• English
Monday, June 23, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

၃ ပွင့်ဆိုင်ဆွေးနွေးရေးမူကို မိုင်ဂျာယန်အစည်းအဝေးတွင် သဘောတူ

by ကျော်ခ
30 July 2016
in သတင်း
A A
၃ ပွင့်ဆိုင်ဆွေးနွေးရေးမူကို မိုင်ဂျာယန်အစည်းအဝေးတွင် သဘောတူ

မိုင်ဂျာယန် အစည်းအဝေး သတင်းစာရှင်းလင်းပွဲ။(ဓာတ်ပုံ-သော်ဟိန်းထက်/ဧရာဝတီ)

3.2k
VIEWS
Share on FacebookShare on Twitter

နိုင်ငံရေး ဆွေးနွေးပွဲများအတွက် ၃ ပွင့်ဆိုင်ဆွေးနွေးရေးမူကို ကိုင်ဆွဲဆွေးနွေးရန် ကချင်ပြည်နယ်၊ မိုင်ဂျာယန်မြို့တွင် ပြုလုပ်သော တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ မျက်နှာစုံညီအစည်းအဝေး က သဘောတူ ဆုံးဖြတ်လိုက်ကြပြီဖြစ်ကြောင်း သိရှိရသည်။

၃ ပွင့်ဆိုင်ဆွေးနွေးရေး မူ ဆိုသည်မှာ အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်က တပွင့်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအားလုံးက က တပွင့်နှင့် နိုင်ငံရေးပါတီများက တပွင့် စုစုပေါင်း ၃ ပွင့်ဆိုင် ဆွေးနွေးကြခြင်းကို ဆိုလိုခြင်း ဖြစ်သည်။

RelatedPosts

အမေရိကန်ပါဝင်လာတဲ့ အစ္စရေး-အီရန် စစ်ပွဲ (ရုပ်/သံ)

အမေရိကန်ပါဝင်လာတဲ့ အစ္စရေး-အီရန် စစ်ပွဲ (ရုပ်/သံ)

22 June 2025
246
Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

22 June 2025
512
မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

21 June 2025
198

မိုင်ဂျာယန် အစည်းအဝေး စတုတ္ထမြောက်နေ့ ဇူလိုင်လ ၂၉ ရက်နေ့တွင် နိုင်ငံရေးဆွေးနွေးရေးမူဘောင် အောက်၌ ကိုယ်စား ပြုမှုနှင့် စုဖွဲ့မှုပုံစံကို ဆွေးနွေးခဲ့ ကြပြီး သုံးပွင့်ဆိုင် ကိုယ်စားပြုမှု စနစ်အပေါ်ဆက်လက် အခြေခံသွားကြရန် အစည်းအဝေး တက်ရောက်လာသည့် အပစ်မရပ် ရသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ အပစ်ရပ်ထားသော အဖွဲ့များနှင့် တက်ရောက်လာသည့် အဖွဲ့ အစည်း များက သဘောတူလိုက်ကြခြင်းဖြစ်သည်။

UNFC ဒုဥက္ကဌ နိုင်ဟံသာ က “ဒီဝိုင်းထဲမှာ တို့လက်ခံတဲ့အပိုင်းကတော့ အရင်တို့ရပ်တည်တဲ့ ပုံစံအတိုင်းပဲ ၃ပွင့်ဆိုင်ပါပဲ။ ၃ပွင့်ဆိုင်ဆိုတဲ့ အထဲမှာ အစိုးရရယ်၊ လွှတ်တော်ရယ်၊ တပ်မတော်ရယ်က တပွင့်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက တပွင့်၊ နိုင်ငံရေးပါတီတွေက တပွင့် ၃ပွင့်ကပဲ အဓိက တက်ရောက်ဖို့နဲ့ ကျန်တဲ့ အင်အားစုတွေ CBO၊ CSO တွေကတော့ သူ့သက်ဆိုင်ရာ ကဏ္ဍတွေမှာ ပါဝင်ပြီးတော့မှ ညှိနှိုင်းဆွေးနွေးသွားမယ်ဆိုတဲ့ သဘောထားမျိုးကို ချမှတ်ပါတယ်။ ဒီမှာ သဘောတူပါတယ်” ဟု ပြောသည်။

နိုင်ငံရေးဆွေးနွေးပွဲများ အတွက် ဦးသိန်းစိန် အစိုးရလက်ထက်တွင် ၇ ပွင့် အဖြစ် သတ်မှတ်ဖွဲ့စည်းခဲ့ပြီး ထိုအထဲတွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား ကိုယ်စားလှယ်နှင့် ပါဝင်သင့် ပါဝင်ထိုက်သူများ ဟု ပါဝင်သည်။

ထိုသို့ အစုအဖွဲ့ ၇ ပွင့် သတ်မှတ်မှုအပေါ် တိုင်းရင်းသား အဖွဲ့အစည်းများ ဘက်က လက်မခံနိုင်ကြောင်း ယနေ့ သတင်းစာ ရှင်းလင်းပွဲတွင် တိုင်းရင်းသားများဘက်က တရားဝင် ထုတ်ဖော်ပြောဆိုသည်။ တိုင်းရင်းသားများဘက်က ၃ ပွင့်ဆိုင်ကို ယခင်ကတည်းက တောင်းဆိုနေသော်လည်း အစိုးရဘက်ကလက်ခံထားခြင်းမရှိပေ။

အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် အဖွဲ့အစည်းများ အကြား တွင်လည်း ၇ ပွင့်ဆိုင်ကိစ္စနှင့်ပတ်သက်ပြီး ပြန်လည်သုံးသပ်သည့် အဆင့်အနေဖြင့်သာ ဆွေးနွေးထားခြင်းဖြစ်ပြီး အပြီးအပြတ် သဘောတူညီချက် ဆုံးဖြတ်ချက်ချမှတ်ထားသည့် မဟုတ်ကြောင်း NCA လက်မှတ်ရေးထိုးထားသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ဥက္ကဌ ခွန်မြင့်ထွန်း က သတင်းထောက်များကို ပြောသည်။

ခွန်မြင့်ထွန်း က “၃ပွင့်ဆိုင်ကိုတော့ ကျနော်တို့ ဘုံသဘောထားတရပ်လို့ ချမှတ်ထားတာဖြစ်ပါတယ်။ သို့သော် မိမိတို့ရဲ့ အခြေ အနေ အခင်းအကျင်းများနဲ့ အညီ သွားနိုင်အောင် ဒီအခက်အခဲတွေကို ဘယ်လိုကျော်လွှားမလဲ ဒါတွေကတော့ ကျနော်တို့ ဆက်လက်ပြီး ဆွေးနွေးရမှာဖြစ်ပါတယ်” ဟု ပြောသည်။

၃ပွင့်ဆိုင်ဆွေးနွေးရေးမူကို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစု ပင်လုံတွင် အဓိက ဆွေးနွေးသွားမည်ဖြစ်ပြီး ယင်းမတိုင်မီ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအင်အားစုများအား ဖိတ်ခေါ်ပြီး ပြုလုပ်မည့် နိုင်ငံရေးဆွေးနွေးမှု မူဘောင် ပြန်လည် သုံးသပ်မည့် အစည်းအဝေးတွင်လည်း ထပ်မံဆွေးနွေးဦးမည်ဟုသိရသည်။

Your Thoughts …
ကျော်ခ

ကျော်ခ

ဧရာဝတီ

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112.9k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.4k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.4k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.1k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.5k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
အမိန့်ရ ငြိမ်းချမ်းရေး

အမိန့်ရ ငြိမ်းချမ်းရေး

ဗလီတွေအတွက် ပြင်ပက ငွေကြေးထောက်ပံမှုတွေကို ပိတ်ပစ်ဖို့ ပြင်သစ်စီစဉ်

No Result
View All Result

Recommended

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

3 days ago
4.6k
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

5 days ago
3.2k

Most Read

  • အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် လျှောက်သောလမ်း

    အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် လျှောက်သောလမ်း

    shares
    Share 0 Tweet 0
  • အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    shares
    Share 0 Tweet 0
  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0
  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate