• English
Monday, May 19, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

နိုင်ငံရေးမူဘောင် သုံးသပ်ရန် အပစ်မရပ်သေးသည့် အဖွဲ့များလည်း ဖိတ်ခေါ်

by ကျော်ခ
9 August 2016
in သတင်း
A A
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဇူလိုင်လ ၁၈ ရက်နေ့က စ၍ တွေ့ဆုံ ဆွေးနွေးနေကြသည့် အပစ်ရပ် ၈ ဖွဲ့ / ဧရာဝတီ

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဇူလိုင်လ ၁၈ ရက်နေ့က စ၍ တွေ့ဆုံ ဆွေးနွေးနေကြသည့် အပစ်ရပ် ၈ ဖွဲ့ / ဧရာဝတီ

588
VIEWS
Share on FacebookShare on Twitter

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ အကြား နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင် (မူကြမ်း) သုံးသပ်ခြင်း အစည်းအဝေးကို ယခုလ ၁၂ ရက် နေ့တွင် ပြုလုပ်မည်ဖြစ်ပြီး ထိုအစည်းအဝေးသို့ အပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုးရသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကိုလည်း အစိုးရက ဖိတ်ခေါ်လိုက်သည်။

အဆိုပါ အစည်းအဝေးကို ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ရုံးတွင် ပြုလုပ်မည်ဖြစ်ပြီး အစိုးရနှင့် အပစ်ရပ်ထားသော အဖွဲ့များအပြင် အပစ်မရပ်ရသေးသော အဖွဲ့များ အားလုံးကိုလည်း ဖိတ်ခေါ်ထားကြောင်း သိရသည်။

RelatedPosts

အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

19 May 2025
652
တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

19 May 2025
536
ငလျင်ကြား နှစ်ထပ်ကွမ်း ဒုက္ခရောက်ကြသည့် မြန်မာကျောင်းသားများ

ငလျင်ကြား နှစ်ထပ်ကွမ်း ဒုက္ခရောက်ကြသည့် မြန်မာကျောင်းသားများ

19 May 2025
160

“ကျနော်တို့ ဆွေးနွေးတာက Framework ကို Review လုပ်တာ၊ ဒီ Review လုပ်တဲ့အခါမှာ အားလုံးကတော့ ကိုယ့်ရဲ့ သဘောထားတွေ ပေးကြမှာပါဘဲ၊ ပေးတဲ့အခါမှာ လက်မှတ်ထိုးတဲ့သူနဲ့ မထိုးတဲ့သူနဲ့ ခွဲခြားပြီးတော့ Framework Review မှာတော့ မရှိဘူးဗျ။ ဒါပေမယ့် UPDJC လယ်ဗယ်မှာကျတော့ ဒုတိယအပိုင်းပေါ့။ Framework အထိကတော့ ဘာပြဿနာမှ မရှိပါဘူး” ဟု ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစု ပင်လုံ အကြိုပြင်ဆင်ရေး ကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေက ဧရာဝတီသို့ ပြောသည်။

အပစ်မရပ်သေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ အပစ်ရပ်ထားသော အဖွဲ့များနှင့် အစိုးရတို့အကြား သြဂုတ်လ ၁၂ ရက်နေ့တွင် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် (မူကြမ်း) ကို ပြန်လည်သုံးသပ်ခြင်း ပြုလုပ်သွားမည် ဖြစ်ပြီး ထိုအစည်းအဝေးအတွက် အဖွဲ့တဖွဲ့လျှင် ကိုယ်စားလှယ် ၂ ဦးနှုန်း ဖိတ်ကြားထားသည်ဟု သိရသည်။

ထို့အတူ သြဂုတ်လ ၁၃ ရက်နေ့တွင်လည်း အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ အကြား မူဘောင် (မူကြမ်း) ကို ပြင်ဆင်ပြုစုသည့် အစည်းအဝေးကို တဆက်တည်း ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ထိုအစည်းအဝေးမှ မူဘောင် (မူကြမ်း) အား ပြန်လည်သုံးသပ်ခြင်း၊ ပြင်ဆင်ပြုစုခြင်းများကို အစိုးရက ယခုလ ၃၁ ရက်နေ့ ပြုလုပ်မည်ဟု ကြေညာထားသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစု ပင်လုံ မတိုင်မီ ယခု လလယ်ပိုင်းတွင် ပြုလုပ်မည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးတွင် အတည်ပြုဆွေးနွေးမည်ဟု သိရသည်။

နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို ယခင်အစိုးရလက်ထက်တွင် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် (NCA) ကို လက်မှတ်ထိုးထားသော ၈ ဖွဲ့၊ အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် နိုင်ငံရေးပါတီများ ပါဝင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) က ရေးဆွဲ ချမှတ်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံရေး ဆွေးနွေးမှု ဆိုင်ရာ မူဘောင် (Framework for Political Dialogue) ကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဖိတ်ခေါ်ထားသည့် “ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစု ပင်လုံ” မတိုင်ခင် အစိုးရနှင့် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့များကြား ပြင်ဆင်ထားကြရမည် ဖြစ်သည်။

ယင်းအစည်းအဝေးမတိုင်မီ သြဂုတ်လ ၁၁ ရက်နေ့တွင် NRPC ရုံးတွင် အစိုးရ၊ တပ်မတော်၊ လွှတ်တော်နှင့် နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ၊ အပစ်ရပ်လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့မှ ကိုယ်စားလှယ်များ ပါဝင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးပြုလုပ်သွားမည်ဟုလည်းသိရသည်။

ထို့အတူ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ မတိုင်မှီ နိုင်ငံရေးဆွေးနွေးပွဲမူဘောင် သုံးသပ်ရေးနှင့် စပ်လျဉ်းပြီး ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ (UNFC) ၏ နိုင်ငံရေးဆိုင်ရာ တွေ့ဆုံညှိနှိုင်းရေးအဖွဲ့ DPN နှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်လက်မှတ်ရေးထိုးထားသော လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့၏ Coordination Team ခေါင်းဆောင်များ သြဂုတ်လ ၉-၁၀ ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဆွေးနွေးနေကြသည်။

NRPC ရုံးတွင် ယခုလ ၁၂ ရက်နေ့ ၁၃ ရက်နေ့များတွင်ပြုလုပ်မည့် အစည်းအဝေးသို့ တက်ရောက်ရန် အစိုးရနှင့် အပစ်ရပ် ထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့ အပြင် UNFC တပ်ပေါင်းစု အဖွဲ့ဝင်များနှင့် ‘ဝ’ ပြည်သွေးစည်း ညီညွှတ်ရေး တပ်မတာ် (UWSA)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် – မိုင်းလားအဖွဲ့ (NDAA) နှင့် နာဂ အမျိုးသားဆိုရှယ်လစ်ကောင်စီ – ကပ်ပလန် (NSCN-K) ကိုဖိတ်ခေါ်ထားကြောင်းသိရသည်။

ထို့အပြင် ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) နှင့် ရက္ခိုင့်တပ်မတော် (AA) တို့ကိုလည်း ဆွေးနွေးပွဲတက်နိုင်ရန် ဖိတ်ခေါ်သွားမည်ဟု သိရသည်။

Your Thoughts …
Tags: လက်နက်ကိုင်များ
ကျော်ခ

ကျော်ခ

ဧရာဝတီ

Similar Picks:

ဟုမ္မလင်းမြို့နယ်၊ အော်သော်ကျေးရွာအနီး သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည့် သားဖြစ်သူ ကိုထောင်းရာဂင်နှင့် ဖခင် ဦးထန်ခင်းမာန်   / ဧရာဝတီ

ဟုမ္မလင်းတွင် လက်နက်ကိုင်များက ပစ်ခတ်သဖြင့် အရပ်သားတဦးသေဆုံး

by ဆလိုင်းသန့်စင်
23 May 2020
13.7k

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် အရပ်ဝတ်လက်နက်ကိုင် ၅ ဦးက ယနေ့ နံနက်ပိုင်းတွင် သေနတ်ဖြင့် ပစ်ခတ်သည့်အတွက် အသက် ၁၇ နှစ်အရွယ် ဒေသခံ ကူကီးတိုင်းရင်းသား လူငယ်တဦး သေဆုံးကာ လူတဦး ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။

Next Post
ပြေးစရာမြေမရှိ

ပြေးစရာမြေမရှိ

ရှေ့တန်း စစ်မျက်နှာမှ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) စစ်သားတဦး / ဧရာဝတီ

KIA ထောင်ထားသည့် မိုင်းကြောင့် တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်တချို့ သေဆုံး ဒဏ်ရာရ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.3k
“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

6 days ago
2.8k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

    shares
    Share 0 Tweet 0
  • အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0
  • တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate