သတင်း

ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်အတွင်း နယ်စပ်နှင့် အလုပ်သမားရေးရာ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ထိုင်း-မြန်မာ နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော်ရေး ဆိုင်ရာ သဘောတူညီချက်၊ အလုပ်သမား အလုပ်ခန့်ထားရေး ဆိုင်ရာ သဘောတူညီချက်နှင့် အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာ တို့ကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာတို့ ရှေ့မှောက်တွင် နှစ်နိုင်ငံ အလုပ်သမားရေးရာ ဝန်ကြီးများက ယနေ့ ညနေတွင် လက်မှတ်ရေးထိုးကြသည်။

ယမန်နေ့က ထိုင်းနိုင်ငံ စမွတ်စာခွန်းခရိုင်၊ စမွတ်စာခွန်းမြို့ ထလေထိုင်းဈေး ခန်းမတွင် မြန်မာ အလုပ်သမား တချို့နှင့် တွေ့ဆုံပွဲတွင်လည်း ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်း အလုပ်လုပ်ကိုင်နေကြသည့် မြန်မာ အလုပ်သမားများ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များကို ဦးစားပေး ဆောင်ရွက်သွားမည်ဟု ကတိပေးပြောကြားထားသည်။

ထိုင်းနိုင်ငံခရီးစဉ် ဒုတိယမြောက်နေ့ ဖြစ်သည့် ယနေ့ နံနက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အဖွဲ့သည် နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ သွားရောက်ပြီး ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mr . Don Pramudwinai နှင့် တွေ့ဆုံခဲ့သည်။
ထို့နောက် တက္ကသိုလ်များမှ မြန်မာ ကျောင်းသားကျောင်သူ ၂၀ ဦး အပါအဝင် ကျောင်းသားကျောင်းသူ ၃၀၀ နှင့် တွေ့ဆုံပြီး ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန၊ Vithes Samosom ခန်းမတွင် “Myanmar, ASEAN and the World: the Way Forward” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။

ယင်းမိန့်ခွန်းတွင် ဒေသတွင်း ရှေ့ဆက်ရမည့် လုပ်ငန်းစဉ်များ အကြောင်း၊ နှစ်နိုင်ငံ ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့် ပညာရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ထည့်သွင်းပြောကြားခဲ့ကြောင်း တက်ရောက်ခဲ့သည့် ကျောင်းသားများထဲမှ မြန်မာကျောင်းသားတဦးက ပြောသည်။

“အမေစုက အာဆီယံ နိုင်ငံတွေထဲက ပြည်သူတွေ အချင်းချင်း ပူးပေါင်းဆောင်ရွက်ဖို့၊ အာဆီယံ အစိုးရ အချင်းချင်း ပူးပေါင်းဆောင်ရွက်ဖို့ ဆိုတဲ့ အကြောင်းတွေ ပြောသွားတယ်။ အစိုးရ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုက လွယ်ကူပေမယ့် ပြည်သူ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု အခြေအနေကိုတော့ အချိန်ယူရဦးမယ်လို့ ပြောသွားတယ်။ လူငယ်တွေအတွက်လည်း အာဆီယံကို ရှေ့ဆက် ထူထောင်နိုင်ဖို့ အနာဂတ် မျိုးဆက်သစ်တွေရဲ့ စွမ်းဆောင်မှုတွေ လိုတယ်လို့ ပြောသွားပါတယ်” ဟု တက်ရောက်ခွင့် ရခဲ့သည့် ရန်ဆစ် တက္ကသိုလ်မှ ကျောင်းသူ မမူစဲက ဧရာဝတီသို့ ပြောသည်။

(ဧရာဝတီ သတင်းထောက် ငြိမ်းငြိမ်း ပူးပေါင်း ရေးသားသည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading