သတင်း

မန္တလေး မင်္ဂလာဈေးသစ် ပြန်လည်တည်ဆောက်ရာတွင် မူလနေရာရရှိရေး ဆန္ဒပြ

This article has been converted from Zawgyi One to Unicode

မန္တလေးမြို့ရှိ မီးလောင်သွားသည့် မင်္ဂလာဈေးသစ်ကို အသစ်ပြန်လည်တည်ဆောက်ရာတွင် မူလနေရာနှင့်ပုံစံအတိုင်း ပြန်လည်ရရှိရေးအတွက် မြေညီထပ် ဆိုင်ခန်းပိုင်ရှင်များနှင့် ပျံကျဈေးသည် အပါအဝင် စုစုပေါင်း လူ ၂၀၀ ခန့်က ယနေ့ နေ့လည် ၁ နာရီက ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

“ဒီနေ့ မှာ ဆန္ဒထုတ်ဖော်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ ကျနော်တို့ ဈေးသူဈေးသားတွေအားလုံးရဲ့ဆိုင်ခန်းတွေကို မူလနေရာထိုင်ခင်း ပုံစံအတိုင်းပြန်လိုချင်လို့ ဆန္ဒထုတ်ဖော်တာပါ။ ဇွန်လ ၁၀ ရက်နေ့မှာ မြို့တော်ဝန်က မင်္ဂလာဈေးကို ၈ ထပ် အလုံပိတ် ဆောက်လုပ်မယ်ဆိုပြီး ပြောတယ်။ အဲဒီကိစ္စမှာလည်း ဈေးသူဈေး
သားတွေနဲ့ ညှိနှိုင်းတာမျိုးမရှိပါဘူး” ဟု ဆန္ဒပြပွဲအားဦးဆောင်သည့် ဦးကျော်ကျော်စိုးကပြော
သည်။

ဆက်လက်၍ ၎င်းက“ဈေးသူဈေးသားတွေရဲ့ဆန္ဒကိုလွန်ဆန်ပြီးတော့ မိမိရဲ့ဆန္ဒအလျောက် ဆောင်ရွက်မယ်ဆိုတဲ့ မြို့တော်ဝန်ရဲ့သဘောထားကြောင့် ဆန္ဒပြရတာပါ။ မီးလောင်ပြီး ၄ လကျော်တဲ့အထိ မီးလောင်ရမှုအကြောင်းရင်းကို မသိရသေးတာကြောင့်လည်း ပါပါတယ်”ဟု ရှင်းပြသည်။

အဆိုပါ ဆန္ဒထုတ်ဖော် ဆောင်ရွက်ရာတွင်လည်း ဈေးသူဈေးသားများက ကြွေးကြော်သံ ၆ ချက် တင်ပြတောင်းဆိုခဲ့သော်လည်း မင်္ဂလာဈေး မီးလောင်မှု ဖော်ထုတ်ပေးရေး၊ ဈေးဆိုင်ခန်းများအား မူလ
နေရာမူလ ပုံစံ ပြန်လည်ရရှိရေး၊ ဈေးသူဈေးသားများ၏ ဆန္ဒများအကောင်အထည်ဖော်ပေးရေး ၃ ချက်ကိုသာ ခွင့်ပြုခဲ့ကြောင်း သိရသည်။

ဈေးသူူဈေးသားများ၏ ဆန္ဒများကို ဆန့်ကျင်သော မြို့တော်ဝန်အား အလိုမရှိ၊ အစိုးရနှင့် ပြည်သူများအကြား ခလောက်ဆန်သော စည်ပင်ဝန်ထမ်းများအား အလိုမရှိ၊ မဲလိမ်မဲခိုးသော စည်ပင် ဝန်ထမ်းများအား အလိုမရှိ
ဆိုသည် ကြွေးကြော်သံများနှင့် လက်ကိုင်ဆိုင်းဘုတ် ၁ ခုကို ခွင့်မပြုခဲ့ကြောင်း ဆန္ဒထုတ်ဖော်သူများက ပြောသည်။

“ကျမတို့က အခုလို ဆန္ဒပြတယ်ဆိုတာက မခံမရပ်နိုင်ဖြစ်လို့ လုပ်တာပါ။ အမတို့ကလည်းဈေးသူဈေးသားတွေ အားလုံးအတွက် လုပ်တာဆိုတော့ တောင်းဆိုမှုတွေ မရမချင်း လုပ်သွားမှာပါ” ဟု ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သူ ပျံကျဈေးသည် ဒေါ်သန်းအေးက ပြောသည်။

အလုပ်သမားအရေး ကူညီဆောင်ရွက်နေသူတဦးဖြစ်သည့် ကိုအေးသိန်းက “ဈေးသူဈေးသားတွေ နစ်နာတယ် ဆိုတာသိရလို့ ဝိုင်းဝန်းကူညီတာပါ။ ဈေးသူဈေးသားတွေနဲ့အတူ တောင်းဆိုမှုတွေ မရမချင်း ဆက်လက် တိုက်ပွဲဝင်သွားမှာပါ” ဟု ပြောသည်။

၂၀၁၆ ခုနှစ် မတ်လကုန်ပိုင်းက မီးသင့်ခဲ့သည့် မင်္ဂလာဈေးကြီး ပြန်လည်ဖွင့်လှစ်နိုင်ရန် တည်ဆောက်ပြုပြင်ရေး လုပ်ဆောင်နေသည့် ကြားကာလတွင် ဈေးသူဈေးသားများယာယီဈေးဖွင့်လှစ်နိုင်ရန်အတွက် မန္တလေးမြို့ ၃၅
လမ်းနှင့် ၇၁ လမ်းထောင့်၊ မဟာအောင်မြေမြို့နယ်ရှိမဟာနွယ်စဉ်အားကစားကွင်း(ဂေါ်ရာကွင်း)အား အစားထိုး နေရာ ချပေးမည်ဟု သိရသည်။

Loading