အမေရိကန် သမ္မတ အိုဘားမား၏ ဒုတိယအမျိုးသား လုံခြုံရေး အကြံပေးအရာရှိ ဖြစ်သူ ဘန်ရုဒ်သည် မြန်မာနိုင်ငံသို့ ဇူလိုင်လ ၁၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ လာရောက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ယနေ့ သတင်းထုတ်ပြန်သည်။
အမေရိကန်ပြည်ထောင်စု၏ ဒုတိယအမျိုးသားလုံခြုံရေးအကြံပေး ဘန်ရုဒ် သည် မြန်မာနိုင်ငံသို့ ဇူလိုင် ၁၉ မှ ၂၀ အထိလာရောက်၍ အစိုးရတာဝန်ရှိပုဂ္ဂိုလ်များ၊ စီးပွားရေးထိပ်သီးပုဂ္ဂိုလ်များ၊ အရပ်ဘက်အဖွဲ့အစည်း ခေါင်းဆောင် များနှင့် နေပြည်တော်တွင်တွေ့ဆုံသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သမ္မတအိုဘားမား၏ အမျိုးသားလုံခြုံရေးကောင်စီအဖွဲ့ဝင်တစ်ယောက်အဖြစ် ဘန်ရုဒ် သည် သမ္မတအိုဘားမား အတွက် မဟာဗျူဟာလမ်းညွန်ချက်များကို ပံ့ပိုးပေးရသူဖြစ်ပြီး အိုဘားမား၏မဲဆွယ်ပွဲများအတွက် မိန့်ခွန်း ရေး ပေးရသူ အကြီးတန်းအရာရှိလည်း ဖြစ်ကြောင်း သိရှိရသည်။
သူ၏ခရီးစဉ်သည် အိုဘားမား အုပ်ချုပ်ရေးအဖွဲ့၏ထိပ်တန်းအရာရှိတစ်ယောက်အတွက် မြန်မာနိုင်ငံ၏အဓိက အရေး ပါသော ခေါင်းဆောင်များနှင့် တတ်သိပညာရှင်များထံမှ သတင်းစကားများကို တိုက်ရိုက် ကြားသိရမည်ဖြစ်ပြီး ယင်း အရေးကြီးသောသတင်းစကားများကို အိမ်ဖြူတော်သို့ပြန်လည်ယူဆောင်သွားမည့် အရေးကြီးသော အခွင့် အလမ်း တ ရပ်ဖြစ်ကြောင်း၊ ဒုတိယအမျိုးသားလုံခြုံရေးအကြံပေး ဘန်ရုဒ်၏ ခရီးစဉ်သည် အမေရိကန် ပြည်ထောင်စု နှင့် မြန်မာ နိုင်ငံအတွက် အစိုးရများနှင့် ပြည်သူလူထုများအကြား ဆက်ဆံရေးကို ပိုမိုအားဖြည့်ပေးရန် အတွက် အဓိက အရေးပါသော နောက်ထပ်ခြေလှမ်းလည်းဖြစ်ကြောင်း အမေရိကန်သံရုံး၏ သတင်းထုတ်ပြန်ချက် တွင် ဖော်ပြ ထား သည်။