သတင်း

ဖားကန့်ရှိ မွတ်စလင် ဝတ်ပြုဆောင်ကို မီးရှို့သည်ဟု သံယသရှိသူ ၆ ဦးကို ရဲတပ်ဖွဲ့ ဖမ်းဆီး

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ကချင်ပြည်နယ်၊ ဖားကန့်ခရိုင် လုံးခင်းရွာရှိ မွတ်စလင်ဝတ်ပြုဆောင်ကို ဖျက်ဆီးခဲ့သည်ဟု သံသယရှိသူ ၆ ဦး ကို ဖမ်းဆီးကာ အရေးယူရန် စီစဉ်နေကြောင်း လုံးခင်းမြို့နယ် ရဲတပ်ဖွဲ့ထံက သိရသည်။

အဆိုပါ ဝတ်ပြုဆောင်ကို ဖျက်ဆီးသည်ဟု သံယသရှိသူ ၅ ဦးကို ဇူလိုင် ၅ ရက်နေ့က ဖမ်းဆီးခဲ့ပြီး ယနေ့ မနက်ပိုင်းတွင် ၁ ဦး ကို ရဲတပ်ဖွဲ့က ထပ်မံ ဖမ်းဆီးထားခြင်း ဖြစ်သည်။

“မနေ့က  ၅ ယောက်ကိုဖမ်းဆီးထားတာမှာ အမျိုးသမီး တဦးပါတယ်။ ဒီနေ့က ထွန်းလင်း(ခေါ်) ဂျမားလို့ခေါ်တဲ့ အမျိုးသားတယောက်ကို ထပ်ဖမ်းထားတယ်။ ဖြစ်တုန်းက ပါတဲ့သူက ၂၀၀ ကျော်လောက်လို့ ခန့်မှန်းထားတယ်။ အခုဖမ်းထားတဲ့သူတွေအားလုံးကို ဖားကန့်ရဲစခန်းမှာ ချုပ်ထားတယ်”ဟု လုံးခင်းမြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ကျ ရဲအရာရှိတဦးက ဧရာဝတီသို့ပြောသည်။

ဖမ်းဆီးထားသူ ၆ ဦးကို ဥပဒေနှင့် ဆန့်ကျင်သော အစုအဝေးတွင် ပါဝင်မှု ပုဒ်မ ၁၄၅၊ ဆူပူအောင် လှုံ့ဆော်မှု ပုဒ် ၁၁၄ တို့ဖြင့် အမှုဖွင့်ထားပြီး နောက်ထပ်ကျူးလွန်သူများကိုလည်း ဆက်လက်စုံစမ်းနေဆဲဖြစ်သည်ဟု သိရသည်။

ဇူလိုင် ၁ ရက်နေ့က အဆိုပါ ဝတ်ပြုဆောင်ကို အမည်မသိ လူအုပ်စု တစုက လာရောက် မီးရှိုှု့သွားခဲ့ခြင်းဖြစ်ပြီး ဖြစ်စဉ်တွင် လူထိခိုက်မှု မရှိကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading