မလေးရှားက ခြိမ်းခြောက်စာမှာ ဒေါ်အောင်ဆန်းစုကြည် အမည်လည်း ပါဝင်
This article has been converted from Zawgyi One to Unicode
မလေးရှား IS က ပေးပို့သည်ဟူသော ခြိမ်းခြောက်စာတွင် မလေးရှား ဝန်ကြီးချုပ်၊ ဒု-ဝန်ကြီးချုပ်၊ ရှေ့နေချုပ်၊ ရဲချုပ်နှင့် ဝန်ကြီးအများအပြားအပြင် မြန်မာနိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည်၏ အမည်လည်း ပါဝင်ကြောင်း မလေးရှားမှ ရရှိသော သတင်းများက ဆိုသည်။ မလေးရှား Nilai ရဲစခန်းမှ လက်ခံရရှိထားသော စာအိတ်ကို ယခုအခါ ရဲက မည်သူမည်ဝါ ပို့သည်ကို ဖော်ထုတ်ရန် စုံစမ်းစစ်ဆေးနေပြီ ဖြစ်သည်။ စာတွင် IS အင်အား ရ၀၀ ရှိသည်ဟု ရေးသားထားခြင်းကို မလေးရဲက ပယ်ချလိုက်ပြီး ယခု အဖြစ်အပျက်သည် IS ၏ ဩဇာ မလေးရှားတွင် ရှိနေကြောင်း ကြွားလုံးထုတ်ချင်ပုံ ပေါက်ကြောင်း ဆိုသည်။ ယင်းသို့ အလားတူ ခြိမ်းခြောက်စာ ၄ စောင်ကို Negri ရဲစခန်းက လက်ခံရခဲ့ကြောင်း မလေးရှားရဲက ဆိုပြီး ယင်းအပေါ် ပေါ့ပေါ့တန်တန် သဘောထားမည် မဟုတ်ဘဲ တရားခံကို အလေးအနက်ထား ရှာဖွေဖော်ထုတ်မည်ဟု ဆိုသည်။