သတင်း

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် မြန်မာနိုင်ငံ ၃ ရက်ကြာ လာရောက်မည်

This article has been converted from Zawgyi One to Unicode

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အကြံပေးပုဂ္ဂိုလ်ဖြစ်သည့် ခရစ္စတီး ကင်န်နီသည် မြန်မာနိုင်ငံကို ဇူလိုင် ၁၂ ရက်နေ့မှ  ၁၄ ရက်နေ့အထိ ၃ ရက်ကြာ လာရောက်လည်ပတ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးက တရားဝင် သတင်းထုတ်ပြန်သည်။

အကြံပေးပုဂ္ဂိုလ် ခရစ္စတီး ကင်န်နီသည် မြန်မာအစိုးရ အရာရှိကြီးများ၊ မြန်မာစွန့်ဦး တီထွင်သူများ၊ လူငယ် ခေါင်း ဆောင် များ၊ လူမှုရေးအဖွဲ့များနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ခရစ္စတီး၏ ခရီးစဉ်သည် မြန်မာနိုင်ငံ၏ အတက်ကြွဆုံးနှင့် စေ့ဆော်အား အကောင်းပုဂ္ဂိုလ် တဦးချင်းစီမှ တိုက်ရိုက် ကြား သိခွင့်ရှိမည့် ထူးခြားသော ခရီးစဉ်ဖြစ်ပြီး အဆိုပါပုဂ္ဂိုလ်များက ပါးလိုက်သည့် သတင်းစကားများကို ဝါရှင်တန် သို့ ပြန်လည် သယ်ဆောင်သွားမည်ဖြစ်ကြောင်း၊ မြန်မာအစိုးရသစ်နှင့် မြန်မာပြည်သူပြည်သူများအပေါ် ပေးအပ်မည့် အမေရိကန် အကူအညီများနှင့်ပတ်သက်၍ အထူးအာရုံစိုက်သွားမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံ အကြား ပူးပေါင်း ဆောင်ရွက် ရေးကိုလည်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ခရစ္စတီး ကင်န်နီသည် နိုင်ငံခြားရေးဝန်ကြီးဌာန၏ အမြင့်ဆုံးသံတမန် ရာထူး ရသူဖြစ်သည့်အပြင် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီကိုလည်း မဟာဗျူဟာရေးရာ ဆိုင်ရာများ လမ်းညွှန်နေသူဖြစ်ကြောင်း၊  အကြံပေးပုဂ္ဂိုလ် ကင်န်နီသည် ထိုင်းနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ်လည်းကောင်း၊ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ သံအမတ်ကြီး အဖြစ်လည်းကောင်း၊   အီကွေဒေါနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ်လည်း တာဝန်ထမ်းခဲ့ကြောင်း သိရှိရသည်။

Loading