သတင်း

သေနတ်ပစ်ဖောက်မှုကြောင့် လူသေဆုံးမှုဖြစ်ပွားခဲ့သည့် တပ်သားကို အမှုဖွင့်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဇွန် ၂၀ ရက်နေ့ ညပိုင်းက သေနတ်ပစ်ဖောက်ခဲ့ရာမှ လူသေဆုံးမှု ဖြစ်ပွားမှုတွင် တာဝန်ရှိသည့် တပ်သားကို မြစ်ကြီးနား အမှတ် ၁ ရဲစခန်းက လူသေစေမှု ပုဒ်မ ၃၀၄ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ပြစ်မှုကျူးလွန်သူ သေနတ်ပစ်ဖောက်ခဲ့သည့် တပ်သားမောင်မောင်မှာ ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးတပ် တပ်ရင်း ၇၂၇ မှ ဖြစ်သည်။ ၎င်းသည် အခင်းဖြစ်ပွားသည့်ညက ဗလမင်းထင်တံတားဂိတ်တွင် အဖော်တပ်သားတဦးနှင့် အတူ တာဝန်ထမ်းဆောင်နေချိန်တွင် လူငယ် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၂ ဦးက ၎င်းတို့ကို လူငယ်တစုက နှောက်ယှက်နေ၍ ရပ်ကွက်အတွင်း လိုက်ပို့ပေးရန် အကူအညီတောင်းသဖြင့် လိုက်ပို့ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ လိုက်ပို့ရင်း မြစ်ကြီးနားမြို့ သခင်နက်ဖေလမ်းနှင့် သီတာလမ်းသွယ် ၄ (ကညန လမ်း) ထောင့်အရောက်တွင် ဆိုင်ကယ်ဆီပြတ်၍ ရပ်နေစဉ် နောက်မှလိုက်လာသည့် လူငယ် ၈ ဦးက  တပ်သားမောင်မောင် အပါအဝင် ၂ ဦးကို ဝင်ရောက်ထိုးနှက်ခဲ့ကြောင်း၊ ထို့နောက် တပ်သားမောင်မောင် ကိုင်ဆောင်ထားသည့် MA 1 သေနတ်အား လုယူရာမှ ပစ်ခတ်မှုဖြစ်ခဲ့ခြင်း ဖြစ်ကြောင်း ရဲစခန်းတာဝန်ကျ အရာရှိက ဧရာဝတီသို့ပြောသည်။

အမှတ် ၁ ရဲစခန်း တာဝန်ကျအရာရှိက “တပ်သားမောင်မောင်က ဒုတပ်ကြပ်တဦးနဲ့အတူ အကူအညီတောင်းတဲ့  လူငယ်လေးဦးကို လိုက်ပို့ရင်း ဖြစ်ကြတာ။ သေနတ်လုရင်း ပစ်မိတယ် ပြောတယ်” ဟု ပြောသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် အမှတ် ၁၀၇၊ နယ်မြေ ၁၊ ကျွန်းပင်သာရပ်ကွက်တွင် နေထိုင်သူ မောင်ဂွမ်ဆိုင်းအောင်မှာ သေနတ်ကျည်ဆံ ထိမှန်ကာ သေဆုံးသွားသဖြင့် သေနတ်ပစ်ဖောက်ခဲ့သူ တပ်သားမောင်မောင်ကို ရဲစခန်းက လူသေမှုဖြင့် အမှုဖွင့်လိုက်ပြီး တပ်မတော်ဘက်သို့  ပြန်လည်လွှဲပြောင်းထားကြောင်း ရဲတပ်ဖွဲ့ထံက သိရသည်။

ဖြစ်စဉ်တွင် တပ်သားမောင်မောင်နှင့် အခြား တပ်သားတဦးလည်း မျက်နှာဖူးယောင် ဒဏ်ရာများရရှိခဲ့ပြီး သေဆုံးသူ မောင်ဂွမ်ဆိုင်းအောင်နှင့်အတူ အဖော်ပါလာသူများကိုလည်း ဖမ်းဆီးနိုင်ရန် စုံစမ်းစစ်ဆေးလျက် ရှိကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading