မန္တလေးတိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးမှုဦးစီးဌာနမှ ယခုဘဏ္ဍာနှစ်အတွင်း တည်ဆောက်ပေးသွားမည့် လေးခန်းတွဲ လေးထပ်နှင့် လေးခန်းတွဲ သုံးထပ် ဝန်ထမ်းအိမ်ရာ ၃၄လုံး၊ အခန်းပေါင်း ၄၂၈ခန်း တည်ဆောက်ပြီးစီးသွားပါက ဆရာ၊ ဆ ရာမများအား ၅၀ ရာခိုင်နှုန်းအထိ ဦးစားပေး နေရာချထားပေးသွားမည်ဟု မန္တလေးတိုင်းဒေသကြီးအစိုးရ လျှပ်စစ်၊ စွမ်းအင် နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနဝန်ကြီး ဦးဇာနည်အောင်က ပြောသည်။
“အခုဆောက်နေတဲ့ အခန်းတွေရဲ့ ၅၀ ရာခိုင်နှုန်းကို မူလတန်းကနေ အထက်တန်းအထိ သင်ကြားပေးနေတဲ့ ဆရာ၊ ဆရာ မများအတွက် ပေးသွားပါမယ်၊ ဘာကြောင့်လဲဆိုရင် မြို့နယ်တခုမှာ ကြည့်လိုက်ရင် ပညာရေးဝန်ထမ်းတွေ က အများဆုံး ပဲ။ သူတို့ကို နေစရာ လုံလုံလောက်လောက် မပေးနိုင်သေးပါဘူး၊ ဒါကြောင့် ၅၀ ရာခိုင်နှုန်းကို ဆရာ၊ ဆရာမများကို ပေး တာပါ”ဟု ဝန်ကြီး ဦးဇာနည်အောင်က ပြောသည်။
အဆိုပါအိမ်ရာများကို တည်ဆောက်ပေးခြင်းသည် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် တာဝန်ထမ်း ဆောင်နေကြသည့် ဝန်ထမ်းများ နေထိုင်နိုင်စေရန်အတွက် ငွေကျပ် သိန်း ၆၇၈၆၀ အကုန်အကျခံ တည်ဆောက်ပေးသွား မည်ဖြစ်ပြီး ထွက်လာသည့် အခန်းများကို ဝန်ထမ်းများအား ချထားပေးရာတွင် မူဝါဒများချမှတ်၍ စနစ်တကျဖြင့် ဖြစ်သင့် ဖြစ်ထိုက်သည်ကိုသာ လုပ်ဆောင်ပေးသွားမည်ဟု သိရသည်။
“တည်ဆောက်ရေးအပိုင်းတွေ စနိုင်ဖို့အတွက် ဇွန်လ ၁ရက်နေ့ကစပြီး တင်ဒါတွေ လက်ခံခဲ့တယ်၊ တင်ဒါမှာပါတဲ့ သတ် မှတ်စည်းကမ်းတွေနဲ့ပြည့်စုံတဲ့ လုပ်ငန်းရှင်တွေကို ရွေးချယ်ပြီး ဆောက်လုပ်ခိုင်းတယ်၊ အဆင့်အတန်းလည်းမီ လုပ်ငန်းရှင် တွေလည်း လုပ်ပျော်မယ့် အခြေအနေတခုကို လုပ်ဆောင်ပေးသွားမှာပါ၊ အရည်အသွေး ကောင်းမွန်ခိုင်ခန့်တဲ့ အဆောက် အအုံတွေဖြစ်ဖို့ သတ်မှတ်ချက်တွေနဲ့အတူ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သွားမှာပါ”ဟု မန္တလေးတိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦးက ပြောသည်။
ယခုအခါ မန္တလေးတိုင်းဒေသကြီးအတွင်း တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းစုစုပေါင်း၏ ၅ ရာခိုင်နှုန်းခန့်ကိုသာ အိမ် ရာများချထားပေးနိုင်သေးသဖြင့် ဝန်ထမ်းတိုင်း အိမ်ရာနေထိုင်ခွင့်ရရှိရန် ကြိုးစားဆောင်ရွက်လျက်ရှိပြီး အမှန်တကယ် လို အပ်သူများသာ နေထိုင်ခွင့်ရရှိစေရန် လုပ်ဆောင်ပေးသွားမည်ဟု သိရသည်။
“အခုဆောက်နေတဲ့ ဝန်ထမ်းအိမ်ရာတွေ ချထားပေးတဲ့အခါမှာ လစာနည်းဝန်ထမ်းကို ဦးစားပေးမယ်၊ လစာချင်းတူရင် လုပ်သက်များသူကို ဦးစားပေးမယ်၊ လုပ်သက်ချင်းတူနေရင် အိမ်ထောင်ဖက်ပါ ဝန်ထမ်းဖြစ်နေသူကို ဦးစားပေးရွေးချယ် မှာဖြစ်ပါတယ်”ဟု ဝန်ကြီးဦးဇာနည်အောင်က ဆက်လက်ပြောသည်။
ဘဏ္ဍာရေးနှစ်အလိုက် ရရှိသည့် ဘတ်ဂျက်ဖြင့် တည်ဆောက်လျက်ရှိသည့် ဝန်ထမ်းအိမ်ရာများကို တာဝန်ထမ်းဆောင် နေသည့် မြို့နယ်များတွင် အိမ်(သို့) မြေပိုင်ဆိုင်မှု ရှိသူများနှင့် အိုးအိမ်ဦးစီးဌာန၏ စည်းမျဉ်းစည်းကမ်းဖောက်ဖျက်ထားသူ ဝန်ထမ်းများ လျှောက်ထားခွင့်မရှိကြောင်း၊ ဝန်ထမ်းအိမ်ရာလျှောက်ထားရာတွင် ဝန်ထမ်းဖြစ်ကြောင်း မိမိတာဝန်ထမ်း ဆောင်နေသည့်ဌာန၏ အကြီးအကဲ၊ မြို့နယ်အဆင့်ထောက်ခံချက်တခုသာ လိုအပ်ကြောင်း သိရသည်။
ယခုတည်ဆောက်မည့် ဝန်ထမ်းအိမ်ရာများကို မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြိ်ု့နယ် ၂၈မြို့နယ်မှ အောင်မြေသာစံမြို့ နယ်တွင် လေးခန်းတွဲလေးထပ် သုံးလုံး၊ ချမ်းမြသာစည်မြို့နယ်တွင် လေးခန်းတွဲလေးထပ် တလုံး၊ ကျေက်ဆည်မြို့နယ် တွင် လေးခန်းတွဲသုံးထပ် လေးလုံး၊ မြင်းခြံမြို့နယ်တွင် လေးခန်းတွဲလေးထပ် တလုံးနှင့် လေးခန်းတွဲသုံးထပ် တလုံး၊ တောင်သာမြို့နယ်တွင် လေးခန်းတွဲ သုံးထပ် နှစ်လုံး၊ မိတ္ထီလာမြို့နယ်တွင် လေးခန်းတွဲသုံးထပ် နှစ်လုံး၊ ဝမ်းတွင်းမြို့နယ် တွင် လေးခန်းတွဲသုံးထပ် နှစ်လုံး၊ မလှိုင်မြို့နယ်တွင် လေးခန်းတွဲသုံးထပ် နှစ်လုံး၊ သာစည်မြို့နယ်တွင် လေးခန်းတွဲသုံး ထပ် နှစ်လုံး၊ ရမည်းသင်းမြို့နယ်တွင် လေးခန်းတွဲသုံးထပ် သုံးလုံး၊ ကျောက်ပန်းတောင်မြို့နယ်တွင် လေးခန်းတွဲသုံးထပ် နှစ်လုံး၊ ပြင်ဦးလွင်မြို့နယ်တွင် လေးခန်းတွဲသုံးထပ် သုံးလုံး၊ မိုးကုတ်မြို့နယ်တွင် လေးခန်းတွဲသုံးထပ် နှစ်လုံး၊ သပိတ်ကျင်း မြို့နယ်တွင် လေးခန်းတွဲသုံးထပ် နှစ်လုံးတို့ ဖြစ်ကြောင်း သိရသည်။