေပြင်း တိုက်ခတ်မှုကြောင့် သစ်ပင်ပိသေဆုံးသူ ၂ ဦး၊ ကချင်ပြည်နယ် ဖားကန့်တွင် မြေပြိုမှုကြောင့် သေဆုံးသူ ၁ ဦး အပါအဝင် မိုးကြိုးထိမှန်မှုကြောင့် ဘားအံ၊ သေနတ်ပင်၊ ပခုက္ကူ၊ ပဲခူးနှင့် အင်္ဂပူမြို့တို့တွင် စုစုပေါင်းသေဆုံးသူ ၅ ဦးရှိခဲ့ ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးဒေါ်ဖြူလဲ့လဲ့ထွန်း က ပြောသည်။
လတ်တလောသေဆုံး သူ ၁၉ ဦးစာရင်းတွင် ဇွန်လ ၉ ရက်က စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရေကြီးမှုကြောင့် လူ ၂ ဦး သေဆုံးခဲ့သည့်စာရင်းမှာ လူကယ်/ပြန် စာရင်းတွင် မပါရှိသေးသည့်အတွက် သေဆုံးမှုအရေအတွက်မှာ ဆက်လက် မြင့်တက်ဖွယ်ရှိကြောင်း ၎င်းကဆိုသည်။
လူသေဆုံးမှုအပြင် ရေကြီးရေလျှံခြင်းနှင့် ရာသီဥတုဖောက်ပြန်မှုများကြောင့် ပျက်စီးမှု အများအပြား ကြုံတွေ့နေရ ပြီးဇွန်လ ၁၀ ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ရခိုင်ပြည်နယ်၊ တောင်ကုတ် ချောင်းရေလျှံကာ တောင်ကုတ် တမြို့နယ်လုံး ရေလွှမ်းမိုးခဲ့ကြောင်း၊ ဘူးသီးတောင်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်းနှင့် တံတားများ ပျက်စီးခဲ့ရကြောင်း သိရှိရသည်။
အလားတူ ဇွန်လ ၉ ရက်နေ့ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့နယ်ပိုင် မြေလင်း ကျေး ရွာရှိ မြေလင်း ချောင်း ရေမြင့် တက်ပြီး ရေတိုက်စားသဖြင့် မြေလင်းကျေးလက်ကျန်းမာရေးဌာန ဆိုင်း ဘုတ်နှင့် အုတ်တံ တိုင်းများ၊ မြေလင်း အခြေခံပညာ အထက်တန်းကျောင်း အုတ်တံတိုင်းများ မျောပါပြိုကျခဲ့ကြောင်း၊ ပင်လည် ဘူး မြို့သို့သွားရာ ချောင်းကမ်းပါးဘေးရှိ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်တန်းအားလုံး ရေထဲမျောပါ သွား ကြောင်း ၊ ပင်လည်ဘူး-ကောလင်း ကားလမ်းပိုင်းများ ပျက်စီးကာ တံတားတစ်စင်း ကျိုးကျခဲ့ကြောင်း၊ ပင်လည် ဘူး မြို့နယ် မြေလင်းကျေးရွာရှိ အရှည်ပေ ၃၀၀ ကျော် ခံစားချောင်းကူးတံတား ( ဒေသအခေါ် – ဦးသာအေး တံတား) ကျိုးကျ ပျက်စီးခဲ့ရကြောင်း သိရှိရသည်။