သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကို လူမှုကွန်ရက် ဖေ့စ်ဘုတ်၌ ဆဲဆိုစာများနှင့် မဖွယ်မရာပုံများ ရေးသားဖော်ပြသည်ဟုဆိုကာ တရား စွဲခံနေရသည့် ဦးနေမျိုးဝေ၏ အာမခံလျှောက်ထားမှုကို ပုသိမ်ခရိုင်တရားရုံးက ယနေ့ ပယ်ချခဲ့ကြောင်း သတင်း ရရှိသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင် ဦးဝေယံအောင်က တရားလိုပြုလုပ်၍ အီလက် ထရောနစ်နှင့် ဆက်သွယ်ရေးဆိုင်ရာ ဥပဒေ ပုဒ်မ ၆၆ (ဃ)ဖြင့် တရားစွဲဆိုခြင်းခံနေသည့် ဦးနေမျိုးဝေက အချုပ်ခန်း ပြင် ပမှ အမှုရင်ဆိုင်ခွင့်ပေးရန် ကန်ကြီးထောင့် မြို့နယ်တရားရုံး၌ အာမခံလျှောက်ထားခဲ့ရာ ကန်ကြီးထောင့်တရားရုံးက ပယ် ချခဲ့သည့်အတွက် ခရိုင်တရားရုံးသို့ ဆက်လက်လျှောက်ထားခဲ့ရာ ခရိုင်တရားသူကြီး ဒေါ်မိုးမိုးအေးက ပယ်ချခဲ့ခြင်း ဖြစ် သည်။
“ဦးနေမျိုးဝေရဲ့ အာမခံလျှောက်ထားမှုကို ပုသိမ်ခရိုင်တရားသူကြီးက ပယ်ချလိုက်ပါတယ်။ သူက အသက်ရှူမဝလို့ အောက်စီဂျင်ရှူနေရတယ်၊ အစာအိမ်ရောဂါလည်းရှိတဲ့အတွက် အာမခံပေးဖို့ လျှောက်ထားပေမယ့် ထောင်ဆရာဝန် သို့မဟုတ် ဆေးရုံဆေးခန်း၊ ပြင်ပဆရာဝန်တဦးဦးရဲ့ ဆေးကုသမှုထောက်ခံစာတွေ တင်ပြနိုင်ခြင်း မရှိတာကြောင့် အာမခံကို မစဉ်းစားဘူးလို့ ရုံးတော်က ဆုံးဖြတ်ခဲ့ပါတယ်”ဟု တရားလို ဦးဝေယံအောင်၏ အကျိုးဆောင်ရှေ့နေ ဒေါ်မြင့်သိန်း က ဧရာဝတီကို ပြောသည်။
သမ္မတ ဦးထင်ကျော်၊ ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီတို့ကို ဆဲဆိုထားသည့်ပုံနှင့် စာများ လူမှုကွန်ရက်တွင် ရေးသား ဖြန့်ချိခဲ့သည်ဟုဆိုကာ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်း ရေးပါတီဥက္ကဋ္ဌ ဦးနေမျိုးဝေကို ဦးဝေယံအောင်က ကန်ကြီးထောင့် မြို့မရဲစခန်းတွင် ပြီးခဲ့သည့် မေလ ၃ ရက်နေ့က အမှုဖွင့် ခဲ့သည်။
ကန်ကြီးထောင့်ရဲတပ်ဖွဲ့က ဦးနေမျိုးဝေအား အီလက် ထရောနစ်နှင့် ဆက်သွယ်ရေးဆိုင်ရာ ဥပဒေ ပုဒ်မ ၆၆ (ဃ)ဖြင့် အမှု ဖွင့် အရေးယူကာ မေလ ၅ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး မေလ ၁၉ ရက်နေ့တွင် ကန်ကြီးထောင့်မြို့နယ်တရားရုံး၌ ရုံးတင် စစ် ဆေးခဲ့သည်။
ဦးနေမျိုးဝေအား အာမခံပေးရန် ခရိုင်တရားရုံးက ပယ်ချခဲ့သည့်ကိစ္စအား ၎င်း၏အကျိုးဆောင် ရှေ့နေလည်းဖြစ်၊ ညီမ လည်းဖြစ်သူ ဒေါ်စန္ဒာဦးအား မေးမြန်းခဲ့ရာ မည်သည့်မှတ်ချက်မှ မပေးလိုကြောင်း ဒေါ်စန္ဒာဦးက ပြောကြားသည်။
ယနေ့ တရားခွင်၌ ဦးနေမျိုးဝေကို အာမခံမပေးသည့်ကိစ္စ ဆုံးဖြတ်ခဲ့သလို တရားလို ဦးဝေယံအောင် တင်ပြသည့် သက် သေခံဓာတ်ပုံများ အယူခံတင်သည့်အမှုကိုလည်း ခရိုင်တရားသူကြီးက ပယ်ချခဲ့သည်။
ဦးနေမျိုးဝေက Facebook လူမှုကွန်ရက်၌ အကောင့် ၄ ခုဖြင့် နိုင်ငံတော်အကြီးအကဲများအား စော်ကားပြောဆိုထားသည့် ပို့စ်များကို တရားလို ဦးဝေယံအောင်က ကူးယူကာ ဓာတ်ပုံ ၁၁ ပုံ ထုတ်၍ ကန်ကြီးထောင့်မြို့နယ်တရားရုံးသို့ တင်သွင်းခဲ့ ရာ မြို့နယ်ရုံးက အဆိုပါသက်သေများကို ပယ်ချခဲ့သည့်အတွက် ပုသိမ်ခရိုင်တရားရုံးသို့ အယူခံတက်ခဲ့ရာတွင် ခရိုင်တရား သူကြီး ဒေါ်မိုးမိုးအေးက ထပ်မံပယ်ချခဲ့ခြင်း ဖြစ်သည်။
“သက်သေခံ ဓာတ်ပုံတွေကို အမှုဖွင့်စဉ် အချိန်တုန်းက ဖြစ်ဖြစ်၊ ရှာဖွေပုံစံနဲ့ သိမ်းဆည်းစဉ်က ဖြစ်ဖြစ် သက်သေအဖြစ် ပေးအပ်ခဲ့ခြင်း မရှိတဲ့အတွက်၊ နောက်မှ အပ်တဲ့အတွက်ဆိုပြီး ခရိုင်တရားသူကြီးက ပယ်ချတာပါ”ဟု ဦးဝေယံအောင်၏ ရှေ့နေ ဒေါ်မြင့်သိန်းက ပြောသည်။
ပုသိမ်ခရိုင် တရားရုံးတွင် ယနေ့ ပြုလုပ်သည့်တရားခွင်သို့ ဦးနေမျိုးဝေအား ရုံးထုတ်ခဲ့ခြင်းမရှိဘဲ နှစ်ဖက် အကျိုးဆောင် ရှေ့နေများရှေ့မှောက်၌ ခရိုင်တရားသူကြီးက အမှုကို ဆုံးဖြတ်ခဲ့သည်။ တရားခွင်သို့ ဦးနေမျိုးဝေကို ထောက်ခံသူ ၂၀ ခန့် က နေမျိုးဝေ လွတ်မြောက်ပါစေ တီရှပ်များ ဝတ်ဆင်၍ လာရောက် နားထောင်ခဲ့သည်ကို တွေ့ရသည်။ တရားခံအဖြစ် စွပ် စွဲခံနေရသည့် ဦးနေမျိုးဝေကို တရားရုံးချုပ်အမိန့်ဖြင့် ပုသိမ်ထောင်၌ ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်သည်။