ဂျာမနီနိုင်ငံ၌ ယနေ့နံနက်က ဖြစ်ပွားခဲ့သည့် လူပေါင်း ၂၁ဦး ဒဏ်ရာရခဲ့သော ပုဆိန်နှင့်ဓားကို အသုံးပြုကာ တိုက်ခိုက်ခဲ့သည့် ဖြစ်ရပ်မှာ ၎င်းတို့၏ လက်ချက် ဖြစ်ကြောင်း IS အကြမ်းဖက်အဖွဲ့က ထုတ်ပြန်လိုက်ကြောင်း အာရပ် သတင်းမီဒီယာက ဖော်ပြပါတယ်။
ယနေ့နံနက်စောစောက ဝုဘဂ်နှင့် အော့စင်ဖတ်မြို့အကြား ပြေးဆွဲနေသည့် ရထားပေါ်၌ အသက် ၁၇နှစ်အရွယ်ရှိ အာဖဂန်လူမျိုး ဒုက္ခသည်တဦးက ခရီးသည်များကို ပုဆိန်နှင့် ဓား အသုံးပြုကာ တိုက်ခိုက်ခဲ့သဖြင့် လူပေါင်း ၂၁ဦး ဒဏ်ရာရခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါ အာဖဂန်လူငယ်ကို ရဲက အသေပစ်ခတ်ဖမ်းဆီးခဲ့ပါတယ်။
အဆိုပါ အာဖဂန်လူငယ်နေထိုင်သည့် အခန်းမှနေ၍ IS အလံကို ရှာဖွေတွေ့ရှိကြောင်း ဂျာမန်ပြည်ထဲ ရေးဝန်ကြီး ဂျိုချင် ဟာမန်းက ပြောပါတယ်။