ထိုင်းဘုရင့်ရေတပ်ရဲ့ ဘတ်သန်း ၃၆ ဘီလျံတန်ဖိုးရှိ တရုတ်လုပ် ရေငုပ်သင်္ဘော ၃စီး ဝယ်ယူရေး စီမံကိန်းနဲ့ ပတ်သက်ပြီး ဘတ်ဂျက်အခက်အခဲကြောင့့် ၁၁နှစ်အတွင်း တဖြည်းဖြည်းငွေပေးချေကာ ဝယ်ယူ သွားမယ့် အစီအစဉ်တခုကို အစိုးရသို့ တင်ပြထားကြောာင်း ရေတပ်နှင့် နီးစပ်သည့် အသိုင်း အဝန်းကို ကိုးကားပြီး Bangkok Post သတင်းကဆိုပါတယ်။
အဆိုပါ ရေငုပ်သင်္ဘော ၃စီး ဝယ်ယူရေး အစိုးရရဲ့ ဆွေးနွေးမှု အစီအစဉ်ထဲပါဖို့ စောင့်ဆိုင်းနေပြီး၊ စောစောပိုင်းက ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ပရာဝစ်ကလည်း ရေတပ်ရဲ့ အစီအစဉ်ကို ထောက်ခံတယ်လို့ ပြောဆိုမှုတွေ ရှိတာကြောင့် ရေတပ်အနေနဲ့ကတော့ ရေငုပ်သင်္ဘောဝယ် ယူရေး အစီအစဉ်ကို အစိုးရက အတည်ပြုပေးလိမ့်မယ်လို့ ယုံကြည်စိတ်ချနေပါတယ်။
ထိုင်းဘုရင့်ရေတပ် အကြီးအကဲ Na Areenij ကတော့ ရေတပ်ရဲ့ ရေငုပ်သင်္ဘောဝယ်ယူရေး စီမံကိန်း ဟာ ၂၀၁၇ ခုနှစ် ဘတ်ဂျက်မှာပါမှာ ဖြစ်ပြီး၊ တကယ်လို့ အစိုးရက ဘတ်ဂျက် ချပေးလိုက် ရင်တော့ ချက်ခြင်း ဝယ်ယူမှု စတင်မယ်လို့ ဆိုပါတယ်။
တရုတ်လုပ် Yuan အမျိုးအစား ရေငုပ်သင်္ဘော ၃စီးကို ထိုင်းဘတ်သန်း ၃၆ ဘီလျံနဲ့ ဝယ်ယူဖို့ ထိုင်းရေတပ် က မျော်လင့်ထားပေမယ့်၊ ထိုင်းလူထုကတော့ ဒီငွေကို တခြားအကျိုးရှိတဲ့နေရာမှာ သုံးဖို့ ပြောဆို ကန့်ကွက်တာကြောင့် ထိုင်းကာကွယ်ရေးဝန်ကြီးဌာနက ရေတပ်ရဲ့ အစီအစဉ်နဲ့ ပတ်သက်ပြီး ပြန်လည် ပြင်ဆင်ဖို့ ဆိုထားပါတယ်။
ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး ပရာဝစ်ကလည်း တိုင်းပြည် ကာကွယ်ရေးမှာ ရေငုပ်သင်္ဘော ဝယ်ယူဖို့ လိုအပ်တယ်ဆိုတာကို ပြည်သူလူထုကိုရှင်းပြဖို့ ရေတပ်ကို ညွှန်ကြားထားသလို ရေတပ် ဒုတိယအကြီးအကဲ Narongsak Nabangchang ကဦးဆောင် ပြီး၊ ရေငုပ်သင်္ဘောများနဲ့ ပတ်သက်လို့ လိုအပ်တဲ့ အချက်အလက်တွေ ပါဝင်တဲ့ စက္ကူဖြူ စာတန်းတစောင် ဖြန့်ဝေထားပါတယ်။
တကယ်လို့ အစိုးရက ရေငုပ်သင်္ဘောဝယ်ယူဖို့ မီးစိမ်းပြခဲ့ရင်တော့ ထိုင်းဘတ်သန်း ၁၃ ဘီလျံ တန်ဖိုး ရှိ ပထမဆုံး ရေငုပ်သင်္ဘောကို ၂၀၁၇ -၂၀၂၁ ဘဏ္ဍာနှစ်တွေမှာ ဝယ်ယူမှာဖြစ်ပြီး၊ ဒုတိယနဲ့ တတိယ မြောက် အစင်းကိုတော့ ဘတ်ဂျက်အကျပ်အတည်းကြားကနေ ၁၁နှစ်အတွင်းမှာ ငွေချေ ဝယ်ယူမယ် လို့ သိရပါတယ်။
လက်ရှိ ထိုင်းစစ်အာဏာသိမ်းအစိုးရဟာ ရေပြင်ပိုင်နက်လုံခြုံရေး အရေးကြီးကြောင်း နားလည်ပြီး၊ တကယ်လို့ ဒီအစိုးရလက်ထက်မှာ မဝယ်ဖြစ်ခဲ့ရင် နောက်အစိုးရလက်ထက်မှာ ဝယ်ယူဖို့ လုပ်သွား မယ်လို့ သိရပါတယ်။
မကြာမီ အာဆီယံ စီးပွားရေး အသိုက်အဝန်းနဲ့ မြန်မာရဲ့ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းနဲ့ အထူးစီးပွားရေးဇုန် ပရောဂျက်တွေကြောင့် ရေတပ်ရဲ့ ရေပြင်ပိုင်နက်လုံခြုံရေးတာဝန်ဟာ ပိုမိုရှုပ်ထွေး လာမှာ ဖြစ်တဲ့အတွက် အခုဝယ်ယူမယ့် ရေငုပ်သင်္ဘောတွေဟာ ဒါတွေကို အထောက်အကူပေးလိမ့် မယ်လို့ ဆိုပါတယ်