• English
Thursday, July 17, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

နမ္မ ကျောက်မီးသွေးတွင်း လုံခြုံရေးတပ်က ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်ဟု

by နန်းဆိုင်နွမ်
3 August 2016
in သတင်း
A A
နမ္မ ကျောက်မီးသွေးတွင်း နေရာပြ မြေပုံ / ဧရာဝတီ

နမ္မ ကျောက်မီးသွေးတွင်း နေရာပြ မြေပုံ / ဧရာဝတီ

964
VIEWS
Share on FacebookShare on Twitter

ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ် နမ္မကျောက်မီးသွေး တူးဖော်သည့်နေရာ၌ လုံခြံုရေး ယူထားသည့် အစိုးရ တပ်မတော်က ဒေသခံကို မတရားဖမ်းဆီး သတ်ဖြတ်ခဲ့မှု ဖြစ်ပွားခဲ့သည်ဟု ရှမ်း လူ့အခွင့်အရေး မဏ္ဍိုင်၏ သြဂုတ် ၂ ရက် ထုတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် မေလ ၁၈ ရက်က နမ္မ ကျောက်မီးသွေး တူးဖော်သည့် နေရာတွင် လုံခြံုရေးယူထားသော အစိုးရ တပ်မတော်က ဒေသခံ ၂ ဦးကို သတ်ဖြတ်ခဲ့ကြောင်း၊ ရွာသား ၁၃ ဦးလည်း မတရား ဖမ်းဆီးခံရပြီး ဝမ်လုံ ကျေးရွာမှ ရွာသူကြီးတဦးလည်း ယနေ့အချိန်အထိ ပျောက်ဆုံးနေကြောင်း ရှမ်း လူ့အခွင့်အရေး မဏ္ဍိုင်မှ ပြောရေး ဆိုခွင့်ရှိသူ စိုင်းခွန်မိုင်က ဧရာဝတီကို ပြောသည်။

RelatedPosts

မြန်မာအရေး အာဆီယံ ဆောင်ရွက်ချက်တွေအပေါ်  NUG ဝေဖန် (ရုပ်/သံ)

မြန်မာအရေး အာဆီယံ ဆောင်ရွက်ချက်တွေအပေါ် NUG ဝေဖန် (ရုပ်/သံ)

17 July 2025
6
စစ်တပ် လေယာဉ်ဗုံးထုတ်လုပ်ရေး တရုတ်ပံ့ပိုး (ရုပ်/သံ)

စစ်တပ် လေယာဉ်ဗုံးထုတ်လုပ်ရေး တရုတ်ပံ့ပိုး (ရုပ်/သံ)

17 July 2025
4
ကျားဖြန့်နှိမ်နင်းရေးကြောင့် ထိုင်းပုဂ္ဂလိကဘဏ်အကောင့်များ ယာယီပိတ်ခံရ

ကျားဖြန့်နှိမ်နင်းရေးကြောင့် ထိုင်းပုဂ္ဂလိကဘဏ်အကောင့်များ ယာယီပိတ်ခံရ

17 July 2025
302

နမ္မ ကျောက်မီးသွေး တူးဖော်သည့်နေရာတွင် အစိုးရတပ်များဖြစ်သည့် လားရှိုးအခြေစိုက် (ခလရ – ၄၁) ၊ တန့်ယန်း အခြေစိုက် (ခမရ- ၅၂၃)၊ မိုင်းရယ်အခြေစိုက် (ခလရ – ၆၇) နှင့် နမ့်ပေါင့်အခြေစိုက် (ခမရ ၂၉၁) ၊ မန်ပန် ပြည်သူ့စစ် နှင့် လားဟူ ပြည်သူ့စစ်တို့ လုံခြံုရေးယူထားသည့်နေရာဟု စိုင်းခွန်မိုင်က ဆက်ပြောသည်။

“တယောက်က သူရဲ့လယ်အနီးမှာ ပစ်သတ်ခံရတယ်။ တယောက်က ကျောက်တုံးနဲ့ထုပြီး အသတ်ခံရပါတယ်။ အဖမ်းခံ ရတဲ့ ၁၃ ဦးထဲက တချို့ကတော့ အရိုက်ခံရတယ်။ တချို့ကတော့ စစ်သားတွေရဲ့ ပစ္စည်းတွေကို ထမ်းခိုင်းတယ်လို့ ဖမ်းဆီး ခံရပြီး ပြန်လွှတ်လာတဲ့ ရွာသားတွေက ပြောပြပါတယ်”ဟုလည်း စိုင်းခွန်မိုင်က ဆိုသည်။

နမ္မ ကျောက်မီးသွေး တူးဖော်သည့်နေရာတွင် လုံခြံုရေး ယူထားသည့် အစိုးရ တပ်မတော် က ဒေသခံ ၂ဦး သတ်ဖြတ်ခြင်း၊ ဖမ်းဆီး နှိပ်စက်ခြင်းနှင့်ပတ်သတ်ပြီး လက်တလော မသိရှိသေးကြောင်း၊ မကြားမိသေးကြောင်းကို တပ်မတော် ၏ ပြောရေး ဆိုခွင့် ရှိသူ ဗိုလ်ချုပ် အောင်ရဲဝင်း က ဧရာဝတီသို့ ပြောသည်။

သီပေါမြို့နယ် မဲဆန္ဒနယ်အမှတ် – ၁ ပြည်နယ်ကိုယ်စားလှယ် ဒေါ်နန်းစမ်းစမ်းအေး ကမူ နမ္မကျေးရွာ နမ္မ ကျောက်မီးသွေး တူးဖော်သည့် နေရာတွင် တပ်က ဒေသခံ ၂ ဦးကို သေနတ်နှင့် ပစ်သတ်ခြင်း၊ ရွာသား များကို အကြောင်းမဲ့ ဖမ်းဆီးခြင်းနှင့် ရွာသားတဦး ပျောက်ဆုံးနေသည့် ကိစ္စကို အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် မှ တိုင်းမှူးထံ စာတင်ထားကြောင်း ပြောပြ သည်။

“ရွာသားတွေကို ဖမ်းဆီးနှိပ်စက်တာတွေ ပြီးတော့ ဒေသခံ ၂ ဦး သတ်ခံရတာတွေကို ကျမတို့ ရှမ်းပြည်နယ် လွှတ်တော် အစည်းအဝေးမှာလည်း တင်ပြပြီးသလို အခုလာမယ့် ပြည်သူ့လွှတ်တော်မှာလည်း ဆွေးနွေးဖို့ရှိပါတယ်” ဟု ဒေါ်နန်းစမ်းစမ်းအေး က ဆိုသည်။

နမ္မသည် မြန်မာနိုင်ငံတွင် ကျောက်မီးသွေး တူးဖော်ထုတ်လုပ်ရေးအတွက် အဓိကအရေးပါသည့် နေရာတခုဖြစ်ပြီး ကျောက်မီးသွေး တူးဖော်မှုသည် ၁၉၉၀ ပြည့်နှစ်ကတည်းက စတင်တူးဖော်ခဲ့သည့် နေရာလည်း ဖြစ်သည်။

ထိုနေရာတွင် အဓိက တူးဖော်နေသည့် ကုမ္ပဏီများမှာ ငွေရည်ပုလဲ ကုမ္ပဏီ၊ AA ဘိလပ်မြေ နှင့် ကျားခေါင်း ဘိလပ်မြေ ကုမ္ပဏီတို့ဖြစ်ပြီး ငွေရည်ပုလဲ ကုမ္ပဏီက အများဆုံးတူးဖော်နေကြောင်း သိရသည်။

ရှမ်း လူ့အခွင့်အရေး မဏ္ဍိုင်မှ စိုင်းခွန်မိုင်က “ အခုလက်ရှိတော့ ဝမ်လုံနဲ့ ပိန်းဆိုင်းရွာဘက် ဧက ၃၀ ပျက်စီးနေပြီ။ ခိုနန်းဖဘက်ကို ဆက်တူးမယ်ဆိုရင် လယ်ဧက ၁၀၀ လောက် ပျက်စီးမယ်။ ပျက်စီးဆုံရှုံးသွားတဲ့ လယ်ယာမြေကို တောင်းဆိုတဲ့အခါ ကုမ္ပဏီတွေရော အစိုးရရော ဂရုမစို်က်ဘူး”ဟု ပြောဆိုသည်။

လက်ရှိတွင် ကျောက်မီးသွေး တူးဖော်မှုကြောင့် လယ်ယာမြေများ ပျက်စီဆုံးရှုံးမှု များလာခြင်း၊ လေထုရေထု ညစ်ညမ်း မှု ကြောင့် ဒေသခံများ၏ ကျန်းမာရေး ထိခိုက်လာခြင်း၊ ကျောက်မီးသွေး တူးဖော်မှု တဖြည်းဖြည်း ချဲ့ထွင်လာသည့်အတွက် လူနေအိမ်နှင့် နီးကပ်လာသဖြင့် ဒေသခံများက စိုးရိမ်နေကြသည်ဟု ရှမ်း လူူ့အခွင့်အရေး မဏ္ဍိုင် ထုတ်ပြန်ချက်တွင် ဆက် လက် ဖော်ပြထားသည်။

ကျောက်မီးသွေး တူးဖော်မှု ရပ်ဆို်င်းရန်အတွက် ဧပြီလ ၁ ရက်တွင် ရွာသားရာချီ တို့သည် နမ္မ ဘုန်းကြီးကျောင်းတွင် စုဝေးဆန္ဒပြ ကန့်ကွက်ခဲ့ကြသည်။

“အခု ၃၀ ဧက တူးတယ်။ တခြားကို ဆက်တူးဖို့ ရှိတယ်။ အခုတူးတဲ့နေရာမှာ တွင်းနက်ကြီးတွေ ဖြစ်နေတယ်။ အဲဒီလို ဖြစ် တဲ့ အတွက် အခုလိုမိုးရွာသီးမှာ တောင်ကျရေတွေ လယ်ထဲကောင်းကောင်း မစီးတော့ဘဲ တွင်းနက်ထဲပဲ ဝင်သွားတယ်။ ကျောက်မီးသွေးတူးတဲ့ဟာက ချောင်းထဲ မျောပါတဲ့အတွက် ကျန်းမာရေး ထိခိုက်ပါတယ်။ ဒါကြောင့် ရွာသားတွေ ကန့်ကွက် တာပါ” ဟု ဒေါ်နန်းစမ်းစမ်းအေး က ပြောသည်။

နမ္မ ကျောက်မီးသွေး တူးဖော်သည့် နေရာတွင် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSPP/SSA) နှင့် အစိုးရ တပ်မတော်တို့ကြား မေလဆန်းပိုင်းက တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် ဒေသခံ စစ်ဘေးရှောင် ၁၀၀၀ ကျော် လားရှှိုးမြို့ နှင့် သီးပေါမြို့သို့ ထွက်ပြေးတိမ်ရှောင်ခဲ့ရသည်။

ထိုနေရာတွင် SSPP/SSA အခြေစိုက် စခန်းလည်း ရှိသည်။

Your Thoughts …
Tags: ကျောက်မီးသွေး
နန်းဆိုင်နွမ်

နန်းဆိုင်နွမ်

Honest Information(HI)

Similar Picks:

သီပေါ၌ ကျောက်မီးသွေးတူးသည့် ကုမ္ပဏီကို သပိတ်မှောက်ရန် ရှမ်းလူ့အခွင့်အရေးအဖွဲ့ တိုက်တွန်း

သီပေါ၌ ကျောက်မီးသွေးတူးသည့် ကုမ္ပဏီကို သပိတ်မှောက်ရန် ရှမ်းလူ့အခွင့်အရေးအဖွဲ့ တိုက်တွန်း

by ဧရာဝတီ
30 November 2023
1.6k

နမ္မဒေသရှိ မြေဧက ၂၇၉၆ ဒသမ ၇၅ ဧကပေါ် ကျောက်မီးသွေးတူးဖော်ရန် စစ်ကောင်စီထံမှ ၅ နှစ် ခွင့်ပြုမိန့် ရရှိထားကြောင်းနှင့် နယ်ခံများ သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ဆက်လက်တူးဖော်မည်ဟု ဒေသခံများအားပြော

တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

by ဧရာဝတီ
18 May 2025
1.2k

ဖန်လုံအိမ် ဓာတ်ငွေ့တွေကို ကမ္ဘာမှာ အများဆုံး ထုတ်လွှတ်တဲ့ တရုတ်နိုင်ငံက ကာဗွန် ထုတ်လွှတ်မှုကို ၂၀၃၀ နောက်ပိုင်း တိုးမြှင့်မလာတော့ဖို့ စီစဉ်နေပြီး ၂၀၆၀ မှာ ကာဗွန် ကင်းစင် နိုင်ငံဖြစ်ဖို့ ရည်ရွယ် ထားတယ် လို့လည်း…

စက်ရုံတွေ လည်ပတ်ဖို့ သုံးရမယ့် ကျောက်မီးသွေးကလည်း မြန်မာနိုင်ငံက ထွက်တဲ့ ကျောက်မီးသွေးက အရည်အသွေး မမီလို့ သြစတြေးလျနိုင်ငံကနေ မှာယူတင်သွင်းရမှာ ဖြစ်တယ်

ကျောက်မီးသွေးသုံးမှ စွမ်းအင် အမြန်ထုတ်လုပ်နိုင်မှာလား

by သွေး(စစ်ကိုင်း)
21 July 2017
6.2k

လျှပ်စစ်မီး ရရှိမှ ဖွံ့ဖြိုးတိုးတက်မယ် ဆိုတဲ့ အမှန်တရားကို လက်ခံရမှာ ဖြစ်သလို သဘာဝပတ်ဝန်းကျင် မထိခိုက်တဲ့ နည်းလမ်းနဲ့ စွမ်းအင်ထုတ်လုပ်ဖို့လိုတယ် ဆိုတဲ့ အမှန်တရားကိုပါ လက်ခံရမှာ ဖြစ်ပါတယ်။

၂၀၁၉ခု အောက်တိုဘာ ၂၂ရက်က  မိုင်းခုတ်မြို့နယ် မိုင်းဖုန်း ဆရာတော် တည်ထားသော စိုင်မိန်း ဓာတ်တော် စေတီ တော်တွင် ကျောက်မီးသွေး စီမံကိန်းနှင့် ပတ်သက်၍ ဒေသခံများ ဆန့်ကျင်ကန်ကွက် ဆုတောင်းပွဲ ပြုလုပ်စဉ်( ) / စိုင်းခေးဆိုင်

မိုင်းခုတ် ကျောက်မီးသွေး စီမံကိန်း ဒေသခံများ ကန့်ကွက် ဆုတောင်းပွဲပြုလုပ်

by ဇူးဇူး
24 October 2019
26.2k

ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းခုတ်မြို့နယ်တွင်း ကျောက်မီးသွေး တူးဖော်ခြင်းနှင့် ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံ တည်ဆောက်မည့် ကိစ္စနှင့် ပတ်သက်၍ ဒေသခံများက ဆန့်ကျင် ကန့် ကွက်သည့် အနေဖြင့် ဆုတောင်းပွဲ တခု ပြုလုပ်ခဲ့ကြောင်း...

ကရင်ပြည်နယ် ဘားအံမြို့နယ်အတွင်းရှိ ဘိလပ်မြေစက်ရုံ / ဉာဏ်စိုးဝင်း / ဧရာဝတီ

ဘိလပ်မြေစက်ရုံ၌ ကျောက်မီးသွေးသုံးမည့် အစီအစဉ်ရပ်ရန် ဘားအံ ဒေသခံများတောင်းဆို

by ငြိမ်းငြိမ်း
17 November 2018
7.6k

တနေ့လျှင် ဘိလပ်မြေတန်ချိန် ၄၀၀၀ ထုတ်လုပ်နိုင်သော ထိုစက်ရုံသည် တပ်မတော်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း လက်အောက်တွင်ရှိပြီး မြိုင်ကလေးအနီး လည်ပတ်နေသည်မှာ ဆယ်စုနှစ် နှစ်စု ကြာပြီဖြစ်သည်။

ရှမ်းပြည်နယ် တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ တီကျစ် ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံ / လင်းအောင်ပြည့်

ကျောက်မီးသွေးမှ လေထုညစ်ညမ်းမှု ကျန်းမာရေးထိခိုက်မည်ကို နမ္မဒေသခံများ စိုးရိမ်နေ

by ဇူးဇူး
14 July 2017
6.1k

ကျောက်မီးသွေးအမှုန့်တွေက မိုးရွာရင် အနီးက ချောင်းထဲကိုစီးဝင်တော့ သောက်တာလည်း ဒီရေ။ စပါးခင်းထဲသွင်းတာလည်း ဒီရေပဲဆိုတော့ အနည်းနဲ့အများ ထိခိုက်တာ ပဲ။ တူးပြီးပုံထားတဲ့ မြေစာပုံကလည်း တောင်လိုအမြင့်ကြီးဆိုတော့ ပြိုကျရင် အန္တရာယ်များတယ်

Next Post
မန္တလေးတိုင်း အတွင်း ရေကြီးနစ်မြုပ်မှု မြင်ကွင်း / ဇော်ဇော် / ဧရာဝတီ

နိုင်ငံတဝန်း လူဦးရေ တသိန်းနှစ်သောင်းကျော် ရေကြီးမှုဒဏ် ခံနေရ

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော BRT ဘတ်စ်ကား တစီး / ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော BRT ဘတ်စ်ကား တစီး

ရန်ကုန် ဘတ်စ်ကားလိုင်းများ အတွက် အီလက်ထရွန်နစ် လက်မှတ်စနစ် ကျင့်သုံးမည်

No Result
View All Result

Recommended

ရန်ကုန်မှာ ရွှေကို တန်းစီ တိုးဝယ်

ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

3 days ago
3.8k
ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

1 week ago
5.8k

Most Read

  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

    shares
    Share 0 Tweet 0
  • နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

    shares
    Share 0 Tweet 0
  • နောင်ချိုကို စစ်တပ် ပြန်ရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate