ယူရို – ၂၀၁၆ ဘောလုံးပွဲ၌ ရုရှားဘောလုံးပရိသတ်များကို ပြင်သစ်ရဲတပ်ဖွဲ့က ထိန်းသိမ်းခဲ့ခြင်းအပေါ် ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက မော်စကိုမြို့ရှိ ပြင်သစ်သံအမတ်ကြီးကို ဆင့်ခေါ်ကန့်ကွက်ခဲ့ တယ်လို့ ရုရှားသတင်းတွေမှာ ဖော်ပြထားပါတယ်။ရုရှားနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီး Jean Maurice Ripert ကို ရုရှားပရိတ်သတ်အား ခွဲခြားဆက် ဆံအရေးယူခြင်းနှင့် ပတ်သက်ပြီး ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆင့်ခေါ်ခဲခြင်းဖြစ်ပြီး၊ ပြင်သစ်ရဲ့ ရုရှားဆန်ကျင့်ရေး လုပ်ရပ်တွေကြောင့် နှစ်နိုင်ငံဆက်ဆံရေး ထိခိုက်နိုင်တယ်လို့လည်း သတိပေးခဲ့ပါတယ်။
ရုရှနဲ့ ဆလိုဗက်ကီးယား ပွဲစဉ်အတွက် မာဆေးကနေ လိုင်လီကို သွားရောက်ခဲ့တဲ့ ရုရှားပရိတ်သတ် အုပ်စုတစုကို ပြင်သစ်ရဲတပ်ဖွဲ့က ထိန်းသိမ်းပြီး ပြည်နှင်ဒဏ်ပေးခဲ့သလို UEFA ကလည်း ပြီးခဲ့တဲ့ စနေနေ့က မာဆေးမြို့မှာ ဖြစ်ပွားခဲ့ ရုရှား – အင်္ဂလန်ပွဲစဉ်မှာ နှစ်ဘက်ပရိတ်သတ်ရန်ဖြစ်မှုနဲ့ ပတ် သက်ပြီး ရုရှားအသင်းကို ထုတ်ပယ်ဖို့ ဆိုင်းငံပြစ်ဒဏ်နဲပ ယူရိုငွေ ၁သိန်း ဒဏ်ရိုက်ခဲ့ပါတယ်။
အင်္ဂလန်ဘောလုံး လူရမ်းကားတွေရဲ့ ရန်စမှုနဲ့ ပတ်သက်ပြီး ရုရှားပရိတ်သတ်ရဲ့ တုံ့ပြန်မှုအပေါ် ပြင်သစ်ရဲတပ် ဖွဲ့ရဲ့ ကိုင်တွယ်ပုံဟာ အဆင့် ၂မျိုးခွဲခြားသလိုဖြစ်နေကြောင်း ရုရှားသတင်းတွေက ဝေဖန်ပါတယ်။