သတင်း

တောင်သမန်းအင်း တာရိုးပေါက်၍ အရေးပေါ်ပြောင်းရွေ့မှုများ ပြုလုပ်

This article has been converted from Zawgyi One to Unicode

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်အတွင်းရှိ တောင်သမန်အင်း တာရိုးပေါက်၍ အင်းရေထိန်းတံခါး အား ၆ လက္မခန့် ဖွင့်ထုတ်ခဲ့ရသည့်အတွက် အင်းအရှေ့ဘက်ရှိ ရပ်ကွက် ၅ ခုခန့်တွင် ရေ ၅ ပေနီးပါး မြှင့်တက်လာနိုင်ပြီး ရေနစ်မြုပ်မှုအန္တရာယ်ကြောင့် ရပ်ကွက်အတွင်းနေထိုင်သူများကို အရေးပေါ်ရွေ့ပြောင်း ကယ်ဆယ်ရေး လုပ်ဆောင်လျက်ရှိကြောင်းသိရသည်။

မန္တလေးဗဟိုမီးသတ်က တပ်ဖွဲ့ဝင် ဦးသန်းဌေးက “တာရိုးက ပေါက်သွားတာဖြစ်တဲ့အတွက် ဖွင့်မထုတ်ရင် ကျိုးမယ့် အန္တရာယ်ရှိနိုင်ပါတယ်။ အခု နံ့သာရပ်ကွက်ထဲက အိမ်ခြေ ရ၀၀ ခန့်ကို တပ်နဲ့ ဌာနဆိုင်ရာတွေ စုပေါင်းပြီး ရွေ့ပြောင်းပေးနေတယ်”ဟု ဧရာဝတီသို့ပြောသည်။

ဧရာဝတီမြစ်ရေတိုးမှု အခြေအနေနှင့်ပတ်သက်၍လည်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာနက ယနေ့နံနက် ၆ နာရီခွဲ မန္တလေးမြို့တွင် ၂၄ နာရီအတွင်း ၆ စင်တီမီတာ တိုးလာ ကြောင်းလည်း  ထုတ်ပြန်ထားသည်။

“တောင်သမန်အင်း အရှေ့ဘက်ခြမ်းက ကျိုးခြင်သလိုဖြစ်ပြီ။ အဲ့ဒါကြောင့် အင်အရှေ့ဘက်ခြမ်း ဒီနေ့ရေဖောက်ချမယ်။ အဲ့နေရာမှာနေတဲ့ နံ့သာရပ်ကွက်ကတော့ ရေဝင်မယ်။ ရေဝင်နိုင်တဲ့ရွာတချို့ကို ရွေ့ဖို့ပြောထားပါတယ်”ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက ဧရာဝတီသို့ပြောသည်။

မိုးရွားသွန်းမှုအခြေအနေနှင့် ပတ်သက်၍ မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက် ရ နာရီထုတ်ပြန်ချက်တွင် မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက် ယနေ့ညနေပိုင်း  အထိခန့်မှန်းချက်အရ ရွာရန်ရာနှုန်းပြည့်ဖြင့် မိုးအသင့်အတင့် ထစ်ချုန်းရွာနိုင်ကြောင်း ခန့်မှန်းထားသည်။

 

တောင်သမန်အင်းရေ မြှင့်တက်မှုကြောင့် ရတနာပုံတက္ကသိုလ်အတွင်း ရေများဝင်ရောက်လျက်ရှိရာ ယနေ့ သြဂုတ်လ ၁ ရက်နေ့မှစ၍ တက္ကသိုလ်ခေတ္တပိတ်ထားမည်ဖြစ်ပြီး ပြန်ဖွင့်မည့်ရက်ကို ထပ်မံကြေညာပေးမည်ဖြစ်ကြောင်းလည်း ကြေညာထားသည်။

ယခုရက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေတိုးလာရာ ဆိပ်ဖြူမြို့နယ်၊ သရက်မြို့နယ်၊ မြန်အောင်မြို့နယ်များမှ ကျေးရွာတချို့ကို ပြောင်းရွေ့ပေးနေကြောင်း အစိုးရသ တင်းကဆိုသည်။

ဧရာဝတီသတင်းထောက် ထွန်းထွန်း ပူးပေါင်းရေးသားသည်

 

Loading